fbpx

အရေးပေါ်အချိန်နှင့် ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် လုပ်ဆောင်ရန်

ဖျားနာခြင်းနှင့် ဘေးအန္တရာယ်။ အရေးပေါ် SOS ဖြစ်ပွားချိန် မည်သို့လုပ်ဆောင်ရမည်နည်းဟူ၍ စိတ်ပူနေမည်ဟုထင်ပါသည်။

ဤဆောင်းပါးတွင် အရေးပေါ်အချိန်နှင့် ဘေးအန္တရာယ်ဖြစ်ပွားချိန် ဆက်သွယ်ရမည့်လိပ်စာနှင့် လုပ်ဆောင်နည်းများကို မိတ်ဆက်ပေးပါမည်။


အရေးပေါ်ဆက်သွယ်ရန်လိပ်စာ (ဖုန်း)

●ရုတ်တရတ်နာမကျန်းဖြစ်ခြင်းနှင့် ဒဏ်ရာအကြီးအကျယ်ရခြင်း→119

ရုတ်တရတ်နာမကျန်းဖြစ်ခြင်း၊ ဒဏ်ရာအကြီးအကျယ်ရခြင်းနှင့် မီးလောင်ချိန်တို့တွင် နံပါတ် 119 (မီးသတ်ဌာန) သို့ ဆက်သွယ်ပြီး အောက်ပါအကြောင်းအရာကို ပြောပြပါ (အခမဲ့)။

  • အရေးပေါ်ကား လာရောက်စေလိုသောနေရာနှင့် အထင်ကရအမှတ်အသားများ
  • အခြေအနေမကောင်းသူ၏ ရောဂါလက္ခဏာနှင့် အသက်အရွယ်
  • သင့်အမည်နှင့် ဆက်သွယ်ရန်လိပ်စာ

●မီးလောင်ခြင်း→119

●ယာဥ်မတော်တဆမှုနှင့် ရာဇဝတ်မှု→110


ယာဥ်မတော်တဆမှုဖြစ်ပွားပါက

မတော်တဆမှုဖြစ်ပွားပြီးနောက် ထောက်ပံ့မှုအမျိုးမျိုးကို ရယူရန် “ယာဥ်မတော်တဆမှုအသိအမှတ်ပြုလက်မှတ်” လိုအပ်သည့်အခါမျိုးလည်း ရှိပါသည်။
  1. ပထမဦးစွာ ယာဥ်ကို ရပ်တန့်ပါ
  2. အရေးပေါ်နှင့် ရဲကို အကြောင်းကြားပါ
    • ဒဏ်ရာရထားပါက နံပါတ် 119 သို့ ဖုန်းခေါ်ပါ (အရေးပေါ်ကား)။
    • အရေးပေါ်ကားလာသည်အထိ ဒဏ်ရာရသူကို မလိုအပ်ဘဲ မရွေ့ပြောင်း၍
    • နံပါတ် 119 အော်ပရတာ၏ ညွှန်ကြားချက်အတိုင်း ကယ်ဆယ်ရေးအစီအမံကို လုပ်ဆောင်ပါ။
    • ဒဏ်ရာရသူရှိရှိ၊ မရှိရှိ ရဲစခန်း (နံပါတ် 110) သို့ သေချာစွာ သတင်းပို့ပါ။
      ရဲဝန်ထမ်းများ လာသည်အထိ အခင်းဖြစ်ပွားရာနေရာတွင် နေပါ။
    • ရဲဝန်ထမ်း ရောက်ရှိပါက မတော်တဆမှုအခြေအနေကို အစီရင်ခံပါ။
  3. ဆရာဝန်နှင့်ပြသပါ
    မတော်တဆမှုဖြစ်ပွားချိန်တွင် ရောဂါလက္ခဏာ သိပ်မပြင်းထန်ဟု ခံစားရသော်လည်း နောက်ပိုင်းတွင် ရောဂါပြင်းထန်ခြင်းများ ရှိတတ်ပါသည်။ ဆရာဝန်ထံမှ စစ်ဆေးမှုကို ခံယူပါ။
  4. ယာဥ်မတော်တဆမှုအသိအမှတ်ပြုလက်မှတ်
    မတော်တဆမှုဖြစ်ပွားပြီးနောက် ထောက်ပံ့မှုအမျိုးမျိုးကို ရယူရန် “ယာဥ်မတော်တဆမှုအသိအမှတ်ပြုလက်မှတ်” လိုအပ်သည့်အခါမျိုးလည်း ရှိပါသည်။ လျှောက်ထားမှုအဆင့်ဆင့်ကို ရဲစခန်းတွင် မေးမြန်းပါ။

