fbpx

အရေးပေါ်အချိန်နှင့် ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် လုပ်ဆောင်ရန်

ဖျားနာခြင်းနှင့် ဘေးအန္တရာယ်။ အရေးပေါ် SOS ဖြစ်ပွားချိန် မည်သို့လုပ်ဆောင်ရမည်နည်းဟူ၍ စိတ်ပူနေမည်ဟုထင်ပါသည်။

ဤဆောင်းပါးတွင် အရေးပေါ်အချိန်နှင့် ဘေးအန္တရာယ်ဖြစ်ပွားချိန် ဆက်သွယ်ရမည့်လိပ်စာနှင့် လုပ်ဆောင်နည်းများကို မိတ်ဆက်ပေးပါမည်။


အရေးပေါ်ဆက်သွယ်ရန်လိပ်စာ (ဖုန်း)

●ရုတ်တရတ်နာမကျန်းဖြစ်ခြင်းနှင့် ဒဏ်ရာအကြီးအကျယ်ရခြင်း→119

ရုတ်တရတ်နာမကျန်းဖြစ်ခြင်း၊ ဒဏ်ရာအကြီးအကျယ်ရခြင်းနှင့် မီးလောင်ချိန်တို့တွင် နံပါတ် 119 (မီးသတ်ဌာန) သို့ ဆက်သွယ်ပြီး အောက်ပါအကြောင်းအရာကို ပြောပြပါ (အခမဲ့)။

  • အရေးပေါ်ကား လာရောက်စေလိုသောနေရာနှင့် အထင်ကရအမှတ်အသားများ
  • အခြေအနေမကောင်းသူ၏ ရောဂါလက္ခဏာနှင့် အသက်အရွယ်
  • သင့်အမည်နှင့် ဆက်သွယ်ရန်လိပ်စာ

●မီးလောင်ခြင်း→119

●ယာဥ်မတော်တဆမှုနှင့် ရာဇဝတ်မှု→110


ယာဥ်မတော်တဆမှုဖြစ်ပွားပါက

မတော်တဆမှုဖြစ်ပွားပြီးနောက် ထောက်ပံ့မှုအမျိုးမျိုးကို ရယူရန် “ယာဥ်မတော်တဆမှုအသိအမှတ်ပြုလက်မှတ်” လိုအပ်သည့်အခါမျိုးလည်း ရှိပါသည်။
  1. ပထမဦးစွာ ယာဥ်ကို ရပ်တန့်ပါ
  2. အရေးပေါ်နှင့် ရဲကို အကြောင်းကြားပါ
    • ဒဏ်ရာရထားပါက နံပါတ် 119 သို့ ဖုန်းခေါ်ပါ (အရေးပေါ်ကား)။
    • အရေးပေါ်ကားလာသည်အထိ ဒဏ်ရာရသူကို မလိုအပ်ဘဲ မရွေ့ပြောင်း၍
    • နံပါတ် 119 အော်ပရတာ၏ ညွှန်ကြားချက်အတိုင်း ကယ်ဆယ်ရေးအစီအမံကို လုပ်ဆောင်ပါ။
    • ဒဏ်ရာရသူရှိရှိ၊ မရှိရှိ ရဲစခန်း (နံပါတ် 110) သို့ သေချာစွာ သတင်းပို့ပါ။
      ရဲဝန်ထမ်းများ လာသည်အထိ အခင်းဖြစ်ပွားရာနေရာတွင် နေပါ။
    • ရဲဝန်ထမ်း ရောက်ရှိပါက မတော်တဆမှုအခြေအနေကို အစီရင်ခံပါ။
  3. ဆရာဝန်နှင့်ပြသပါ
    မတော်တဆမှုဖြစ်ပွားချိန်တွင် ရောဂါလက္ခဏာ သိပ်မပြင်းထန်ဟု ခံစားရသော်လည်း နောက်ပိုင်းတွင် ရောဂါပြင်းထန်ခြင်းများ ရှိတတ်ပါသည်။ ဆရာဝန်ထံမှ စစ်ဆေးမှုကို ခံယူပါ။
  4. ယာဥ်မတော်တဆမှုအသိအမှတ်ပြုလက်မှတ်
    မတော်တဆမှုဖြစ်ပွားပြီးနောက် ထောက်ပံ့မှုအမျိုးမျိုးကို ရယူရန် “ယာဥ်မတော်တဆမှုအသိအမှတ်ပြုလက်မှတ်” လိုအပ်သည့်အခါမျိုးလည်း ရှိပါသည်။ လျှောက်ထားမှုအဆင့်ဆင့်ကို ရဲစခန်းတွင် မေးမြန်းပါ။

တိုင်ဖုန်းမုန်တိုင်းနှင့် မိုးကြီးသောအခါ

ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘေးအန္တရာယ် များစွာဖြစ်ပွားလျက်ရှိသည်။ မြစ်ရေကြီးပါက အဆောက်အအုံများ ရေမြှုပ်သွားခြင်းမျိုး ရှိသည်။

မိုးသည်းထန်စွာရွာသွန်းပါက မိုးလေဝသဌာနမှ သတင်းများနှင့် မြို့၊ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာ၏ ရွေ့ပြောင်းရေးသတင်းများကို အခြေခံ၍ လျင်မြန်စွာ ရွေ့ပြောင်းပါ။

မိုးကြောင့် မြေပြင်မှာ ပျော့ပြောင်းပြီး တောင်နှင့် ကမ်းပါးများ ပြိုကျခြင်း၊ မြေသဲအနှစ်များ စီးလာခြင်းတို့လည်း ရှိသည်။

ရေကြီးခြင်းနှင့် မြေပြိုခြင်းမှ မိမိကိုယ်ကို ကာကွယ်ရန်

  1. ရေမြှပ်နိုင်ခြေရှိသည့်နေရာကို Hazard map တွင် ပုံမှန်စစ်ဆေးပါ။
  2. မိုးသည်းထန်စွာရွာသွန်းပါက မိုးလေဝသဌာနမှ သတင်းများနှင့် မြို့၊ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာ၏ ရွေ့ပြောင်းရေးသတင်းများကို အခြေခံ၍ လျင်မြန်စွာ ရွေ့ပြောင်းပါ။

Hazard map ပေါ်တယ်ဆိုဒ် (ဂျပန်ဘာသာစကားသာလျှင်)| Ministry of Land, Infrastructure, Transport and Tourism of Japan


ငလျင်လှုပ်ပါက

ဂျပန်နိုင်ငံသည် ငလျင်အလွန်လှုပ်သောနိုင်ငံဖြစ်သည်။

တည်ငြိမ်စွာပြုမူလုပ်ဆောင်ပါ=စားပွဲအောက်တွင် ပုန်းအောင်းပါ (နေအိမ်တွင်း)၊ ဆိုင်းဘုတ်၊ နံရံ၊ မှန်ပြတင်းများ ပြုတ်ကျလာမည့်ဘေးကို ဂရုပြု၍ ဘေးကင်းသောနေရာကို ရွေ့ပြောင်းပါ (နေအိမ်ပြင်ပ)၊ ကားရပ်၍ အင်ဂျင်စက်ပိတ်ထားပါ (ကား)

ငလျင်ဒဏ်မှ မိမိကိုယ်ကိုကာကွယ်ရန်အတွက် အောက်ပါပြင်ဆင်မှုများကို လုပ်ဆောင်ပါ။

ပြင်ဆင်ရန်

  • ငလျင်လှုပ်ချိန် ရွေ့ပြောင်းရမည့်နေရာကို ရှာထားပါ
  • ဘေးအန္တရာယ်ကာကွယ်ရေးလေ့ကျင့်မှုကို ကိုးကားပါ
  • အနည်းဆုံး 3 ရက်စာ အစားအသောက်၊ သောက်ရေနှင့် နေထိုင်မှုအတွက် လိုအပ်သောအရာကို ပြင်ဆင်ထားပါ
  • အိမ်ထောင်ပရိဘောဂများ ပြိုမကျလာစေရန် မြဲအောင်လုပ်ထားပါ

ငလျင်လှုပ်ပါက

  1. တည်ငြိမ်စွာပြုမူလုပ်ဆောင်ပါ=စားပွဲအောက်တွင် ပုန်းအောင်းပါ (နေအိမ်တွင်း)၊ ဆိုင်းဘုတ်၊ နံရံ၊ မှန်ပြတင်းများ ပြုတ်ကျလာမည့်ဘေးကို ဂရုပြု၍ ဘေးကင်းသောနေရာကို ရွေ့ပြောင်းပါ (နေအိမ်ပြင်ပ)၊ ကားရပ်၍ အင်ဂျင်စက်ပိတ်ထားပါ (ကား)
  2. မီးသတိထားပါ =စတင်တုန်ခါလာပါက မီးဖိုချောင်နှင့် မီးဖိုမှမီးကို ငြိမ်းပါ၊ မီးလောင်ပါက မီးသတ်ဆေးဘူး စသည်ဖြင့် တတ်နိုင်သမျှ မီးငြိမ်းသတ်ပါ၊ ဓာတ်ငွေ့ယိုစိမ့်နိုင်ခြေရှိသောကြောင့် မီးမသုံးပါနှင့်
  3. ဘေးကင်းသောနေရာသို့ ရွေ့ပြောင်းပါ
  4. မှန်ကန်သေချာသောအချက်အလက်များကို ရယူပါ

ဆူနာမီ

ဆူနာမီမှ မိမိကိုယ်ကို ကာကွယ်ရန် Hazard map စသည်တို့ဖြင့် ရွေ့ပြောင်းရမည့်နေရာကို စစ်ဆေးထားပါ။

ဆူနာမီကို မိမိမျက်လုံးဖြင့် ကြည့်ရှုပြီးမှ ထွက်ပြေးလျှင်လည်း အချိန်မမှီပါ။

Hazard map ပေါ်တယ်ဆိုဒ် (ဂျပန်ဘာသာစကားသာလျှင်)| Ministry of Land, Infrastructure, Transport and Tourism of Japan

ဆူနာမီ ဖြစ်ပွားတော့မည်အခါ၊ ဖြစ်ပွားသည့်အခါ

ဆူနာမီကို မိမိမျက်လုံးဖြင့် ကြည့်ရှုပြီးမှ ထွက်ပြေးလျှင်လည်း အချိန်မမှီပါ။ ပင်လယ်၊ မြစ်ဝတို့နှင့် နီးသောနေရာတွင် ရှိပါက အောက်ပါအတိုင်း လုပ်ဆောင်ပါ။

  1. ပြင်းထန်သောတုန်ခါမှုကို ခံစားရသောအခါ၊ တုန်ခါမှုပျော့ပြောင်းသော်လည် အချိန်ကြာမြင့်ပြီး နှေးကွေးသောငလျင်ကို ခံစားရသောအခါ→ တောင်ကုန်းနှင့် ရွေ့ပြောင်းရေးအဆောက်အအုံသို့ ရွေ့ပြောင်းပါ
  2. ငလျင်လှုပ်ကြောင်း မခံစားရသော်လည်း မိုးလေဝသဌာနမှ ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ထားသောအခါ→ရွေ့ပြောင်းပါ
  3. မှန်ကန်သောအချက်အလက်များကို ရယူပါ

ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် အသုံးဝင်မည့် မိုးလေဝသအချက်အလက်များ

မိုးလေဝသဌာန၏ အချက်အလက်များကို တီဗီ၊ ရေဒီယို၊ အင်တာနက်တို့မှတစ်ဆင့် ရယူနိုင်သည်။

★ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် အသုံးဝင်မည့်သတင်းအချက်အလက်များ ရရှိနိုင်သည့် အက်ပလီကေးရှင်း “Safety tips” | Japan Tourism Agency
နိုင်ငံခြားသားခရီးသွားများအတွက် ဘေးအန္တရာယ်ဆိုင်ရာသတင်းအချက်အလက်များကို ရရှိနိုင်သည့် အက်ပလီကေးရှင်းဖြစ်သည်။ ငလျင်၊ ဆူနာမီ၊ ပေါက်ကွဲမှုစသည့် ဘေးအန္တရာယ် အမျိုးမျိုး၏ သတိပေးချက်များကို ရယူနိုင်သည်။

