
Minimalist Design
မိတ်ဆွေတို့ရဲ့ လုပ်ငန်းများကို ထိထိရောက်ရောက်
ကိုယ်စားပြုပေးနိုင်ဖို့
Web Designing And Development
Fully Responsive
ဒါဟာ မျိုးစုံလှတဲ့ Phone၊ Tablet စသဖြင့် ဝင်ရောက်ကြည့်ရှုမယ့်သူတွေရဲ့ Device တွေနဲ့ ကိုက်ညီအောင် ပြသပေးနိုင်တာမျိုးကို ပြောတာပါ။
ဥပမာ အနေနဲ့ ဖုန်းတစ်လုံးရဲ့ မြင်ကွင်းအတွက် ကိုက်ညီအောင် ပြုလုပ်ပေးမထားရင် Browser ထဲ ဝင်ကြည့်ရာမှာ စာလုံးတွေ အလွန်သေးနေတာ၊ ကိုယ်ပြထားပေးချင်တဲ့ ဆီကိုလိုရင်းမရောက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
Facebook ကို ကွန်ပြူတာတစ်လုံးမှာ ဖွင့်ကြည့်တာနဲ့ ဖုန်းတစ်လုံးကနေ ဖွင့်ကြည့်တာမှာ မြင်နေရတဲ့ မြင်ကွင်းချင်း မတူညီပါဘူး။
ဘာလို့လဲဆိုတော့ facebook ကို Fully Responsive ဖြစ်အောင်၊ Device တွေနဲ့ ကိုက်ညီအောင် ပြုလုပ်ထားလို့ ဖြစ်ပါတယ်။
Optimization
သန်းပေါင်းများစွာသော website တွေကြားထဲက ကိုယ့်ရဲ့ website ကို ရှာဖွေနေတဲ့သူကို ရှာဖွေနေတဲ့ အချိန်ကိုက် တွေ့သွားအောင် ဘယ်လို လုပ်မလဲ?
ဒါဟာ တကယ်အရေးကြီးပါတယ်။
ကုမ္ပဏီတစ်ခုဖြစ်ဖြစ်၊ ကိုယ့်ရဲ့ စာတွေကို ရေးတင်လေ့ရှိတဲ့ စာရေးဆရာတစ်ဦးပဲ ဖြစ်ဖြစ်၊ အွန်လိုင်းအရောင်းဆိုင်တစ်ခုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ Customer ဖြစ်လာမည့် သူတစ်ယောက်ဟာ သူအလိုရှိနေ၊ သိချင်နေလို့သာ ရှာဖွေနေတာပါ။
အချိန်ကိုက်၊ ကိုက်ညီတဲ့ အကောင်းဆုံးရလဒ်တွေကို ပြပေးနိုင်ဖို့ ကိုယ့်ရဲ့ website တွေကို ပြုလုပ်တာပါပဲ။
Fast Loading
Google ဟာ သူ့ရဲ့ core web vitals ဆိုပြီး သတ်မှတ်ချက်အသစ်တွေနဲ့ website တွေကို စီစဥ်ချပြဖို့ သတ်မှတ်လိုက်ပါတယ်။
Website တစ်ခုဟာ မြန်နေဖို့လိုပါတယ်။ ဝင်ရောက်ကြည့်ရှုတဲ့သူတွေ အကျိုးရှိအောင် တစ်ခုခု ပြသပေးဖို့လည်းလိုပါတယ်။
Website တစ်ခုကို ဖွင့်လိုက်လို့ ပွင့်လာဖို့ အရမ်းကြာနေမယ်ဆိုရင် ပိုမြန်တဲ့ site တစ်ခုကနေ သင့်လျော်တဲ့ ရလဒ်တစ်ခုကို Google က ပြသပေးမှာပါ။
စိန်ခေါ်မှုအနေနဲ့ကတော့ ကိုယ်ပြသပေးချင်တဲ့ ဒီဇိုင်းကို speed အမြန်ဆုံးဖြစ်အောင် website တွေထဲမှာ ဘယ်လို ထည့်သွင်းပြသပေးမလဲဆိုတာပါပဲ။ နည်းလမ်းအများကြီးရှိပါတယ်။
Cloud Hosting
Website တစ်ခုကို ပြုလုပ်ပြီးပြီဆိုရင်တော့ တစ်နေရာရာမှာ သိမ်းဆည်းထားရပါတယ်။ ဒါမှ Google ကနေ ခေါ်တဲ့ အခါမှာ ပေါ်လာမှာဖြစ်ပါတယ်။
(24/7) Online ဖြစ်နေဖို့လိုပါတယ်။
ကိုယ့်အိမ်က ကွန်ပြူတာတစ်ခုခုပေါ်မှာ တင်ထားလို့ရသလားဆိုပြီး မေးစရာရှိပါတယ်။ ဖြစ်နိုင်ပါတယ်။ ရပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကုမ္ပဏီကြီးတွေရဲ့ Speed နဲ့ Performace ကို မီမလားဆိုတာ နောက်ထပ်ဖြေရဖို့ မေးခွန်းတစ်ခုပါ။
ခုပဲ Website တစ်ခုကို ပိုင်ဆိုင်ရယူလိုက်ပါ

Starter
- Landing Page/5 Pages
- Free Domain & Hosting
- Free SSL
- Dynamic CMS Website
- SEO Tools
- Stock Photo
- Whatsapp and Livechat
- Blog And Recent News
- 2 Revisions
- Basic Design Level

Business
Starter &
- Basic UX
- Basic Graphics

Mega
Full Support