တိုင်ဖုန်းမုန်တိုင်းနှင့် မိုးကြီးသောအခါ

ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘေးအန္တရာယ် များစွာဖြစ်ပွားလျက်ရှိသည်။ မြစ်ရေကြီးပါက အဆောက်အအုံများ ရေမြှုပ်သွားခြင်းမျိုး ရှိသည်။

မိုးသည်းထန်စွာရွာသွန်းပါက မိုးလေဝသဌာနမှ သတင်းများနှင့် မြို့၊ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာ၏ ရွေ့ပြောင်းရေးသတင်းများကို အခြေခံ၍ လျင်မြန်စွာ ရွေ့ပြောင်းပါ။

မိုးကြောင့် မြေပြင်မှာ ပျော့ပြောင်းပြီး တောင်နှင့် ကမ်းပါးများ ပြိုကျခြင်း၊ မြေသဲအနှစ်များ စီးလာခြင်းတို့လည်း ရှိသည်။

ရေကြီးခြင်းနှင့် မြေပြိုခြင်းမှ မိမိကိုယ်ကို ကာကွယ်ရန်

  1. ရေမြှပ်နိုင်ခြေရှိသည့်နေရာကို Hazard map တွင် ပုံမှန်စစ်ဆေးပါ။
  2. မိုးသည်းထန်စွာရွာသွန်းပါက မိုးလေဝသဌာနမှ သတင်းများနှင့် မြို့၊ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာ၏ ရွေ့ပြောင်းရေးသတင်းများကို အခြေခံ၍ လျင်မြန်စွာ ရွေ့ပြောင်းပါ။

Hazard map ပေါ်တယ်ဆိုဒ် (ဂျပန်ဘာသာစကားသာလျှင်)| Ministry of Land, Infrastructure, Transport and Tourism of Japan


ငလျင်လှုပ်ပါက

ဂျပန်နိုင်ငံသည် ငလျင်အလွန်လှုပ်သောနိုင်ငံဖြစ်သည်။

တည်ငြိမ်စွာပြုမူလုပ်ဆောင်ပါ=စားပွဲအောက်တွင် ပုန်းအောင်းပါ (နေအိမ်တွင်း)၊ ဆိုင်းဘုတ်၊ နံရံ၊ မှန်ပြတင်းများ ပြုတ်ကျလာမည့်ဘေးကို ဂရုပြု၍ ဘေးကင်းသောနေရာကို ရွေ့ပြောင်းပါ (နေအိမ်ပြင်ပ)၊ ကားရပ်၍ အင်ဂျင်စက်ပိတ်ထားပါ (ကား)

ငလျင်ဒဏ်မှ မိမိကိုယ်ကိုကာကွယ်ရန်အတွက် အောက်ပါပြင်ဆင်မှုများကို လုပ်ဆောင်ပါ။

ပြင်ဆင်ရန်

  • ငလျင်လှုပ်ချိန် ရွေ့ပြောင်းရမည့်နေရာကို ရှာထားပါ
  • ဘေးအန္တရာယ်ကာကွယ်ရေးလေ့ကျင့်မှုကို ကိုးကားပါ
  • အနည်းဆုံး 3 ရက်စာ အစားအသောက်၊ သောက်ရေနှင့် နေထိုင်မှုအတွက် လိုအပ်သောအရာကို ပြင်ဆင်ထားပါ
  • အိမ်ထောင်ပရိဘောဂများ ပြိုမကျလာစေရန် မြဲအောင်လုပ်ထားပါ