“Safety tips” အက်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်မည်

မိုးသည်းထန်စွာရွာသွန်းခြင်း၊ ငလျင်နှင့်ပတ်သက်သောသတင်းအချက်အလက်များ (ဘာသာစကားမျိုးစုံ) | ဂျပန်နိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန (JMA)

【ကိုးကား】 ပိုမိုသိရှိလိုပါက အောက်ပါလင့်တွင် ကြည့်ရှုပါ

“သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက” ဂျပန်ဘာသာစကားသာလျှင် (အအိချိခရိုင် ယဉ်ကျေးမှုပေါင်းစုံ အတူယှဉ်တွဲနေထိုင်မှုမြှင့်တင်ရေးရုံး YouTube channel)

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် : အရေးပေါ်အခြေအနေ၌ ဆက်သွယ်ရန် ဖုန်းနံပါတ် | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် : ယာဉ်မတော်တဆမှုဖြစ်ပေါ်ပါက ပြုလုပ်ရမည့်အရာများ | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် : တိမ်းရှောင်ခြင်း | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် : တိုင်ဖွန်းမုန်တိုင်းနှင့် နေရာကွက်ကျားမိုးသည်းထန်စွာရွာသွန်းခြင်း | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် : ငလျင် | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် : ဆူနာမီ | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် : ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် အသုံးဝင်သော မိုးလေဝသ သတင်းများကို ရယူခြင်း | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ

がいこくごのニュースと防災情報|NHK WORLD-JAPAN

ဂျပန်နိုင်ငံ၏ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ

ဂျပန်နိုင်ငံတွင် ကားများသည် ဘယ်ဘက်ခြမ်းတွင် မောင်းနှင်ကြသောကြောင့် လမ်းလျှောက်၍ လမ်းဖြတ်ကူးသည့်အခါ ဦးစွာ ညာဘက်ခြမ်းမှ ဘေးကင်းလုံခြုံရေးကို စစ်ဆေးပါ။

ထို့အပြင် ဂျပန်နိုင်ငံတွင် အရက်မူးပြီး စက်ဘီးစီးခြင်း၊ 2 ယောက်စီးခြင်းကိုတားမြစ်ခြင်း၊ 50 cc အောက်ဆိုင်ကယ်များတွင် 2 ယောက်စီးခြင်းကို တားမြစ်ခြင်းစသဖြင့် ဂျပန်နိုင်ငံတွင် အမျိုးမျိုးသော ယာဥ်စည်းကမ်း လမ်းစည်းကမ်းများရှိသည်။


ကားများသည် ဘယ်ဘက်ခြမ်းတွင်မောင်းနှင်သည်

ဂျပန်နိုင်ငံတွင် ကားများ၊ ဆိုင်ကယ်များနှင့် စက်ဘီးများသည် လမ်း၏ဘယ်ဘက်ခြမ်းတွင် မောင်းနှင်ကြသည်။

ညာဘက်ခြမ်းတွင်မောင်းနှင်သည့်နိုင်ငံများလည်း များစွာရှိသောကြောင့် အစပိုင်းတွင် နိုင်ငံခြားသားတော်တော်များများလည်း တွေဝေရှုပ်ထွေးသွားနိုင်ပါသည်။ လမ်းလျှောက်၍ လမ်းဖြတ်ကူးသည့်အခါ ညာဘက်ကို အရင်ကြည့်ပြီး ကားနှင့် စက်ဘီး လာ မလာကို စစ်ဆေးပါ။


စက်ဘီး၏ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း

စက်ဘီးကိုလည်း ဘယ်ဘက်ခြမ်းမှ စီးရပါသည်။

စက်ဘီးကိုလည်း ဘယ်ဘက်ခြမ်းမှ စီးရပါသည်။ လမ်း၏ဘယ်ဘက်အစွန်းတွင် မောင်းနှင်ပါ။

စက်ဘီးစီးလို့ရသည့် လူသွားစင်္ကြံလည်းရှိသည်။ ထိုအခြေအနေမျိုးတွင် လူသွားစင်္ကြံ၏ဗဟိုထက် ကားလမ်းဘက်အနီးတွင် စီးနင်းပါ။

စက်ဘီးများအတွက် အဓိက တားမြစ်ချက်နှင့် ပြစ်ဒဏ်များကို စုစည်းဖော်ပြထားပါသည်။

အရက်မူးပြီးမောင်းနှင်ခြင်း

ထောင်ဒဏ် (5 နှစ်အထိ) သို့မဟုတ် ဒဏ်ငွေ (1,000,000 ယန်း အထိ)

မီးပွိုင့်ကို လျစ်လျူရှုခြင်း

ထောင်ဒဏ် (3လအထိ) သို့မဟုတ် ဒဏ်ငွေ (50,000ယန်းအထိ)

မိုဘိုင်းလ်ဖုန်းသုံးရင်း မောင်းနှင်ခြင်း

ထောင်ဒဏ် (3လအထိ) သို့မဟုတ် ဒဏ်ငွေ (50,000ယန်းအထိ)

လက်တစ်ဖက်တည်းဖြင့် မောင်းနှင်ခြင်း

ထောင်ဒဏ် (3လအထိ) သို့မဟုတ် ဒဏ်ငွေ (50,000ယန်းအထိ)
မိုးရွာသည့်အခါ လက်တစ်ဖက်တည်းဖြင့် ထီးမဆောင်းပါနှင့်၊မိုးကာအင်္ကျီ ဝတ်ဆင်ပါ။

မီးမဖွင့်ဘဲမောင်းနှင်ခြင်း

ဒဏ်ငွေ(50,000ယန်းအထိ)
ညဘက်တွင် မီးဖွင့်ပြီး မောင်းနှင်ပါ။

2 ယောက်စီးခြင်း

ဒဏ်ငွေ(20,000ယန်းအထိ)စသဖြင့်
ဂျပန်နိုင်ငံတွင် စက်ဘီးကို 2 ယောက်စီး၍ မရပါ။

ဘေးချင်းကပ်မောင်းနှင်ခြင်း

ဒဏ်ငွေ(20,000ယန်းအထိ)စသဖြင့်
နှစ်စီးနှင့်အထက်ဘေးချင်းယှဉ် မောင်းနှင်ခြင်းအားတားမြစ်ထားသည်


ကား၏ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း

■ ယာဥ်မောင်းလိုင်စင်

  • နိုင်ငံခြား ယာဉ်မောင်းလိုင်စင်ရှိလည်းပဲ ဂျပန်နိုင်ငံတွင် မောင်းနှင်၍ မရပါ။ စီရင်စုအသီးသီးရှိ ယာဉ်မောင်းလိုင်စင်စင်တာတွင် ရိုးရှင်းသောစာမေးပွဲဖြေဆိုပြီး ဂျပန်နိုင်ငံတွင် မောင်းနှင်နိုင်သည့်လိုင်စင်သို့ ပြောင်းလဲပါ။
  • ယာဉ်မောင်းလိုင်စင်မရှိသူများသည် ယာဥ်မောင်းသင်တန်းသို့သွား၍ ယာဥ်မောင်းလိုင်စင်ကို ရယူရမည်။
  • 50 cc အောက် ဆိုင်ကယ်သာလျှင် စီးနိုင်သည့် “မော်တော်ဆိုင်ကယ်လိုင်စင်” ကို စာမေးပွဲဖြေရုံဖြင့် ရရှိနိုင်ပါသည်။
  • လျှပ်စစ်ဆိုင်ကယ်များလည်း လိုင်စင်လိုအပ်ပါသည်။

■ မော်တော်ဆိုင်ကယ်မောင်းနှင်ခြင်းအတွက် သတိပြုရမည့်အချက်များ

မော်တော်ဆိုင်ကယ်မောင်းနှင်ခြင်း
  • 2 ယောက်စီး၍ မရနိုင်သည့် ဆိုင်ကယ်များလည်းရှိပါသည်။
  • ဆိုင်ကယ်၏ အိတ်ဇောပမာဏပေါ်မူတည်၍ လိုအပ်သောယာဥ်မောင်းလိုင်စင်များမှာလည်း ကွာခြားသည်။
  • 125 cc အောက် ဆိုင်ကယ်ဖြင့် အဝေးပြေးလမ်းမပေါ်တွင် မောင်းနှင်၍ မရနိုင်ပါ။

မော်တော်ဆိုင်ကယ်လိုင်စင်အမျိုးအစား

စီးနိုင်သောဆိုင်ကယ်များ

2 ယောက်စီး

အဝေးပြေးလမ်း

အသေးစား မော်တော်ဆိုင်ကယ်လိုင်စင်

50 cc အထိ

အသေးစား ပုံမှန်မော်တော်ဆိုင်ကယ်လိုင်စင်

125 cc အထိ

ပုံမှန်မော်တော်ဆိုင်ကယ်လိုင်စင်

400 cc အထိ

အကြီးစားမော်တော်ဆိုင်ကယ်လိုင်စင်

အကန့်အသတ်မရှိ

ဂျပန်အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး

ဤဆောင်းပါးတွင် IC ကတ် ဝယ်နည်း၊ အသုံးပြုနည်း၊ ရထား၊ ဘတ်စ်ကားစီးနင်းနည်းနှင့် ယာဥ်စီးခ ပေးချေနည်း စသည်တို့ကို မိတ်ဆက်ပေးပါမည်။


သယ်ယူပို့ဆောင်ရေး IC ကတ်

သယ်ယူပို့ဆောင်ရေး IC ကတ်ကို အမျိုးမျိုးသော ကုမ္ပဏီများ၏ ရထားနှင့် ဘတ်စ်ကားခများအတွက် ပေးချေရန် အသုံးပြုနိုင်သည်။

  • IC ကတ်ကို ငွေဖြည့်သွင်းထားလျှင် လက်မှတ်ဝယ်သည့်အခါတိုင်း အချိန်ကုန်သက်သာစေပါသည်။
  • ၎င်းကို ဘူတာရုံရှိ လက်မှတ်အရောင်းဌာန၊ ကောင်တာ၊ ဘတ်စ်ကားရုံးများ စသည်တို့တွင် ဝယ်ယူနိုင်ပါသည်။ ငွေကြိုသွင်းထားရန် လိုအပ်ပါသည်။

သယ်ယူပို့ဆောင်ရေး IC ကတ်သည် ဧရိယာတစ်ခုစီပေါ်မူတည်၍ ကွဲပြားသော်လည်း များသောအားဖြင့် ၎င်းကို အခြားကုမ္ပဏီများ၏ ရောင်းချဧရိယာများတွင်လည်း အသုံးပြုနိုင်ပါသည်။


ရထား

ဂျပန်နိုင်ငံတွင် ရထားလမ်းများကို အလုပ်နှင့် ကျောင်းသွားခြင်းအပါအဝင် အသုံးများသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအဖြစ် အသုံးပြုကြသည်။

■ ရထားစီးနည်း

  • သွားမည့်နေရာအထိ လက်မှတ်ကိုဝယ်ပြီး လက်မှတ်ကို အလိုအလျောက် လက်မှတ်ဂိတ်တွင် ထည့်ပါ သို့မဟုတ် IC ကတ်ကို ထိပါ
  • သွားလိုသည့်ခရီးသို့ရောက်သည့်အခါ လက်မှတ်ကို အလိုအလျောက်လက်မှတ်ဂိတ်တွင်ထည့်ပါ သို့မဟုတ် IC ကတ်ကို ထိပြီး အပြင်သို့ထွက်ပါ

ဂျပန်တွင်နေထိုင်ရန် အသုံးဝင်သောစမတ်ဖုန်းအက်ပလီကေးရှင်း (သယ်ယူပို့ဆောင်ရေး) | KOKORO

