Blog

ဟာချိကို (Hachiko)

တိုကျိုတက္ကသိုလ် ပါမောက္ခ အုအဲနိုအဲအိဇာဘုရိုရဲ့ အချစ်တော်ခွေးလေးဖြစ်ပြီး ရှိဘုယဘူတာကို ‌နေ့တိုင်းသွားစောင့်ကြိုခဲ့ပါတယ်။ သခင်သေဆုံးပြီးတဲ့နောက်မှာလဲ ဘူတာမှာ ပြန်မလာနိုင်တဲ့ သခင်ကို ဆက်စောင့်နေတယ်ဆိုတဲ့ ဟာချိကို ခွေးလေးကို အစွဲပြုပြီး ကြေးရုပ်ထုပြုလုပ်ခဲ့တာဖြစ်တယ်။

ဂင်းဇ (Ginza)

အဆင့်မြင့်နာမည်ကြီးတံဆိပ်ဆိုင်တွေ တန်းစီရှိပြီး ခေတ်ဟောင်းစားသောက်ဆိုင်များ၊ Kabuki ပြဇာတ်ရုံစတဲ့ ရိုးရာယဉ်ကျေးမှုတွေ ရှင်သန်နေတဲ့ကြားမှာ ZARA နဲ့ Uniqlo စတဲ့ စျေးသက်သာတဲ့ လူငယ် ဖန်စီအသုံးအဆောင်တွေလည်း တစ်ချိန်တည်းမှာ ရနိုင်တဲ့နေရာဖြစ်ပါတယ်။

ကြက်ဥခေါက်ကြော်နဲ့ထမင်း (Omurice)

အုံးမုရိုက်စု ဆိုတာ ဂျပန်မှာ ထွင်လိုက်တဲ့ ဟင်းလျာပါ။ ပြင်သစ်မှာ စပေါ်ခဲ့တဲ့ အုံးမလက် ကြက်ဥခေါက်ကြော်နဲ့ ဂျပန်ကထွင်ထားတဲ့ အနောက်တိုင်းဟင်းလျာဖြစ်တဲ့ ကြက်သားထမင်းကို ပေါင်းစပ်ထားတာပါ။

မာကိဇူရှီ (Makizushi)

တူနာငါးသေတ္တာ၊ ဟင်းသီးဟင်းရွက်နဲ့ ကြက်ဥစတဲ့ လွယ်လွယ်ရနိုင်တဲ့ အစာတွေကို သုံးထားတဲ့ ဆူရှီလိပ် လုပ်နည်းကို မိတ်ဆက်ပေးပါမယ်။

ဂျပန်ဟော့ပေါ့ (Tara-Chiri )

Chiri ဟော့ပေါ့ဆိုတာကတော့ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ ပဲပြား စတာတွေကို ရေနဲ့ပြုတ်ပြီး ရှောက်/သံပရာ အရည် သုံးထားတဲ့ ponzu လို့ခေါ်တဲ့ ချိုချိုချဥ်ချဥ် ရှာလကာရည်နဲ့ တို့စားတဲ့ ဟော့ပေါ့ဖြစ်ပါတယ်။

Miso ပဲဟင်းချို

ဟင်းချက်နည်းမှာတော့ honbushi လို့ခေါ်တဲ့ bonito ငါးခြောက်ကနေ ငါးအသားလွှာကို ခြစ်ယူပြီး ငါးအချိုရည် အရသာနဲ့ ချက်ထားပါတယ်။

Takoyaki မုန့်လုံးကို ဒယ်အိုးနဲ့လုပ်ကြမယ်

ဒီမုန့်ကို ပုံမှန်အားဖြင့်တော့ မုန့်လင်မယားလုပ်တဲ့ သံထည်အိုးပြားနဲ့ဆင်တဲ့ စက်ဝိုင်းခြမ်းပုံခွက်ကလေးတွေ တန်းစီပါတဲ့ သံထည်အိုးပြားနဲ့ လုပ်ရပါတယ်။

ဂျပန်ရိုးရာ စတော်ဘယ်ရီ ကောက်ညှင်းမုန့်လုံး (Ichigo Daifuku)

Ichigo Daifuku ဆိုတာကတော့ ကောက်ညှင်းလုံးထဲမှာ ပဲချိုအနှစ်နဲ့ စတော်ဘယ်ရီတစ်လုံးကို ထာပနာထားတဲ့ ဂျပန်ရိုးရာ ချစ်စဖွယ် မုန့်လုံးဖြစ်ပါတယ်။

ပဲကောက်ညှင်းပေါင်း (Sekihan)

Sekihan ဆိုတာကတော့ အနီရောင်ထမင်းလို့ အဓိပ္ပါယ်ရပါတယ်။ ပဲလွမ်း(azuki) ပဲကို ပြုတ်ပြီးရတဲ့ အနီရောင်အရည်နဲ့ ကောက်ညှင်းကို အရောင်ဆိုးပြီး အဲဒီ ပဲလွမ်းနဲ့ ကောက်ညှင်းပေါင်းမှာ ဖြစ်ပါတယ်။

ခါရေးအုဒုန်းခေါက်ဆွဲ (Curry Udon)

ခါရေးအုဒုန်း (Curry Udon) ဆိုတာက ခါရေး (Curry) ဟင်းအနံ့အရသာထည့်ထားတဲ့ အုဒုန်းခေါက်ဆွဲ ပါ။

အုမာမိ အရသာပါပြီးသား ခါရေးအနှစ် ကိုသုံးပြီး ချက်ပြုတ်ပါမယ်။