fbpx

Ghibli ပြခန်း

Ghibli ပြတိုက်ဆိုတဲ့ နာမည်နဲ့ဆို ထပ်ရှင်းပြစရာမလိုအောင် ပြီးပြည့်စုံပြီးသားဖြစ်မှာပါ။

ဝင်္ကဘာလမ်းလိုမျိုး ပြတိုက်တွင်းမှာ စတုဒီယို Ghibliရဲ့ Anime တွေကို ထုတ်လုပ်တဲ့မြင်ကွင်းနဲ့ အော်ရီဂျင်နယ် ဇာတ်လမ်းတိုကာတွန်းရုပ်ရှင်တွေကို ကြည့်ရှုခံစားရမှာပါ။

စိမ်းလန်းစိုပြေတဲ့သဘာဝပတ်ဝန်းကျင်ကလည်း ဆွဲဆောင်မှု အပြည့်ရှိပါတယ်။

Totoro ဇာတ်ကားကြည့်ဖူးသူတွေ အမှတ်ရကြမယ့်ဝင်ပေါက်လေး

အပတ်စဥ် အင်္ဂါနေ့တိုင်းပိတ်ပါတယ်။

ဟာချိကို (Hachiko)

တိုကျို ရှိဘုယရဲ့ တွေ့ဆုံကြဖို့ ချိန်းဆိုတဲ့နေရာအဖြစ် လူကြိုက်နှစ်သက်မှု တစ်ခဲနက်ရရှိထားတဲ့ ကြေးရုပ်ထုဖြစ်ပါတယ်။

တိုကျိုတက္ကသိုလ် ပါမောက္ခ အုအဲနိုအဲအိဇာဘုရိုရဲ့ အချစ်တော်ခွေးလေးဖြစ်ပြီး ရှိဘုယဘူတာကို ‌နေ့တိုင်းသွားစောင့်ကြိုခဲ့ပါတယ်။ သခင်သေဆုံးပြီးတဲ့နောက်မှာလဲ ဘူတာမှာ ပြန်မလာနိုင်တဲ့ သခင်ကို ဆက်စောင့်နေတယ်ဆိုတဲ့ ဟာချိကို ခွေးလေးကို အစွဲပြုပြီး ကြေးရုပ်ထုပြုလုပ်ခဲ့တာဖြစ်တယ်။

အဲဒီ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးနဲ့ ဟာချိခိုက အခုထိလည်း များစွာသောလူတွေရဲ့ အချစ်တွေကို ဆက်လက်ခံယူနေဆဲပါပဲ။

ဟာချိကိုရဲ့ အကြောင်း

ဟာချိကို ( Hachiko ) ဆိုတဲ့ခွေးလေးကို ၁၉၂၃ ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ Hachiko ရဲ့ ပိုင်ရှင်ကတော့ အိဇဘုရို အုအဲနို ဆိုတဲ့ တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်ပါတယ်။

ပါမောက္ခက သူ့ကိုစတွေ့တဲ့အချိန်တုန်းမှာ ခြေထောက်ကနည်းနည်းကောက်နေတာကို သတိထားမိခဲ့ပါတယ်။ အဲ့ဒီပုံစံက ဂျပန်စကားလုံး ခန်းဂျီးအရဆိုရင် ဟချိဆိုတဲ့ ( 八)ဆိုတဲ့ စကားလုံးနဲ့တူတဲ့အတွက် ဟာချိကို ( Hachiko ) လို့ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။

နှစ်အနည်းငယ်ကြာတဲ့အခါ ပါမောက္ခက သူ့သမီးကိုပေးဖို့အတွက် ခွေးလေးက လက်ဆောင်အနေနဲ့ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့သမီးလက်ထပ်သွားတဲ့အခါမှာတော့ သူ့ခင်ပွန်းနဲ့ သွားနေဖို့အတွက် ခွေးလေးကိုထားခဲ့ပါတယ်။ ဒါကြောင့် ပါမောက္ခက သူများကိုပေးမယ့်အစား ယူမွေးထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဟာချိကို က သူ့ရဲ့သခင်အလုပ်ကိုသွားတဲ့ မနက်တိုင်း ရှိဘုယဘူတာကို လိုက်ပို့ပါတယ်။ နောက်ပြီး သခင်ပြန်လာမယ့်ညနေတိုင်း ရှိဘုယဘူတာမှာ အမြဲသွားစောင့်ပါတယ်။