■ လက်မှတ်အမျိုးအစား

  1. ယာဥ်စီးလက်မှတ် (ပုံမှန်ယာဥ်စီးလက်မှတ်)
  2. လပေးလက်မှတ် = အလုပ် သို့မဟုတ် ကျောင်းသွားရန်အတွက် တူညီသောအကွာအဝေးကို ထပ်ခါတလဲလဲ အသွားအပြန်လုပ်သည့်အခါ ၎င်းကို အသုံးပြုသည်။ ပုံမှန်ယာဥ်စီးလက်မှတ်ထက် စျေးသက်သာပါသည်။
    • အသုံးပြုနိုင်သည့်ကာလမှာ 1 လ၊ 3 လ၊ 6 လ စသည်တို့ဖြစ်သည်
    • သတ်မှတ်ထားသည့်အကွာအဝေး၏ အလယ်တွင် လွတ်လပ်စွာ အတက်အဆင်းလုပ်နိုင်ပါသည်

■ အထူးအမြန်လက်မှတ်

အထူးအမြန်ရထား (ကျည်ဆံရထားအပါအဝင်) တွင် စီးသည့်အခါ ယာဥ်စီးလက်မှတ်အပြင် အထူးအမြန်ရထားလက်မှတ် လိုအပ်ပါသည်။ သတ်မှတ်ထားသောခုံတွင် ထိုင်လိုပါက “ထိုင်ခုံသတ်မှတ်ထားသော အထူးအမြန်လက်မှတ်”၊ နေရာမသတ်မှတ်ထားသောခုံတွင်ထိုင်လိုပါက “ထိုင်ခုံနေရာမသတ်မှတ်ထားသောအမြန်လက်မှတ်” ကိုဝယ်ပါ။


ဘတ်စ်ကား

■ အဝေးပြေးဘတ်စ်ကား

အဝေးပြေးဘတ်စ်ကားများသည် ရထားများထက်သက်သာပြီး ဝက်ဆိုဒ်တွင် ကြိုတင်မှာယူ၊ ဝယ်ယူသည့်အခါ ငွေပေးချေမှုသည် ခရက်ဒစ်ကတ်အပြင် ကြိုတင်မှာယူပြီးနောက် ကွန်ဗီနီစတိုးဆိုင်တွင် ငွေသားပေးပြီး လက်မှတ်ကို ရယူနိုင်ပါသည်။ ဘတ်စ်ကားရုံးများနှင့် ခရီးသွားအေဂျင်စီများတွင်လည်း ဝယ်ယူနိုင်ပါသည်။

※ ယာဉ်စီးခသည် ကုမ္ပဏီတစ်ခုနှင့်တစ်ခု ကွဲပြားပြီး နေ့စဉ်ပြောင်းလဲပါသည်။

■ မြို့ထဲဘတ်စ်ကား

  • ဘယ်နေရာအထိစီးစီး ယာဥ်စီးခမှာ အတူတူဖြစ်သည့်အခါ
    • ဘတ်စ်ကားစီးသည့်အခါ၊ သို့မဟုတ် ဆင်းသည့်အခါ ယာဉ်စီးခပုံးထဲသို့ ငွေသားထည့်ပါ သို့မဟုတ် IC ကတ်ကို ထိပါ။
  • အကွာအဝေးပေါ်မူတည်၍ ယာဉ်စီးခ အပြောင်းအလဲရှိသည့်အခါ
    • ကားပေါက်ဝရှိ စက်မှ တုံကင်လက်မှတ်ကို ရရှိပါမည်။ ဘတ်စ်ကားပေါ်မှ ဆင်းသည့်အခါ ယာဥ်မောင်းထိုင်ခုံပေါ်တွင် ပြသထားသည့် တုံကင်လက်မှတ်တစ်ခုစီ၏ ယာဉ်စီးခကို တုံကင်လက်မှတ်နှင့်အတူ ယာဥ်စီးခပုံးထဲသို့ ထည့်ပါ။
    • IC ကတ်ဖြစ်ပါက ဘတ်စ်ကားပေါ် အတက်အဆင်းလုပ်သည့်အခါတွင် နှစ်ကြိမ်ထိပါ။

Chikyu အငူ

ဟိုကိုင်းဒိုးရဲ့ သဘာဝအလှအပရှုခင်း အကောင်းဆုံးနေရာ အခု (၁၀၀) စာရင်းထဲမှာ ပါဝင်တဲ့နေရာပါ။

အငူမှ အပေါ်စီး မြင်ကွင်း

ပစိဖိတ်သမုဒ္ဒရာကြီးကို မီတာ (၁၂၀) ကျော် အမြင့်ရှိတဲ့ အငူစွန်းကနေ ရပ်ကြည့်လိုက်ရင် နစ်မြောသွားစေနိုင်တဲ့အထိ လှပပါတယ်။

ပတ်ဝန်းကျင်ရဲ့ ပတ်ချာလည် (၃၆၀) ဒီဂရီထဲကို နစ်မြုပ်သွားသလို ခံစားမှုကိုလည်း ရရှိနိုင်မှာ အသေအချာပါပဲ။ 

Chikyu ကနေ လှမ်းမြင်နေရတဲ့ ပင်လယ်ကြီး

ကောင်းကင်မှာ တိမ်ကင်းစင်ပြီး နေသာတဲ့နေ့ရက်တွေမှာတော့ ဟိုး အဝေး Aomori ပြည်နယ်က Komagatake တောင်ကို လှမ်းတွေ့ရမှာပါ။ 

မိုးကုပ်စက်ဝိုင်းကို Chikyu အငူမှ မြင်ကွင်း

နွေဦးပေါက်နဲ့ ဆောင်းဦးပေါက်တွေမှာလည်း လင်းပိုင်တွေလာရောက်ကျက်စားတာကို အနီးကပ်မြင်နိုင်ပါသေးတယ်။

地球岬展望台

4 Chome Bokoi Minamimachi, Muroran, Hokkaido 051-0003, Japan

နွေရာသီနဲ့ ဆောင်းဦးပေါက်များမှာ လင်းပိုင်အုပ်လိုက်ဆော့ကစားနေတာကို မြင်တွေ့နိုင်ပါတယ်။

“Muroran” ဘူတာကနေ Chikyu Misaki Danchi ကိုသွားတဲ့ Donan ဘတ်စ်ကားကို စီးပါ။ 

Terminal ဘူတာမှတ်တိုင်ကို ရောက်ရင် မိနစ်နှစ်ဆယ်ခန့်လမ်းလျှောက်ရင် ရောက်ပါပြီ။

Your Name မှ နေရာများဆီသို့ တစ်ခေါက်

သတိပြုပါ: Your Name (君の名は。) ဆိုတဲ့ Anime ရုပ်ရှင်ကို မကြည့်ရသေးတဲ့ သူအနေနဲ့ ယခုဆောင်းပါးကို ဖတ်ရှုရန်မသင့်ပါဘူး။ ဇာတ်လမ်းနဲ့ ဇာတ်ကွက်တချို့ကို ဖေါ်ပြမှာမို့ ရုပ်ရှင်မကြည့်ရသေးရင် မဖတ်သေးဖို့ အကြံပြုလိုပါတယ်။

ဒီ ဆောင်းပါးလေးကတော့ KANAE NAKAMINE ရဲ့ ဆောင်းပါးကို ဘာသာပြန်ထားတာ ဖြစ်ပါတယ်။

ဒီနှစ် နွေရာသီ၊ ဂျပန်ကို အလည်ရောက်တုန်းက ဘုရားဖူးထွက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တကယ်ဘုရားဖူးတာတော့ မဟုတ်ပါဘူး။ တင်စားပြောတာပါ။ ဘာသာရေးနဲ့ မဆိုင်ပဲ Anime ရုပ်ရှင်ဇာတ်ကားတွေကို စွဲလမ်းနှစ်သက်ကြတဲ့ သူတွေ တင်စားပြောကြတဲ့ ဘုရားဖူးမျိုးပါ။ ရုပ်ရှင်ထဲက၊ ဇာတ်လမ်းတွေထဲက နေရာတွေကို အစွဲလမ်းပြေ သွားကြည့်တာ၊ သွားလည်ပတ်တာမျိုးပေါ့။

聖地巡礼 (せいちじゅんれい)

PILGRIMAGE TO HOLY OR SACRED PLACES; ALSO ANIME PILGRIMAGE

မြင့်မြတ်သောနေရာများဆီသို့ အဖူးမြော်သွားရောက်လည်ပတ်ခြင်း

nico nico pedia

ဒါပေမယ့် တကယ့်ကို ရုပ်ရှင်ကို စွဲလမ်းနှစ်သက်သွားကြတဲ့ သူတွေအနေနဲ့ကတော့ ဘုရားဖူးခရီးစဥ်လိုမျိုးကို တင်စားပြောနေကြတာပါပဲ။

ဒါကြောင့်လည်း ဂျပန်လူမျိုးတွေက ခုလိုမျိုး Anime ရုပ်ရှင်ဇာတ်ကားတွေထဲမှာပါတဲ့ ဇာတ်ဝင်ခန်းတွေထဲက အပြင်မှာရှိတဲ့ တကယ့်နေရာတွေဆီသွားလည်ပတ်တဲ့ အပြုအမူကို seichijunrei 聖地巡礼せいちじゅんれい လို့ တင်စားခေါ်ဝေါ်ကြတာနေပါလိမ့်မယ်။ ( ဒီစကားလုံးကိုတော့ မြင့်မြတ်တဲ့နေရာတွေဆီကို အလည်အပတ်သွားတဲ့ အခါမျိုးမှသာ ရည်ညွှန်းပြီး သုံးတာပါ။)

တချို့သူတွေ Anime ရုပ်ရှင်ဇာတ်ကားတွေကို ဘယ်လောက်စွဲလမ်းနှစ်သက်ကြတယ်ဆိုတာကိုသာ နားလည်ထားမယ်ဆိုရင် ခုလို အလည်အပတ်ခရီးစဥ်မျိုးကို ဘုရားဖူးနဲ့ နှိုင်းယှဥ်ပြောဆိုတာမျိုးကို မလွန်လောက်ဘူးလို့ တွေးမိကြမှာပါ။  Your Name (君の名は。) ဇာတ်ကားလေးကိုတော့ ကျမ အပါအဝင် စွဲလမ်းနှစ်သက်သူတွေ အလွန်များပြားတာမို့ ခုဆောင်းပါးရေးဖြစ်သွားတာလည်း ပါပါတယ်။

တိုကျိုရဲ့ လှပတဲ့မြင်ကွင်းတွေကို ရှုကွက်အဆန်းတွေကနေ ဒါရိုက်တာ Shinkai Makoto က ရင်သပ်ရှုမောရလောက်အောင်ကို တင်ဆက်ခဲ့တာပါ။ အသေးစိတ်တိကျလွန်းတာအပြင် စိတ်ကူးယဥ်စရာကောင်းတဲ့ ဇာတ်လမ်းလေးကိုလည်း ကြည့်မိတဲ့သူတိုင်း စွဲလမ်းကုန်ကြပါတယ်။ တိုကျိူမှာနေနေတဲ့သူတွေ၊ နေဖူးတဲ့သူတွေအတွက်ကတော့ ဇာတ်ဝင်ခန်းထဲကနေရာတွေဟာ စိတ်ကူးယဥ်စရာ၊ တသသပြောစရာတွေဖြစ်ကုန်တာပေါ့။ 

ခု‌ဆောင်းပါးထဲမှာတော့ ကျမသွားလည်ခဲ့တဲ့ ဇာတ်ဝင်ခန်းထဲမှာပါတဲ့ အပြင်ကနေရာတွေကို ဖေါ်ပြလိုက်ပါတယ်။ ရုပ်ရှင်ကို နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ တိုကျိုကိုသာရောက်ဖြစ်မယ်ဆိုရင် သွားလည်ပတ်လို့ မမှားနိုင်တဲ့ နေရာမျိုးတွေပါ။ 

အစ

ခရီးစဥ်ကို မစတင်ခင်မှာတော့ သတိပြုရမှာလေးတွေ၊ ကြိုတင်ပြင်ဆင်ရမှာလေးတွေရှိပါတယ်။ အောက်မှာ ဖေါ်ပြပေးထားပါတယ်။

