ဂျပန်နိုင်ငံတွင် ကားများသည် ဘယ်ဘက်ခြမ်းတွင် မောင်းနှင်ကြသောကြောင့် လမ်းလျှောက်၍ လမ်းဖြတ်ကူးသည့်အခါ ဦးစွာ ညာဘက်ခြမ်းမှ ဘေးကင်းလုံခြုံရေးကို စစ်ဆေးပါ။
ထို့အပြင် ဂျပန်နိုင်ငံတွင် အရက်မူးပြီး စက်ဘီးစီးခြင်း၊ 2 ယောက်စီးခြင်းကိုတားမြစ်ခြင်း၊ 50 cc အောက်ဆိုင်ကယ်များတွင် 2 ယောက်စီးခြင်းကို တားမြစ်ခြင်းစသဖြင့် ဂျပန်နိုင်ငံတွင် အမျိုးမျိုးသော ယာဥ်စည်းကမ်း လမ်းစည်းကမ်းများရှိသည်။
ကားများသည် ဘယ်ဘက်ခြမ်းတွင်မောင်းနှင်သည်
ဂျပန်နိုင်ငံတွင် ကားများ၊ ဆိုင်ကယ်များနှင့် စက်ဘီးများသည် လမ်း၏ဘယ်ဘက်ခြမ်းတွင် မောင်းနှင်ကြသည်။
ညာဘက်ခြမ်းတွင်မောင်းနှင်သည့်နိုင်ငံများလည်း များစွာရှိသောကြောင့် အစပိုင်းတွင် နိုင်ငံခြားသားတော်တော်များများလည်း တွေဝေရှုပ်ထွေးသွားနိုင်ပါသည်။ လမ်းလျှောက်၍ လမ်းဖြတ်ကူးသည့်အခါ ညာဘက်ကို အရင်ကြည့်ပြီး ကားနှင့် စက်ဘီး လာ မလာကို စစ်ဆေးပါ။
စက်ဘီး၏ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း

စက်ဘီးကိုလည်း ဘယ်ဘက်ခြမ်းမှ စီးရပါသည်။ လမ်း၏ဘယ်ဘက်အစွန်းတွင် မောင်းနှင်ပါ။
စက်ဘီးစီးလို့ရသည့် လူသွားစင်္ကြံလည်းရှိသည်။ ထိုအခြေအနေမျိုးတွင် လူသွားစင်္ကြံ၏ဗဟိုထက် ကားလမ်းဘက်အနီးတွင် စီးနင်းပါ။
စက်ဘီးများအတွက် အဓိက တားမြစ်ချက်နှင့် ပြစ်ဒဏ်များကို စုစည်းဖော်ပြထားပါသည်။
အရက်မူးပြီးမောင်းနှင်ခြင်း | ထောင်ဒဏ် (5 နှစ်အထိ) သို့မဟုတ် ဒဏ်ငွေ (1,000,000 ယန်း အထိ) |
မီးပွိုင့်ကို လျစ်လျူရှုခြင်း | ထောင်ဒဏ် (3လအထိ) သို့မဟုတ် ဒဏ်ငွေ (50,000ယန်းအထိ) |
မိုဘိုင်းလ်ဖုန်းသုံးရင်း မောင်းနှင်ခြင်း | ထောင်ဒဏ် (3လအထိ) သို့မဟုတ် ဒဏ်ငွေ (50,000ယန်းအထိ) |
လက်တစ်ဖက်တည်းဖြင့် မောင်းနှင်ခြင်း | ထောင်ဒဏ် (3လအထိ) သို့မဟုတ် ဒဏ်ငွေ (50,000ယန်းအထိ) |
မီးမဖွင့်ဘဲမောင်းနှင်ခြင်း | ဒဏ်ငွေ(50,000ယန်းအထိ) |
2 ယောက်စီးခြင်း | ဒဏ်ငွေ(20,000ယန်းအထိ)စသဖြင့် |
ဘေးချင်းကပ်မောင်းနှင်ခြင်း | ဒဏ်ငွေ(20,000ယန်းအထိ)စသဖြင့် |
ကား၏ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း
■ ယာဥ်မောင်းလိုင်စင်
- နိုင်ငံခြား ယာဉ်မောင်းလိုင်စင်ရှိလည်းပဲ ဂျပန်နိုင်ငံတွင် မောင်းနှင်၍ မရပါ။ စီရင်စုအသီးသီးရှိ ယာဉ်မောင်းလိုင်စင်စင်တာတွင် ရိုးရှင်းသောစာမေးပွဲဖြေဆိုပြီး ဂျပန်နိုင်ငံတွင် မောင်းနှင်နိုင်သည့်လိုင်စင်သို့ ပြောင်းလဲပါ။
- ယာဉ်မောင်းလိုင်စင်မရှိသူများသည် ယာဥ်မောင်းသင်တန်းသို့သွား၍ ယာဥ်မောင်းလိုင်စင်ကို ရယူရမည်။
- 50 cc အောက် ဆိုင်ကယ်သာလျှင် စီးနိုင်သည့် “မော်တော်ဆိုင်ကယ်လိုင်စင်” ကို စာမေးပွဲဖြေရုံဖြင့် ရရှိနိုင်ပါသည်။
- လျှပ်စစ်ဆိုင်ကယ်များလည်း လိုင်စင်လိုအပ်ပါသည်။
■ မော်တော်ဆိုင်ကယ်မောင်းနှင်ခြင်းအတွက် သတိပြုရမည့်အချက်များ

- 2 ယောက်စီး၍ မရနိုင်သည့် ဆိုင်ကယ်များလည်းရှိပါသည်။
- ဆိုင်ကယ်၏ အိတ်ဇောပမာဏပေါ်မူတည်၍ လိုအပ်သောယာဥ်မောင်းလိုင်စင်များမှာလည်း ကွာခြားသည်။
- 125 cc အောက် ဆိုင်ကယ်ဖြင့် အဝေးပြေးလမ်းမပေါ်တွင် မောင်းနှင်၍ မရနိုင်ပါ။
မော်တော်ဆိုင်ကယ်လိုင်စင်အမျိုးအစား | စီးနိုင်သောဆိုင်ကယ်များ | 2 ယောက်စီး | အဝေးပြေးလမ်း |
အသေးစား မော်တော်ဆိုင်ကယ်လိုင်စင် | 50 cc အထိ | ✕ | ✕ |
အသေးစား ပုံမှန်မော်တော်ဆိုင်ကယ်လိုင်စင် | 125 cc အထိ | ◯ | ✕ |
ပုံမှန်မော်တော်ဆိုင်ကယ်လိုင်စင် | 400 cc အထိ | ◯ | ◯ |
အကြီးစားမော်တော်ဆိုင်ကယ်လိုင်စင် | အကန့်အသတ်မရှိ | ◯ | ◯ |