ဘူတာရုံမှာ သခင်ကို သွားစောင့်နေခဲ့တဲ့ ဟာချိကို

တစ်နေ့မှာတော့ ပါမောက္ခကြီးဟာ ရုတ်တရက် စာသင်နေရင်းနှလုံးရပ်ပြီးသေဆုံးသွားပါတော့တယ်။ ဟချိခိုလေးကတော့ ဘယ်လိုပဲဖြစ်ဖြစ်  ရှိဘုရဘူတာမှာ စောင့်မြဲတိုင်းစောင့်နေပါတယ်။ တစ်ရက်ပြီးတစ်ရက် ဘူတာရုံကို သွားပြီးတော့ လူပေါင်းထောင်ချီကြားထဲမှာ သူ့သခင်ရဲ့ မျက်နှာကို နေ့တိုင်းရှာဖွေနေပါတော့တယ်။

အဲ့ဒီရက်တွေက တဖြည်းဖြည်းနဲ့ လတွေကနေ နှစ်တွေထိ ပြောင်းလဲလာခဲ့ပါတယ်။ သူ့သခင်ကိုစောင့်ခဲ့တဲ့ နှစ်ပေါင်း ဘယ်နှစ်နှစ်လို့ထင်ပါသလဲ?

နှစ်ပေါင်း ၉ နှစ်ကြာပါတယ်။

ဟာချိကိုရဲ့ နောက်ဆုံးခရီး

အံ့ဩစရာကောင်းလောက်အောင် သစ္စာရှိလွန်းလှပါတယ်။ သူသေဆုံးခဲ့တာက အသက်ကြီးလာတဲ့အတွက်ကြောင့်ဖြစ်ပြီးတော့ သေဆုံးခဲ့တဲ့နေရာကတော့ ခါတိုင်းသခင်ကိုစောင့်နေကျနေရာ လေးမှာပဲဖြစ်ပါတယ်။

အရမ်းသစ္စာရှိတဲ့ခွေးဖြစ်တာကြောင့် တိုကျိုမြို့ မှာရှိတဲ့ အအိုယ စီရင်စု က သူ့ သခင်ရဲ့ အုပ်ဂူဘေးမှာမြှုပ်နှံပေးခဲ့ပါတယ်။

ဟာချိကို ရဲ့ ရုပ်ထုကို ရှိဘုယဘူတာရှေ့မှာ တွေ့ရမှာဖြစ်ပြီး ရုပ်ထုအောက်မှာတော့ မတ်လ ၉ ရက် ၁၉၃၅ ခုနှစ်မှာ ကွယ်လွန်ခဲ့တယ်လို့ မှတ်တမ်းတင်ထားပါတယ်။ နှစ်တွေအများကြီးကြာသွားတာတောင် သစ္စာရှိတဲ့ခွေးလေးဖြစ်တဲ့ ဟာချိကို ရဲ့ဇာတ်လမ်းလေးက ဆက်လက်ပြီးတော့ရှင်သန်နေဦးမှာပါ။

နှင်းတွေကြားထဲက Hachiko ရုပ်တုလေး
Hachiko ကြေးရုပ်လေးရဲ့ အနီးကပ်

2 Chome-1 Dogenzaka, Shibuya City, Tokyo 150-0043, Japan

〒150-0043 東京都渋谷区道玄坂2丁目1

Shibuya Station အထွက်ပေါက်နား

JR Yamanote Line/Tokyu Toyoko Line/Tokyo Metro Hanzomon Line

ဂင်းဇ (Ginza)

တိုကျိုရဲ့ နာမည်ကြီး နေရာတစ်ခုဖြစ်ပါတယ်။

Mitsukoshi နဲ့ Matsuya တို့လို နှစ်ပေါင်းများစွာ ဖွင့်ထားတဲ့ ကုန်တိုက်ကြီးတွေအပြင် အဆင့်မြင့်ယန်းတစ်ရာဆိုင်နဲ့ အဆင့်မြင့်နာမည်ကြီးတံဆိပ်ဆိုင်တွေ တန်းစီရှိပြီး ခေတ်ဟောင်းစားသောက်ဆိုင်များ၊ Kabuki ပြဇာတ်ရုံစတဲ့ ရိုးရာယဉ်ကျေးမှုတွေ ရှင်သန်နေတဲ့ကြားမှာ ZARA နဲ့ Uniqlo စတဲ့ စျေးသက်သာတဲ့ လူငယ် ဖန်စီအသုံးအဆောင်တွေလည်း တစ်ချိန်တည်းမှာ ရနိုင်တဲ့နေရာဖြစ်ပါတယ်။

Ginza ကိုတွေ့မြင်ရစဥ်
Ginza ရဲ့ ညမြင်ကွင်း
Ginza ရဲ့ ညမြင်ကွင်း

銀座

Chuo City, Tokyo 104-0061

Japan

လကုန်ရက်တွေနဲ့ စနေ၊ တနင်္ဂနွေနေ့တွေမှာ လူများနိုင်ပါတယ်။

အေးအေးဆေးဆေး လည်ပတ်လိုသူတွေအနေနဲ့ ကြားရက်တွေမှာ သွားရောက်လည်ပတ်သင့်ပါတယ်။

“Ginza Station”