  • ဒီဆောင်းပါးထဲမှာ ဖေါ်ပြပေးထားတဲ့နေရာတွေက တစ်နေရာနဲ့ တစ်နေရာ အတော်နီးပါတယ်။ ဒါကြောင့်မို့ လမ်းလျှောက်သွားတာကတော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ တိုကျိုမှာလမ်းလျှောက်ရတာကတော့ ခုမှ ရောက်ဖူးတဲ့သူတွေအတွက်က ပျော်ဖို့ကောင်းမှာပါ။ နောက်တစ်ခုက ကိုယ်သွားတဲ့အချိန်က နွေရာသီဆိုရင်တော့ အပူဒဏ်ကို ကာကွယ်ဖို့ ထီး၊ ဦးထုပ်၊ နေကာမျက်မှန် စသဖြင့်လိုပါလိမ့်မယ်။ (ဂျပန်နွေရာသီဥတုက အတော်လေးပူပါတယ်။)
  • သွားလည်တဲ့အချိန်တွေကိုလည်း ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းထဲမှာပါနေတဲ့ အချိန်တွေအတိုင်း ဖြစ်အောင် အနီးစပ်ဆုံးအံကိုက် လုပ်ထားပါတယ်။ (ဒါက ဇူလိုင်လတုန်းကသွားခဲ့တဲ့ ခရီးစဥ်လမ်းကြောင်းဆွဲထားတာပါ။ ဂျပန်မှာ ရာသီအလိုက် ဘတ်စ်ကား၊ ရထားတွေ ခရီးစဥ်အချိန်အပြောင်းအလဲ ရှိတတ်တာမို့ ကိုယ်သွားမယ့်အချိန်ရဲ့ အချိန်ဇယားတွေနဲ့ ပြန်ညှိဖို့လိုပါလိမ့်မယ်။)
  • ဓာတ်ပုံလှလှလေးတွေ အမှတ်တရအနေနဲ့ လူတိုင်းရိုက်ချင်ကြပါတယ်။ ဒါပေမယ့် တစ်ခုသတိပြုရမှာက တိုကျိုမြို့ဟာ လူနေအလွန်ထူထပ်ပါတယ်။ ကိုယ့်လိုပဲ ဓာတ်ပုံရိုက်ချင်တဲ့သူတွေ ဘေးဘီမှာ စောင့်နေနိုင်ပါတယ်။ ဒါကြောင့်နေရာတစ်နေရာရရင် အချိန်အကြာကြီး နေရာယူထားမျိုးမလုပ်သင့်ပါဘူး။ သူများတွေလည်း အချိန်ကိုက် ကိုယ့်လိုပဲ ပုံလှလှလေးတွေ ရချင်မှာပေါ့လေ။
  • သူများတွေ ဓာတ်ပုံရိုက်ဖို့ ကင်မရာချိန်ထားရင်တော့ အရှေ့က လုံးဝမဖြတ်သင့်ပါဘူး။ ဒါက ဂျပန်နိုင်ငံအတွင်းမှာ လူတိုင်းနီးပါးလေးစားကြတဲ့ ကျင့်ဝတ်လေးတစ်ခုလည်းဖြစ်ပါတယ်။
  • ကိုယ့်ရဲ့ စွဲလမ်းနှစ်သက်ရတဲ့ ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်ခန်းနေရာလေးကို ကိုယ်တိုင်တွေ့မြင်လိုက်ရတဲ့အခါမှာ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ကြမှာ လူတိုင်ပါပဲ။ ဒါပေမယ့် တစ်ခုသတိပြုရမှာက အဲဒီရပ်ကွက်ထဲမှာ၊ နေရာ‌ဒေသမှာ မှီတင်းနေထိုင်ကြတဲ့သူတွေ အများကြီးရှိနေပါတယ်။ ဒါကြောင့်မို့ အော်ဟစ်ဆူညံတာမျိုးတော့ လုံးဝမလုပ်သင့်ပါဘူး။ တိတ်ဆိတ်စွာနဲ့ပဲ အလှတရားကို ခံစားကြရအောင်ပါ။ 

Your Name ဇာတ်ဝင်ခန်းများရဲ့ နေရာများပြ မြေပုံ

ဒီမြေပုံလေးထဲမှာတော့ နေရာတွေကို အတိအကျထည့်ပေးထားပါတယ်။

ဂျပန်မှာကတော့ ဘယ်နေရာကိုသွားသွား Google Map က ဖေါ်ပြပေးတဲ့ အချက်အလက်တွေဟာ တိကျမှန်ကန်ပါတယ်။ ရထားထွက်ချိန်၊ ဆိုက်ချိန်၊ ဘတ်စ်ကား အတိအကျမြင်ရမှာပါ။

SALON DE THÉ ROND (10:55–11:45 A.M.) *CLOSED ON TUES.

ခရီးစဥ်လေးကို စလိုက်ပါပြီ။ Taki က သူ တိတ်တခိုးစွဲလမ်းနေရတဲ့ Okudera-senpai နဲ့ ပထမဦးဆုံးချိန်းတွေ့တဲ့ Roppongi က နေရာလေးတစ်ခုကနေ ခရီးစဥ်ကို စတင်လိုက်တာပါ။

ရုပ်ရှင်ထဲမှာတော့ သူတို့ စချိန်းတွေ့တဲ့နေရာက Roppongi Hills ကနေစတာပါ။ ဒါပေမယ့် ခုခရီးစဥ်လေးမှာတော့ သူတို့ နေ့လည်စာစားခဲ့ကြတဲ့ ကဖေးလေးကို သွားရအောင်ပါ။ အဲဒီဆိုင်လေးကို  Salon de Thé Rond လို့ခေါ်ပါတယ်။ တိုကျိုရဲ့ အမျိုးသားအနုပညာခန်းမကြီး (National Art Center) ရဲ့ ဒုတိယထပ်မှာပါ။ 

ဆိုင်မှာသုံးထားတဲ့ ဖန်ခွက်တွေ၊ ခွက်အောက်ခံ coaster တွေက ရုပ်ရှင်ထဲက အတိုင်းကွက်တိပါပဲ။ ပန်းကန်တွေရောပဲ !

kanae nakamine

အဆောက်အဦထဲဝင်ဖို့ ဝင်ကြေးမလိုပါဘူး။ ဒီအတိုင်းဝင်လို့ရပါတယ်။ ကဖေးဆိုင်လေးဆီတန်းသွားလို့ အဆင်ပြေပါတယ်။ မနက် (၁၁) နာရီကနေ စဖွင့်ပါတယ်။ ကဖေးဆိုင်လေးက ဒုတိယထပ်မှာဆိုပေမယ့်မြင်ကွင်းကောင်းအောင် တတိယထပ်အထိတက်သွားလိုက်ပါတယ်။ နေရာကောင်းကောင်းယူပြီးတော့ ကဖေးဆိုင်လေးကိုရော၊ နောက်ခံက အဆောက်အဦအတွင်းပတ်ဝန်းကျင်ပါ ပါအောင်ရိုက်လိုက်ပါတယ်။

(၁၁) နာရီ ‌ဒေါင်ကနဲဆိုတာနဲ့ နေ့လည်စာစားဖို့ စောသေးပေမယ့် ဆိုင်ထဲဝင်သွားလိုက်ပါတယ်။ ကျမက ပထမဆုံး ဝင်လာတဲ့ သူပဲ ! တစ်ခုပြောစရာရှိတာက ကဖေးဆိုင်လေးမှာရတဲ့ မီနူးကိုကြည့်လိုက်တော့ Taki နဲ့ Okudera-senpai တို့ စားတဲ့ ဟင်းတွေ မရှိပါဘူး။ ဒါနဲ့ အနီးစပ်ဆုံးဆင်မယ်ထင်တဲ့ဟာလေးကို မှာလိုက်ပါတယ်။ ဆန်းဒဝစ်ချ်နဲ့ ပြောင်းစွပ်ပြုတ်ရည်လေးပါ။ ဟင်းပမာဏအနေနဲ့ကတော့ နည်းပါတယ်။ ဒါပေမယ့် အစားနည်းတဲ့သူတွေအတွက်ကတော့ အဆင်ပြေလောက်မှာပါ။

မပြောပလောက်တဲ့ အသေးအမွှားလေးပေမယ့် အံ့သြစရာပါ။ ဆိုင်မှာသုံးထားတဲ့ ဖန်ခွက်တွေ၊ ခွက်အောက်ခံ coaster တွေက ရုပ်ရှင်ထဲက အတိုင်းကွက်တိပါပဲ။ ပန်းကန်တွေရောပဲ !

THE NATIONAL ART CENTER (11:45–12:45 A.M.) *CLOSED ON TUES.

နေ့လည်စာစားပြီးတာနဲ့ National Art Center ခန်းမထဲကို လျှောက်ကြည့်ပါတယ်။ ပြခန်းတွေထဲမှာ အနုပညာပစ္စည်းတွေ ပြသထားပေမယ့် ခုတစ်ခါကတော့ ဘေးပတ်ဝန်းကျင်ကိုပဲ ကြည့်ဖြစ်ပါတယ်။ Your Name ကို ကြည့်ထားပြီးသားမို့ မြင်ဖူးသလိုလိုရှိနေပေမယ့် သေချာလိုက်ကြည့်တဲ့ အခါမှာ ခန်းမကြီးက တော်တော်ခမ်းနားပါတယ်။

ရုပ်ရှင်ကို သေသေချာချာပြန်ကြည့်မယ်ဆိုရင် ပြခန်းခန်းမထဲက အသေးစိတ်လေးတွေကိုကအစ အထူးဂရုပြုပြီး ဖန်တီးထားတဲ့ Anime ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုဆိုတာကို လုံးဝလက်ခံလိုက်ရမှာပါပဲ။ Taki နဲ့ Okudera-senpai တို့က ဘေးနားလာကပ်ထိုင်နေသလားလို့တောင် ခံစားမိလိုက်ပါတယ်။

ကျမရောက်တုန်းကတော့ ပြပွဲလေးတွေရှိနေပါတယ်။ ဘာလဲလို့ သွားကြည့်မိတော့ အရှေ့တောင်အာရှဘက်က အနုပညာလက်ရာအချို့ကို ပြသနေတာပါ။ ရုပ်ရှင်နဲ့တော့ မဆိုင်ဘူးပေါ့လေ။ တကယ်က တိုကျိုမြို့ကြီးသူမြို့ကြီးသားတွေအနေနဲ့ Ropppongi က အနုပညာပြခန်းတွေဆီမှာ ချိန်းတွေ့တယ်ဆိုတာဟာ ပုံမှန်ပါပဲ။ Taki နဲ့ Okudera-senpai တို့ရဲ့ ကမ္ဘာလေးထဲမှာလည်း သူတို့ ဒီနေရာတွေမှာ ခြေလှမ်းတွေ ချခဲ့ကြမှာပါ။

နောက်တစ်နေရာကတော့ Roppongi Hills က ရှုခင်းကြည့် စင်မြင့်ပါ။ ခုခန်းမကနေ အဲဒီအထိကို လမ်းလျှောက်ရင် ဆယ့်ငါးမိနစ်လောက်တော့ ကြာနိုင်ပါတယ်။

TOKYO CITY VIEW IN ROPPONGI HILLS (1:00–2:00 P.M.)

Roppongi Hills ဆိုတာ ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ၊ စားသောက်ဆိုင်တွေ၊ နာမည်ကြီး ကုန်ပစ္စည်းတွေနဲ့ စည်ကားလှတဲ့နေရာပါ။ Your Name ရုပ်ရှင်ထဲမှာတော့ Taki နဲ့ Okudera-senpai တို့ဟာ Tokyo City View လို့ ခေါ်တဲ့ နေရာဆီကို သွားခဲ့ကြပါတယ်။ ဒီတစ်ခုကတော့ အခမဲ့ မဟုတ်တော့ပါဘူး။ ဝင်ကြေးက ယန်း ¥1,800 တောင်မှပါ။ ဒါပေမယ့်လည်း ဝင်ကြည့်ချင်စိတ်ကတော့ ထိန်းမရတော့ပါဘူး။ 

ကျမသွားတုန်းကတော့ ကံသိပ်မကောင်းခဲ့ပါဘူး။ အထဲမှာ ပြန်ပြီးပြင်ဆင်နေတဲ့ အပိုင်းတွေရှိနေတာမို့ ရုပ်ရှင်ထဲကနဲ့ ကွက်တိကျနိုင်မယ့် ပုံလေးတွေမရခဲ့ပါဘူး။ ပြီးတော့ LDC တီဗီဖန်သားပြင်တွေက မြင်ကွင်းကျယ်ကြီးကို နည်းနည်းရှုပ်နေသလိုလည်း ခံစားမိပါတယ်။

Your Name ရုပ်ရှင်ထဲမှာတော့ Taki နဲ့ Okudera-senpai တို့ဟာ Tokyo City View လို့ ခေါ်တဲ့ နေရာဆီကို သွားခဲ့ကြပါတယ်။

kanae nakamine

အမှန်က တကယ်ကို ချစ်စရာကောင်းတဲ့ အချိန်လေးတစ်ခုကို ရရှိခဲ့ပါတယ်။ ကျမအတွက်က Tokyo City View ကို ရောက်တာ ပထမဆုံးဖြစ်ပြီတော့ တိုကျိုရဲ့ အပေါ်စီးရှုခင်းကို တိုကျိုတာဝါအထိလှမ်းမြင်နေရတဲ့ မြင်ကွင်းက တကယ်မမေ့နိုင်စရာပါပဲ။ 

အချိန်ရခဲ့မယ်ဆိုရင်ပေါ့လေ အောက်ထပ်မှာရော ခုအထပ်မှာရော အနုပညာလက်ရာပြခန်းလေးတွေရှိပါတယ်။ ကျမဝယ်ထားတဲ့ ဝင်ခွင့်လက်မှတ်ထဲမှာ အောက်ထပ်က ပြခန်းဝင်ခွင့်ပါ ပါပြီးသားမို့ ဝင်ကြည့်ခဲ့ပါသေးတယ်။

နောက်တစ်နေရာကတော့ နည်းနည်းလှမ်းပါတယ်။ ဒီတော့ ရထားစီးဖို့လိုပါတယ်။ Roppongi ဘူတာကနေ Ōedo line က ရထားကို စီးရမှာပါ။

YOTSUYA STATION (2:25–2:40 P.M.)

ဒီဘူတာကတော့ Taki နဲ့ Okudera-senpai တို့ ချိန်းတွေ့တဲ့နေရာလေးပါ။ မှန်ပါတယ်။ ကျမသွားတဲ့နေရာတွေက ဇာတ်ကားထဲက အစီအစဥ်နဲ့ နည်းနည်းလွဲနေတာပါ။ ဒါက ရည်ရွယ်ချက်နဲ့ပါ။ လူရှုပ်မယ့်အချိန်တွေကိုရှောင်ပြီး ပုံကောင်းကောင်းတွေရိုက်နိုင်ဖို့ အတွက်ခုလို စီစဥ်တာပါ။ 

Yotsuya ဘူတာက နောက်တစ်ခန်းမှာလည်း ပါပါသေးတယ်။ Taki နဲ့ Okudera-senpai တို့ တွေ့ပြီးတော့ လမ်းနည်းနည်လျှောက်၊ ပြီးတော့ ကျန်ခဲ့တဲ့ နှစ်အနည်းငယ်က Itomori-chō အကြောင်းကို ပြန်ပြောကြတဲ့ အခန်းပါ။ 

အကောင်းဆုံးရိုက်ချက်ကို လိုချင်တယ်ဆိုရင်တော့ ဘူတာကို Akasaka အပေါက်ကနေထွက်ပြီး နောက်ကိုလှည့်ကြည့်လိုက်ပါ…

အပေါ်က မြင်ကွင်းပုံလေးကို ရမှာပါ။

ပြီးတော့ ညာဘက်ကို လှည့်ကြည့်လိုက်ပါဦး…

နောက်ထပ်ဇာတ်ဝင်ခန်းတစ်ခုရဲ့ မြင်ကွင်းပါ။

လှေကားတွေလည်း ရှိပါသေးတယ်။

Yotsuya ဘူတာက လူတော်တော်စည်တဲ့ ဘူတာပါ။ ဒါကြောင့်မို့လို့ ဓာတ်ပုံတွေရိုက်ကြတဲ့အခါမှာ လူတွေကိုတော့ သတိထားရှောင်ရပါလိမ့်မယ်။

နောက်ထပ်တစ်နေရာအနေနဲ့ Suga ဘုရားကျောင်းဘက်ဆီသွားပါမယ်။ တိုက်ရိုက်သွားရင်တော့ ဆယ့်ငါးမိနစ်လောက်ပဲကြာမှပါ။ ကျမက လမ်းတစ်ဖြတ်မှာ ရုပ်ရှင်ထဲကနေရာလေးတွေမှာ ဟိုတစ်ထောက် ဒီတစ်ထောက် ဝင်ဝင်ကြည့်ပါသေးတယ်။

ON THE WAY TO SUGA SHRINE (2:40–3:20 P.M.)

Yotsuya ဘူတာနဲ့ Suga ဘုရားကျောင်းကြားထဲက နေရာတွေကတော့ Your Name ချစ်သူတွေအတွက် အလွန်အရေးကြီးတဲ့နေရာတွေပါ။ ဇာတ်လမ်းတစ်ခုလုံးကို ဆွဲ‌ခေါ်သွားပြီးတော့ မျက်ရည်ညှစ်ချမယ့် နေရာတွေပေါ့။ Taki နဲ့ Mitsuha တို့ တစ်ယောက်နဲ့ တစ်ယောက်လိုက်ရှာကျတဲ့ အခန်းလေးရဲ့ နေရာလေးတွေပါ။ 

ဒီနေရာလေးကတော့ အဲ့ဒီနေရာတွေထဲက တစ်ခုပါ။ မှတ်မိလား ? မှတ်မိတယ်ဆိုရင်တော့ လေးစားပါတယ်။ ဒီအခန်းလေးက တစ်စက္ကန့်လောက်ပဲ ရုပ်ရှင်ထဲမှာ ပါတာပါ။ မှတ်မိတယ်ဆိုရင်တော့ အခေါက်ခေါက်ကြည့်ထားဖူးပုံရပါတယ်။

Yotsuya ဘူတာကနေပြီးတော့ Yotsuya Sanchōme ဘက်ကို ဦးတည်လမ်းလျှောက်ပါ။ Shinjuku Dōri ကို ဘယ်ဘက်အခြမ်းမှာတွေ့ပါလိမ့်မယ်။ ပြီးတော့ Lawson စတိုးဆိုင်လေးတွေ့ပါဦးမယ်။ အဲ့ဒီကနေ ဘယ်ကိုချိုးလိုက်ရင် ဇာတ်ဝင်ခန်းထဲက ဆိုင်းဘုတ်လေးတွေနေရာကို မြင်ရမှာပါ။

အဲဒီနေရာလေးပြီးရင်တော့ Shinjuku Dōri ဘက်ကို ပြန်လှည့်ပါ။ ဆက်လျှောက်ပါ။

မလှမ်းမကမ်းမှာ Softbank ကိုမြင်ရပါမယ်။ ပြီးရင် Kinko’s ကိုပါတွေ့မှာပါ။ ဘယ်ထပ်ချိုးပါဦး။ ပြီးရင် ဆက်လျှောက်ပါ။

လမ်းဆုံလေးကိုတွေ့ပါလိမ့်မယ်။ ဘေးမှာ စာတိုက်ပုံးလေးလည်း တွေ့ဦးမှာပါ။

လမ်းဆုံရောက်ရင်တော့ ဘယ်ဘက်က ကျယ်တဲ့လမ်းကိုသွားပါ။ ဇာတ်ဝင်ခန်းထဲက နောက်တစ်နေရာကို ရောက်မှာပါ။

ဘုရားကျောင်းလှေကားတွေရှိတဲ့ လမ်းဆုံတွေလမ်းခွတွေနဲ့ နီးတဲ့နေရာလေးပါ။

ကျမရောက်ခဲ့တုန်းက ဇာတ်ဝင်ခန်းထဲကအတိုင်းပဲ နေရာထပ်တူနီးပါးတူတဲ့ စက်ဘီးတစ်စီးပါရပ်ထားပါတယ်။ အစက စက်ဘီးကို နေရာနည်းနည်းရွှေ့ပြီး လုံးဝထပ်တူကျတဲ့ ဓာတ်ပုံလေးဖြစ်အောင် ရိုက်ခဲ့မလိုပါပဲ။ ဒါပေမယ့်နောက်မှ အတွေးဝင်သွားတယ်။ ဂျပန်မှာက သူမျးပစ္စည်းကို ခွင့်ပြုချက်မရပဲကိုင်တာက တကယ်က ရိုင်းပါတယ်။ ဒါကြောင့် ဒီတိုင်းလေးပဲ ရိုက်ခဲ့တာပါ။

ခရီးစဥ်တစ်ခုလုံးရဲ့ တကယ့်အသက်နေရာကို ရောက်ပါတော့မယ်။

SUGA SHRINE STAIRS (3:20–4:00 P.M.)

ဘုရားကျောင်းလှေကားထစ်တွေက ဇာတ်ကားတစ်ခုလုံးရဲ့ အသက်ဆိုရင်လည်း မမှားပါဘူး။ Your Name ဇာတ်ကားတစ်ခုလုံးရဲ့ ဇာတ်ရှိန်အမြင့်ဆုံး ဗဟိုချက်နေရာလို့လည်း တချို့ကပြောကြပါသေးတယ်။ ပိုစတာတွေ၊ Anime ချစ်သူတွေ၊ TV ကြော်ငြာတွေမှာလည်း မကြာခဏမြင်နေရတဲ့ မရိုးအီနိုင်တဲ့ မြင်ကွင်းလေးပါပဲ။

ကြော်ငြာတွေမှာတွေ့တဲ့ပုံ (Taki နဲ့ Mitsuha တို့ရဲ့ ကျောင်းဝတ်စုံလေးတွေနဲ့ပုံလေး) က ဇာတ်ကားထဲမှာတော့ အတိအကျပြန်မထည့်ထားပါဘူး။ ပြီးတော့ လှေကားရဲ့ ညာဘက်က အဆောက်အဦရှုခင်းတွေက အပြင်လောကမှာတော့ နည်းနည်းကွဲပါတယ်။ Anime ဖန်တီးတဲ့သူတွေရဲ့ ပိုအသက်ဝင်အောင်ဖန်တီးတတ်တဲ့ အနုပညာတစ်ခုပဲ ထင်ပါတယ်။

ဇာတ်ဝင်ခန်းထဲက မြင်ကွင်းကတော့ အပြင်လောကနဲ့ ပိုပြီးနီးစပ်ပါတယ်။

ဘုရားကျောင်းလှေကားထစ်တွေက ဇာတ်ကားတစ်ခုလုံးရဲ့ အသက်ဆိုရင်လည်း မမှားပါဘူး။ Your Name ဇာတ်ကားတစ်ခုလုံးရဲ့ ဇာတ်ရှိန်အမြင့်ဆုံး ဗဟိုချက်နေရာလို့လည်း တချို့ကပြောကြပါသေးတယ်။

kanae nakamine

ကျမ ‌ရောက်သွားတဲ့ အချိန်တုန်းက အခြားလာလည်ကြတဲ့ ဂျပန်အထက်တန်းကျောင်းသူတွေ၊ တရုတ်ခရီးသွားတွေလည်း အများကြီးရှိပါတယ်။ သူတို့တွေလည်း ကျမ လိုပဲ ဒီခရီးကို စီစဥ်လာခဲ့ကြတယ်နဲ့တူပါတယ်။ ပုံလေးတွေ အမြန်ရိုက်ပြီး အခြားဘက်ဆီခြေဦး သွက်သွက်လှည့်ကုန်ကြတာပါ။

Suga ဘုရားကျောင်းနေရာက တကယ်တော့ ဂျပန်မှာ သာမန်ရပ်ကွက်နေရာတစ်ခုပါပဲ။ Your Name ရုပ်ရှင်ထဲမှာသာ မပါလာခဲ့ရင် လူတွေတကူးတက လာလည်ဖြစ်ကြမယ် မထင်မိပါဘူး။ ဂျပန်အမျိုးသားတစ်ဦးက ဓာတ်ပုံတွေ သေသေချာချာရိုက်နေတဲ့ ကျမကိုတွေ့တော့ လာမေးပါတယ်။ “ဘာလို့ နောက်က ဘုရားကျောင်းကို ဓာတ်ပုံမရိုက်ပဲနဲ့ လမ်းကိုချည်းပဲ ရိုက်နေတာလဲ” တဲ့။ သူကတော့ ဘုရားကျောင်းဆီကို ဆုတောင်းဖို့ လာတာလို့ပြောပါတယ်။ 

တကယ်တော့ Your Name ဇာတ်ကားလေးကြောင့် ကျမတို့ရဲ့ စိတ်ကူးတွေထဲမှာ ကမ္ဘာလေးတစ်ခုဖြစ်နေတာကို သူသိမယ်မထင်ပါဘူး။ အဲဒီနေရာလေးကနေ ကျမ မခွာချင်ပါဘူး။ တကယ်ပါ။ စိတ်ထဲမှာ ကိုယ့်စိတ်ကူးကို ကိုယ်ကိုယ်တိုင် ထိကိုင်နေရသလိုပါပဲ။ ဒါပေမယ့် အခြားနေရာတွေဆီကို ဦးတည်ဖို့ ကျမ ထွက်လာလိုက်ပါတော့တယ်…

နောက်တစ်နေရာကတော့ Meiji Jingu Gaien-mae မှာရှိတဲ့ Meiji Memorial Picture Gallery ပါ။ Suga ဘုရားကျောင်းနဲ့ နည်းနည်းတော့ ဝေးပါတယ်။ ဒါပေမယ့် လမ်းလျှောက်သွားလို့ရပါတယ်။ မိနစ် (၂၀) လောက်တော့ ခြေလှမ်းအပေါ်မူတည်ပြီး ကြာနိုင်ပါတယ်။

MEIJI MEMORIAL PICTURE GALLERY (4:20–4:30 P.M.)

ဒီအခန်းကတော့ ရုပ်ရှင်ဇာတ်လမ်းသွားအရ သိပ်အရေးမပါဘူးလို့ ပြောလို့ရပေမယ့် Meiji Memorial Picture Gallery ကို ကျမ စိတ်ထဲတော့ မှတ်မှတ်ရရ ရှိနေပါတယ်။ အဲဒီနေရာလေးမှာ Mitsuha နဲ့ Taki တို့ ရုပ်ခန္ဒာပြောင်းလွှဲကြတဲ့နေရာလေးပါ။ Mitsuha ဟာ တိုကျိုမြို့ကြီးကို ကိုယ်တိုင်တွေ့မြင်ရလို့ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ကျမ လိုပါပဲ။

ဒီပုံလေးကို ကြည့်တော့မှ Your Name ဇာတ်ကားဟာ ဘယ်လောက်အထိ အသေးစိတ်ကို ဂရုစိုက်ထားတယ်ဆိုတာကို မြင်ရမှာပါ။ ဇာတ်ဝင်ခန်းထဲက ဘီယာကြော်ညာဆိုင်းဘုတ်လေးက အပြင်မှာလည်း တကယ်ရှိနေတာပါ။ ဒါကို မမျှော်လင့်ပဲ သိလိုက်တာပါ။ 

နောက်တစ်ရာကိုတော့ နေဝင်ရီဖျိုးဖျချိန်လေး မတိုင်ခင်ရောက်ချင်တာမို့ Shinanochō ဘူတာဘက်ကို ပြန်သွားပြီး ကော်ဖီဆိုင်လေး တစ်ခုမှာ တစ်နာရီလောက်နားလိုက်ပါတယ်။ ဆောင်းတွင်းဘက်မှာသာ လာဖြစ်ခဲ့မယ်ဆိုရင်တော့ ခုလိုမျိုး နေဝင်ချိန်လေးကို နေ့တာတိုတာမို့ စောင့်စရာလိုမယ်မထင်ပါဘူး။

AROUND SHINANOMACHI STATION (6:00–6:30 P.M.)

ကော်ဖီသောက်ပြီးတော့ လူလည်းလန်းသွားတာနဲ့ ခရီးစဥ်ကို ဆက်လိုက်ပါတယ်။ ဒီတစ်ခါတော့ Shinanomachi ဘူတာဘက်က နေရာနှစ်ခုဆီကိုပါ။

ပထမတစ်ခုက Shinanomachi ဘူတာ ရှေ့ကလမ်းကို ဖြတ်ထားတဲ့ လူကူးခုံးကျော် တံတားတစ်ခုပါ။ ဇာတ်ကားထဲမှာတော့ နှစ်ခါတောင် ပါပါတယ်။ အဆုံးသတ်ပိုင်းနားက Taki က Okudera-senpai နဲ့ တွေ့တဲ့ အခန်းတွေမှာပါ။ 

သစ်ပင်တွေနဲ့ တံတားတွေကတော့ အတိအကျနည်းပါး တူတူပါပဲ။ တစ်ခုတော့ ရှိပါတယ်။ ရုပ်ရှင်ထဲမှာ မပါတဲ့ အဆောက်အဦကြီးတစ်ခုက နောက်မှာ ရှိနေတာပါ။

တံတားနားမှာတော့ Shinjuku/Yoyogi တဝိုက်မှာ အထင်ကရဖြစ်တဲ့ အဆောက်အဦ ရှိပါတယ်။ ဇာတ်ကားထဲမှာလည်းပါတဲ့ NTT Docomo Yoyogi တိုက်ကြီးပါ။

တံတားအဆင်းကို ဘူတာရှိတဲ့ ဘက်အခြမ်းကနေဆင်းလိုက်ရင် ရုပ်ရှင်ထဲမှာပါတဲ့အတိုင်း မြင်ရတဲ့ အခြမ်းဘက်ကို ရောက်မှာပါ။

ခုတော့ Shinjuku ဘက်ကို သွားပါတော့မယ်။ JR Chūō လိုင်းက ရထားကိုစီးပြီးတော့ ခြောက်မိနစ်လောက်ဆိုရင် Shinjuku ဘူတာကိုရောက်ပါပြီ။

YUNIKA VISION (6:50–7:10 P.M.)

Shinjuku မှာ ပထမဦးဆုံးနေရာကတော့ Yunika Vision နေရာပါ။ တီဗီကြော်ညာတွေ၊ သတင်းတွေကို အဆက်မပြတ်ပြနေတဲ့နေရာပေါ့။ လူလည်း တော်‌တော်စည်ပါတယ်။ ဇာတ်ဝင်ခန်းထဲမှာတော့ Tiamat comet ကျလာတဲ့ အကြောင်းပြနေတာကို လမ်းသွားလမ်းလာတွေက စိတ်ဝင်တစားကြည့်နေခဲ့ကြတာပါ။

Shinjuku တဝိုက်က လူတော်တော်စည်ပြီး လမ်းသွယ်လေးတွေများတာကြောင့် ခုမှ ရောက်ဖူးတဲ့သူတွေ အတွက်တော့ မျက်စိလည်စရာပါ။ Yunika Vision နေရာဆီကို ရောက်ဖို့ဆိုရင် Shinjuku ဘူတာကနေ ထွက်တဲ့အခါ east exit ကနေထွက်ဖို့ လိုပါတယ်။ မဟုတ်ရင် အခြားဘက်အခြမ်းကို ရောက်သွားမှာပါ။ ဘူတာကနေ ထွက်လာပြီးတော့ ဘူတာကို ကျောပေးပြီး ဘယ်ဘက်ကို ချိုးပါ။ ပြီးရင် ရထားလမ်းနဲ့ အပြိုင် တည်တည့်ဆက်လျှောက်သွားပါ။ သုံးမိနစ်လောက်အတွင်း Yunika Vision ဆီကိုရောက်မှာပါ။

လူတအားများတာမို့ ဓာတ်ပုံရိုက်ရင်တော့ သတိထားပါ။ (ဂျပန်မှာ ရာဇဝတ်မှုတွေ စိုးရိမ်စရာမရှိပါဘူး။ ကိုယ်က ဓာတ်ပုံဆီကို အာရုံရောက်သွားပြီး လမ်းသွားလမ်းလာတွေကို တိုက်မိတာ၊ ယာဥ် အန္တရာယ်၊ လမ်းအန္တရာယ်တွေကိုပါ။)

ခုကတော့ Shinjuku ရဲ့ အခြားတစ်ဖက်ကို သွားမှာပါ။ Yunika Vision ရဲ့ တစ်ဖက်ခြမ်းက လမ်းဘက်ကိုပဲ ဆက်လျှောက်ပါ။ ခုံးကျော် ရထားလမ်းရှိတဲ့အောက်ဘက်ပါ။

SHINTOSHIN PEDESTRIAN BRIDGE NEAR TAKARAZUKA UNIVERSITY (7:20–7:40 P.M.)

ခုနှစ်မိနစ်လောက် လမ်းလျှောက်ပြီးတဲ့ အခါမှာ လူကူးခုံးကျော်တံတားလေးကို တွေ့မှာပါ။

မှတ်မိလားတော့ မသိဘူး။ ဒီနေရာ‌လေးက Taki နဲ့ Mitsuha တို့ နှင်းတွေကြားထဲမှာ လမ်းလျှောက်တဲ့ အခန်းလေးပါ။ (ရုပ်ရှင်ထဲမှာတော့ သူတို့ တစ်ယောက်နဲ့ တစ်ယောက် သိတယ်လို့ ထင်နေကြမှာပါ။)

ရုပ်ရှင်ထဲကမြင်ကွင်းကို ထပ်တူနီးပါးလိုချင်ရင်တော့ Cafe Veloce နားမှာ ခဏရပ်လိုက်ပါ။

လူကူးခုံးကျော်တံတားလေးပေါ်ကို တက်လိုက်ရင်တော့ Your Name ဇာတ်ကားထဲက ဇာတ်ဝင်ခန်းထဲပါတဲ့ နောက်တစ်နေရာကို ရောက်ပါပြီ။

မှတ်မိလားတော့ မသိဘူး။ ဒီနေရာ‌လေးက Taki နဲ့ Mitsuha တို့ နှင်းတွေကြားထဲမှာ လမ်းလျှောက်တဲ့ အခန်းလေးပါ။

kanae nakamine

ဇူလိုင်လမှာ ကျမရောက်သွားတာမို့ နှင်းတွေတော့ ကျမနေပါဘူး။ ဒါပေမယ့် နောက်က ရေးထားတဲ့ စာတွေနဲ့ ဆိုင်းဘုတ်တွေကို ကြည့်ကြည့်ပါဦး။ 

ရုပ်ရှင်ထဲမှာပါတဲ့ ဆိုင်းဘုတ်က  “Chonschon(?)” ဆိုပြီး လိုဂိုတစ်ခု မထင်မရှားနဲ့ပါ။ တကယ့်အပြင်မှာတော့ “Johnson” ဆိုတဲ့ ဆိုင်းဘုတ်လိုဂိုပါ။ နောက်မှ ထပ်ရှာကြည့်တော့ Johnchonschonson  ဆိုတာက ဘာသာပြန်လုပ်ငန်းတွေလုပ်တဲ့ ကုမ္ပဏီတစ်ခုပါ။ ကံကောင်းတာက ကျမရောက်သွာတဲ့ အချိန်အထိ ကုမ္ပဏီရုံးခန်းက မပိတ်သေးပဲ မီးလင်းနေတာမို့ ဇာတ်ဝင်ခန်းထဲကနဲ့ တူတဲ့ ပုံတစ်ခုကို ရခဲ့ပါတယ်။

နောက်တစ်နေရာကတော့ သိပ်မဝေးပါဘူး။ ငါးမိနစ် လမ်းလျှောက်စာပဲရှိပါတယ်။ ဒါပေမယ့် အဲဒီနေရာနား တဝိုက်က လမ်းနဲ့ ပတ်ဝန်းကျင်တွေက ဆင်တူယိုးမှားလေးတွေမို့ လမ်းပျောက်မျက်စိလည်တာမျိုးတော့ ဖြစ်နိုင်ပါတယ်။ Google Map က အတော်လေး အသုံးဝင်ပါတယ်။ 

လူကူးခုံးကျော်တံတားကို ဆင်းတဲ့အခါမှာ ပုံထဲကလို ကွေးကွေးနဲ့ မြင်ရတဲ့ အဆောက်အဦဘက်အခြမ်းကနေ ဆင်းပါ။ (မြင်ရင်သိမှာပါ။) Family Mart နဲ့ Starbucks ဆိုင်တွေကို အဆောက်အဦရဲ့ ညာဘက်မှာ တွေ့ရမှပါ။ တည့်တည့်ဆက်သွားပြီး ပထမဆုံးလမ်းချိုးကိုရောက်ရင် ဘယ်ဘက်ကို ချိုးလိုက်ပါ။ LOVE ကို တွေ့တဲ့ အထိသွားပါ။ LOVE ဆိုတာကတော့ အမေရိကန်အနုပညာရှင် Robert Indiana ထုလုပ်ခဲ့တဲ့ ရုပ်တုပါ။ 

INTERSECTION BEHIND SHINJUKU POLICE STATION (7:45–8:00 P.M.)

LOVE ကို ကျော်သွားပြီးရင်တော့ နောက်တစ်နေရာကို ရောက်ပါပြီ။

ရုပ်ရှင်ထဲမှာတော့ ဒီမီးပွိုင့်ကို အမြန်ပြကွက်အတိုလေးနဲ့ ထည့်သွင်းထားတာပါ။ Mitsuha နဲ့ Taki ပထမဦးဆုံးအနေနဲ့ ရုပ်ခန္ဒာအလွှဲအပြောင်းလုပ်ပြီး သူတို့ကိုယ်သူတို့ ပြန်သိလိုက်ရတဲ့ အခန်းမှာပါ။ Shinjuku တဝိုက်နဲ့ ရင်းနှီးတဲ့သူတွေအတွက်ကတော့ နောက်ခံ အဆောက်အဦဟာ Cocoon Tower ဆိုတာကို မြင်တာနဲ့ တန်းသိကြမှာပါ။

ဇာတ်ဝင်ခန်းထဲကလို မြင်ကွင်းမျိုးလိုချင်ရင်တော့ Wide Angle Lens ကို သုံးမှရမှာပါ။ ပြီးတော့ ဒီပုံကို ရိုက်ဖို့အတွက်နဲ့ ကားလမ်းမပေါ်မတက်သင့်ပါဘူး။ တချို့လူတွေ ကားလမ်းမပေါ်တက်နေကြတာ တွေ့ပါတယ်။ ဒါဟာ အလွန် အန္တရာယ်များလွန်းပါတယ်။

နောက်တစ်ရာကတော့ နည်းနည်းလှမ်းပါတယ်။ ဒါပေမယ့် ကျမကတော့ လမ်းပဲလျှောက်သွားလိုက်ပါတယ်။ လမ်းလျှောက်တာ နာရီဝက်လောက်ကြာသွားပါတယ်။ Shinjuku မှာ ညဘက် လမ်းလျှောက်ရတာ တော်တော်ပျော်စရာ ကောင်းတာပါ။ 

လမ်းမလျှောက်ချင်တဲ့ သူတွေအတွက်ကတော့ Nishi-Shinjuku ဘူတာကနေ Marunouchi လိုင်းက ရထားကို စီးပြီး Shinjukugyoen-mae ဘူတာမှာ ဆင်းလို့ရပါတယ်။

CAFE LA BOHÉME NEAR SHINJUKU GYOEN (8:30–10:00 P.M.)

နောက်ဆုံး အခန်းနားကိုတော့ ရောက်လာပါပြီ။ Taki နဲ့ Okudera-senpai အလုပ်လုပ်တဲ့နေရာပါ။ အပြင်မှာတော့ အဲ့ဒီနေရာက စားသောက်ဆိုင် Cafe La Bohéme (カフェ ラ・ボエム) နေရာပါ။

Your Name ရုပ်ရှင်ထဲမှာတော့ စားသောက်ဆိုင်က ပိုကြီးပြီး လူသွားလူလာ အရမ်းရှုပ်တဲ့ လမ်းဘေးမှာ ရှိတာပါ။ အပြင်မှာတော့ ဆိတ်ငြိမ်ပြီး အေးချမ်းတဲ့ Shinjuku Gyoen ဘေးက နေရာလေးပါ။ 

စားသောက်ဆိုင်ကတော့ အလွယ်စား စားသောက်ဆိုင်မဟုတ်ပဲ Dress Code ရှိပါတယ်။ လာစားချင်တဲ့ သူတွေအနေနဲ့ သင့်လျော်တဲ့ ဝတ်စားဆင်ယင်မှု ရှိမှသာ အထဲကို ဝင်ခွင့်ပြုတာပါ။ (ဥပမာ – တီရှပ်တွေ၊ ဆွယ်တာဘောင်းဘီအပွတွေ၊ အိမ်နေစီး ညှပ်ဖိနပ်တွေနဲ့ ဝင်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဂျပန်မှာကတော့ သတ်မှတ်ချက်တွေရှိရင် သတ်မှတ်ချက်တွေအတိုင်း လိုက်နာကြတာမို့ ဘာမှတော့ ပြဿနာ အထွေအထူးရှိမှာ မဟုတ်ပါဘူး။)

ကျမရောက်တဲ့ အချိန်ကတော့ ည (၈) နာရီ ဖြစ်နေပါပြီ။ ညစာကို အဲဒီမှာပဲ စားလိုက်ပါတယ်။ လူလည်း သိပ်မများပဲ ဆိတ်ငြိမ်ပါတယ်။ (တိုကျိုမှာကတော့ စားသောက်ဆိုင်အတော်များများက နည်းနည်း ဆူပါတယ်။ ဒါကတော့ စားသောက်ဆိုင်ရဲ့ စတိုင်နဲ့ သက်ဆိုင်မယ်လည်း ထင်ပါတယ်။)

မှန်ပြတင်းပေါက် အကြီးကြီးတွေ၊ ဟင်းချက်ခန်းတွေနဲ့ ဝန်ထမ်းတွေရဲ့ ယူနီဖေါင်းအရောင်တွေ စသဖြင့် အဲတာတွေက ကျမကို Your Name အကြောင်းကိုပဲ တွေးမိစေပါတယ်။ ပီဇာ တစ်ချပ်မှာလိုက်ပါတယ်။ စားကောင်းပါတယ်။

အခြားအစားအစာတွေလည်း အရသာမဆိုးပါဘူး။ ကောင်းတဲ့အထဲပါပါတယ်။ ပိုကောင်းတဲ့ တစ်ချက်က ဒီလိုအနေအထားနဲ့ စားသောက်ဆိုင်တစ်ခုက ကျမမျှော်လင့်ထားသဘောက်ကို စျေးမကြီးပဲ စျေးချိုတာပါ။ နောက်လည်း ကြုံရင်လာစားဖို့ တေးထားလိုက်ပါတယ်။

နိဂုံး

တကယ်တော့ ဒါတွေက တိုကျိုထဲက နေရာတွေပါ။ အခြားနေရာအချို့လည်း ကျန်သေးပေမယ့် တစ်ရက်တာ တိုကျိုကို လည်ပတ်ပြီး Your Name နဲ့ ဆက်နွယ်မှုတွေကို ရှာဖွေချင်တဲ့သူတွေအတွက်ကတော့ အတော်အသုံးဝင်မှာပါ။ 

တကယ်က တချို့ဆက်နွယ်မှုလေးတွေကို ကိုယ့်ဖာသာရှာဖွေပြီး ကြည်နူးရတာလည်း ပျော်စရာတစ်ခုပါပဲ။ ခုဆောင်းပါးထဲမှာပါတဲ့ အချက်တွေထက်ပိုပြီးတော့ ဆက်နွယ်မှု အသစ်တွေကိုလည်း တွေ့ကောင်းတွေ့နိုင်မှာပါ။ 

တိုကျိုကို အလည်ရောက်ဖြစ်ခဲ့ရင်တော့ Your Name အကြောင်းလေးကို တွေးမိကြမယ်ထင်ပါတယ်။

ရှခိုတန် ကျွန်းဆွယ် (Shakotan Peninsula)

ဟိုကိုင်းဒိုးရဲ့ အနောက်ဘက်မှာတည်ရှိပြီး ဂျပန်ပင်လယ်ပြင်ဘက်ကို မျက်နှာမူနေတဲ့ ကျွန်းဆွယ်ပါ။ Shakotan ကျွန်းဆွယ်ဟာ (၄၂) ကီလိုမီတာလောက်ရှည်ပါတယ်။ 

Kamui အငူ

Kamui အငူကနေကြည့်လိုက်ရင် ရပ်သပ်ရှုမောဖွယ်ရာမြင်ကွင်းကို မြင်ရမှာပါ။

Shakotan Blue (ရှခိုတန် အပြာရောင်) ကိုမြင်ရတဲ့ Kamui အငူ

အဲဒီကနေမြင်ရတဲ့ ပင်လယ်ပြင်ရဲ့အရောင်ကိုတောင် Shakotan Blue (ရှခိုတန် အပြာရောင်) လို့ သီးသန့်တင်စားခေါ်ဝေါ်ကြပါတယ်။

ရှခိုတန်ကျွန်းဆွယ်မှ မြင်ကွင်း

Kamui ဆိုတာ အိုင်းနုလူမျိုးတွေရဲ့ ဘာသာစကားနဲ့ နတ်ဘုရားလို့ အဓိပ္ပာယ်ရပါတယ်။ 

Kamui အငူ အနီးတဝိုက်

(၁၈၅၅) ခုနှစ်အထိ ရှခိုတန်ကျွန်းဆွယ်ပေါ်က အငူကို အမျိုးသမီးတွေ လာခွင့်မရှိခဲ့ပါဘူး။ ရှခိုတန်ကျွန်းဆွယ်မှာ ပင်လယ်စာလည်းပေါပါတယ်။

Uni လို့ခေါ်တဲ့ သံပခြုပ်ကောင်

အပေါဆုံးကတော့ Uni လို့ခေါ်တဲ့ သံပခြုပ်ကောင်တွေပါပဲ။ အစိမ်းလည်းစားလို့ရသလို ဂျပန်ဟင်းလျာအနေနဲ့ အမျိုးမျိုးရနိုင်ပါတယ်။

神威岬

Kozakicho, 046-0321, Japan

ဇွန်လမှာ သံပခြုပ်ကောင်တွေပေါပြီး ဆောင်းဦးပေါက်လာရင် ဆောလ်မွန်ငါးတွေပေါပါတယ်။

ဒေသထွက် ငါးအမျိုးမျိုးကိုလည်း လတ်လတ်ဆတ်ဆတ် မြည်းစမ်းကြည့်နိုင်ပါတယ်။

(နွေရာသီ) Sapporo Station Terminal က Hokkaido Chuo Bus လိုင်း၊ Shakotan ကိုပြေးဆွဲနေတဲ့ အဝေးပြေးကားကိုစီးပါ။ Mikuni မှာ ဆင်းပါ။ နှစ်နာရီလောက် စီးရပါမယ်။

(မေလမှ နိုဝင်ဘာအထိ) JR Yoichi ဘူတာကနေပြီးတော့ Kamui ကိုသွားတဲ့ ဘတ်စ်ကားကို စီးပါ။

ရေပူစမ်းငရဲတောင်ကြား (Noboribetsu Jigokudani)

Noboribetsu Jigokudani ဆိုတာကတော့ Mt. Hiyoriyama မီးတောင်ပေါက်ကွဲရာကနေ ဖြစ်ပေါ်လာခဲ့တာပါ။

Noboribetsu Jigokudani လျှောက်လမ်း

အဲဒီဒေသမှာရှိတဲ့ Noboribetsu ရေပူစမ်းရဲ့ သဘာဝအလျောက်ဖြစ်ပေါ်နေတဲ့ ရေနွေးတွေဟာ Noboribetsu Jigokudani ကနေလာတာပါ။ 

Noboribetsu Jigokudani ကိုတွေ့မြင်ရစဥ်

ဂျပန်လို ငရဲကို Jigoku လို့‌ခေါ်တဲ့ အမည်နဲ့လိုက်အောင်ပဲ မြေတွင်းအောင်းပူတွေနဲ့ ဆူနေတဲ့ရေနွေးတွေဟာ တသွင်သွင်ထွက်နေတာပါ။

ဆာလဖာအနံ့သင်းနေတဲ့ Noboribetsu Jigokudani

ဒါနဲ့အတူပါလာတာကတော့ မြေကြီးထဲက ဆာလဖာဓာတ်တွေပါပဲ။ အဲဒီဆာလဖာဓာတ်တွေကြောင့် ပတ်ဝန်းကျင်ကလေထုဟာ ကြက်ဥပုပ်နံ့ထွက်နေနိုင်ပါတယ်။

登別地獄谷

Noboribetsuonsencho, Noboribetsu, Hokkaido 059-0551, Japan

မီးတွေကို ပုံမှန် ည (၁၁) နာရီအထိဖွင့်ပေးထားပါတယ်။

တောင်ကြားဟာ မီတာ (၄၅၀) ကျယ်ဝန်းပြီး ရေထွက်ကနေ မိနစ်တိုင်းမှာ လီတာ (၃၀၀၀) ကျော် ထွက်ရှိနေပါတယ်။

Muroran ရထားလိုင်းစီးပြီး JR Noboribetsu ဘူတာမှာဆင်းပါ။

ဘတ်စ်ကားစီးပြီး Noboribestu Onsen ရောက်ရင် ဆယ်မိနစ်ခန့်လမ်းလျှောက်ပြီး Jigokudani ကိုရောက်ပါပြီ။

ခမိနိုကို ရေကန် (Kaminoko Pond)

အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကြည်လင်နေတဲ့ သဘာဝရေကန်တစ်ခုပါ။

Kaminoko ရေကန်အတွင်းက လဲကျနေသော သစ်ပင်ကြီးများ

ရေဟာ အပြာရောင်သမ်းပြီးတော့ အနီးစပ်ဆုံး Mashu ရေကန်ကရေတွေဟာ ရေအောက်စမ်းချောင်းတွေကနေ တစ်ဆင့် ခမိနိုကို ရေကန်ထဲကို စီးဝင်ဝာာပါ။ 

ဆောင်းဦးမှာ မြင်ရတဲ့ Kaminoko ရေကန်

နွေဦးကနေ ဆောင်းဦးအထိကတော့ နေရောင်ပြင်းတာကြောင့် ရေဟာ အပြာဖျော့ဖျော့ မိုးပြာရောင်ဘက်ကို သမ်းပါတယ်။ ဆောင်းတွင်းရောက်လာပြီဆိုရင်တော့ ခရမ်းရောင်ဘက်ကို သမ်းသွားတာပါ။ 

ဆောင်းရာသီမှာ မြင်ရတဲ့ Kaminoko ရေကန်

ရေထဲကို သဘာဝအလျောက်လဲကျနေတဲ့ သစ်ပင်ကြီးတွေဟာ ရေကန်တဲ့ တစ်နှစ်ပတ်လုံး အပူချိန် (၈) ဒီဂရီ ဆဲလ်စီးယပ်စ်ပဲရှိတာကြောင့် ဆွေးမြေ့သွားခြင်းမရှိပါဘူး။ 

Oshorokoma ငါး (オショロコマ)

Oshorokoma လို့ခေါ်တဲ့ ငါးလေးတွေ သဘာဝအလျောက်ကူးခတ်နေတာကို မြင်တွေ့ရမှာပါ။

神の子池

Kiyoizumi, 清里町 Kiyosato, Shari District, Hokkaido 099-4526, Japan

မနက်ပိုင်းသွားတာကောင်းပါတယ်။ ညနေပိုင်းကျရင် လူများလာပါလိမ့်မယ်။

ခြင်မကိုက်လိမ်း‌ဆေးလိုမျိုး အင်းဆက်ပိုးမွှားတွေရန်က ကာကွယ်ဖို့ ပစ္စည်းတွေကို ဆောင်သွားသင့်ပါတယ်။ နှင်းတွေဟာ မေလကုန်လောက် အထိ ရှိနေနိုင်တာမို့ ချော်မလဲအောင် သတိထားသင့်ပါတယ်။

Ghibli ပြခန်း

Ghibli ပြတိုက်ဆိုတဲ့ နာမည်နဲ့ဆို ထပ်ရှင်းပြစရာမလိုအောင် ပြီးပြည့်စုံပြီးသားဖြစ်မှာပါ။

ဝင်္ကဘာလမ်းလိုမျိုး ပြတိုက်တွင်းမှာ စတုဒီယို Ghibliရဲ့ Anime တွေကို ထုတ်လုပ်တဲ့မြင်ကွင်းနဲ့ အော်ရီဂျင်နယ် ဇာတ်လမ်းတိုကာတွန်းရုပ်ရှင်တွေကို ကြည့်ရှုခံစားရမှာပါ။

စိမ်းလန်းစိုပြေတဲ့သဘာဝပတ်ဝန်းကျင်ကလည်း ဆွဲဆောင်မှု အပြည့်ရှိပါတယ်။

Totoro ဇာတ်ကားကြည့်ဖူးသူတွေ အမှတ်ရကြမယ့်ဝင်ပေါက်လေး

အပတ်စဥ် အင်္ဂါနေ့တိုင်းပိတ်ပါတယ်။

ဟာချိကို (Hachiko)

တိုကျို ရှိဘုယရဲ့ တွေ့ဆုံကြဖို့ ချိန်းဆိုတဲ့နေရာအဖြစ် လူကြိုက်နှစ်သက်မှု တစ်ခဲနက်ရရှိထားတဲ့ ကြေးရုပ်ထုဖြစ်ပါတယ်။

တိုကျိုတက္ကသိုလ် ပါမောက္ခ အုအဲနိုအဲအိဇာဘုရိုရဲ့ အချစ်တော်ခွေးလေးဖြစ်ပြီး ရှိဘုယဘူတာကို ‌နေ့တိုင်းသွားစောင့်ကြိုခဲ့ပါတယ်။ သခင်သေဆုံးပြီးတဲ့နောက်မှာလဲ ဘူတာမှာ ပြန်မလာနိုင်တဲ့ သခင်ကို ဆက်စောင့်နေတယ်ဆိုတဲ့ ဟာချိကို ခွေးလေးကို အစွဲပြုပြီး ကြေးရုပ်ထုပြုလုပ်ခဲ့တာဖြစ်တယ်။

အဲဒီ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးနဲ့ ဟာချိခိုက အခုထိလည်း များစွာသောလူတွေရဲ့ အချစ်တွေကို ဆက်လက်ခံယူနေဆဲပါပဲ။

ဟာချိကိုရဲ့ အကြောင်း

ဟာချိကို ( Hachiko ) ဆိုတဲ့ခွေးလေးကို ၁၉၂၃ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ Hachiko ရဲ့ ပိုင်ရှင်ကတော့ အိဇဘုရို အုအဲနို ဆိုတဲ့ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပါတယ်။

ပါမောက္ခက သူ့ကိုစတွေ့တဲ့အချိန်တုန်းမှာ ခြေထောက်ကနည်းနည်းကောက်နေတာကို သတိထားမိခဲ့ပါတယ်။ အဲ့ဒီပုံစံက ဂျပန်စကားလုံး ခန်းဂျီးအရဆိုရင် ဟချိဆိုတဲ့ ( 八)ဆိုတဲ့ စကားလုံးနဲ့တူတဲ့အတွက် ဟာချိကို ( Hachiko ) လို့ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။

နှစ်အနည်းငယ်ကြာတဲ့အခါ ပါမောက္ခက သူ့သမီးကိုပေးဖို့အတွက် ခွေးလေးက လက်ဆောင်အနေနဲ့ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့သမီးလက်ထပ်သွားတဲ့အခါမှာတော့ သူ့ခင်ပွန်းနဲ့ သွားနေဖို့အတွက် ခွေးလေးကိုထားခဲ့ပါတယ်။ ဒါကြောင့် ပါမောက္ခက သူများကိုပေးမယ့်အစား ယူမွေးထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဟာချိကို က သူ့ရဲ့သခင်အလုပ်ကိုသွားတဲ့ မနက်တိုင်း ရှိဘုယဘူတာကို လိုက်ပို့ပါတယ်။ နောက်ပြီး သခင်ပြန်လာမယ့်ညနေတိုင်း ရှိဘုယဘူတာမှာ အမြဲသွားစောင့်ပါတယ်။

ဘူတာရုံမှာ သခင်ကို သွားစောင့်နေခဲ့တဲ့ ဟာချိကို

တစ်နေ့မှာတော့ ပါမောက္ခကြီးဟာ ရုတ်တရက် စာသင်နေရင်းနှလုံးရပ်ပြီးသေဆုံးသွားပါတော့တယ်။ ဟချိခိုလေးကတော့ ဘယ်လိုပဲဖြစ်ဖြစ်  ရှိဘုရဘူတာမှာ စောင့်မြဲတိုင်းစောင့်နေပါတယ်။ တစ်ရက်ပြီးတစ်ရက် ဘူတာရုံကို သွားပြီးတော့ လူပေါင်းထောင်ချီကြားထဲမှာ သူ့သခင်ရဲ့ မျက်နှာကို နေ့တိုင်းရှာဖွေနေပါတော့တယ်။

အဲ့ဒီရက်တွေက တဖြည်းဖြည်းနဲ့ လတွေကနေ နှစ်တွေထိ ပြောင်းလဲလာခဲ့ပါတယ်။ သူ့သခင်ကိုစောင့်ခဲ့တဲ့ နှစ်ပေါင်း ဘယ်နှစ်နှစ်လို့ထင်ပါသလဲ?

နှစ်ပေါင်း ၉ နှစ်ကြာပါတယ်။

ဟာချိကိုရဲ့ နောက်ဆုံးခရီး

အံ့ဩစရာကောင်းလောက်အောင် သစ္စာရှိလွန်းလှပါတယ်။ သူသေဆုံးခဲ့တာက အသက်ကြီးလာတဲ့အတွက်ကြောင့်ဖြစ်ပြီးတော့ သေဆုံးခဲ့တဲ့နေရာကတော့ ခါတိုင်းသခင်ကိုစောင့်နေကျနေရာ လေးမှာပဲဖြစ်ပါတယ်။

အရမ်းသစ္စာရှိတဲ့ခွေးဖြစ်တာကြောင့် တိုကျိုမြို့ မှာရှိတဲ့ အအိုယ စီရင်စု က သူ့ သခင်ရဲ့ အုပ်ဂူဘေးမှာမြှုပ်နှံပေးခဲ့ပါတယ်။

ဟာချိကို ရဲ့ ရုပ်ထုကို ရှိဘုယဘူတာရှေ့မှာ တွေ့ရမှာဖြစ်ပြီး ရုပ်ထုအောက်မှာတော့ မတ်လ ၉ ရက် ၁၉၃၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ နှစ်တွေအများကြီးကြာသွားတာတောင် သစ္စာရှိတဲ့ခွေးလေးဖြစ်တဲ့ ဟာချိကို ရဲ့ဇာတ်လမ်းလေးက ဆက်လက်ပြီးတော့ရှင်သန်နေဦးမှာပါ။

နှင်းတွေကြားထဲက Hachiko ရုပ်တုလေး
Hachiko ကြေးရုပ်လေးရဲ့ အနီးကပ်

2 Chome-1 Dogenzaka, Shibuya City, Tokyo 150-0043, Japan

〒150-0043 東京都渋谷区道玄坂2丁目1

Shibuya Station အထွက်ပေါက်နား

JR Yamanote Line/Tokyu Toyoko Line/Tokyo Metro Hanzomon Line