ငလျင်လှုပ်ပါက

  1. တည်ငြိမ်စွာပြုမူလုပ်ဆောင်ပါ=စားပွဲအောက်တွင် ပုန်းအောင်းပါ (နေအိမ်တွင်း)၊ ဆိုင်းဘုတ်၊ နံရံ၊ မှန်ပြတင်းများ ပြုတ်ကျလာမည့်ဘေးကို ဂရုပြု၍ ဘေးကင်းသောနေရာကို ရွေ့ပြောင်းပါ (နေအိမ်ပြင်ပ)၊ ကားရပ်၍ အင်ဂျင်စက်ပိတ်ထားပါ (ကား)
  2. မီးသတိထားပါ =စတင်တုန်ခါလာပါက မီးဖိုချောင်နှင့် မီးဖိုမှမီးကို ငြိမ်းပါ၊ မီးလောင်ပါက မီးသတ်ဆေးဘူး စသည်ဖြင့် တတ်နိုင်သမျှ မီးငြိမ်းသတ်ပါ၊ ဓာတ်ငွေ့ယိုစိမ့်နိုင်ခြေရှိသောကြောင့် မီးမသုံးပါနှင့်
  3. ဘေးကင်းသောနေရာသို့ ရွေ့ပြောင်းပါ
  4. မှန်ကန်သေချာသောအချက်အလက်များကို ရယူပါ

ဆူနာမီ

ဆူနာမီမှ မိမိကိုယ်ကို ကာကွယ်ရန် Hazard map စသည်တို့ဖြင့် ရွေ့ပြောင်းရမည့်နေရာကို စစ်ဆေးထားပါ။

ဆူနာမီကို မိမိမျက်လုံးဖြင့် ကြည့်ရှုပြီးမှ ထွက်ပြေးလျှင်လည်း အချိန်မမှီပါ။

Hazard map ပေါ်တယ်ဆိုဒ် (ဂျပန်ဘာသာစကားသာလျှင်)| Ministry of Land, Infrastructure, Transport and Tourism of Japan

ဆူနာမီ ဖြစ်ပွားတော့မည်အခါ၊ ဖြစ်ပွားသည့်အခါ

ဆူနာမီကို မိမိမျက်လုံးဖြင့် ကြည့်ရှုပြီးမှ ထွက်ပြေးလျှင်လည်း အချိန်မမှီပါ။ ပင်လယ်၊ မြစ်ဝတို့နှင့် နီးသောနေရာတွင် ရှိပါက အောက်ပါအတိုင်း လုပ်ဆောင်ပါ။

  1. ပြင်းထန်သောတုန်ခါမှုကို ခံစားရသောအခါ၊ တုန်ခါမှုပျော့ပြောင်းသော်လည် အချိန်ကြာမြင့်ပြီး နှေးကွေးသောငလျင်ကို ခံစားရသောအခါ→ တောင်ကုန်းနှင့် ရွေ့ပြောင်းရေးအဆောက်အအုံသို့ ရွေ့ပြောင်းပါ
  2. ငလျင်လှုပ်ကြောင်း မခံစားရသော်လည်း မိုးလေဝသဌာနမှ ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ထားသောအခါ→ရွေ့ပြောင်းပါ
  3. မှန်ကန်သောအချက်အလက်များကို ရယူပါ

ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် အသုံးဝင်မည့် မိုးလေဝသအချက်အလက်များ

မိုးလေဝသဌာန၏ အချက်အလက်များကို တီဗီ၊ ရေဒီယို၊ အင်တာနက်တို့မှတစ်ဆင့် ရယူနိုင်သည်။

★ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် အသုံးဝင်မည့်သတင်းအချက်အလက်များ ရရှိနိုင်သည့် အက်ပလီကေးရှင်း “Safety tips” | Japan Tourism Agency
နိုင်ငံခြားသားခရီးသွားများအတွက် ဘေးအန္တရာယ်ဆိုင်ရာသတင်းအချက်အလက်များကို ရရှိနိုင်သည့် အက်ပလီကေးရှင်းဖြစ်သည်။ ငလျင်၊ ဆူနာမီ၊ ပေါက်ကွဲမှုစသည့် ဘေးအန္တရာယ် အမျိုးမျိုး၏ သတိပေးချက်များကို ရယူနိုင်သည်။

“Safety tips” အက်ပလီကေးရှင်းကို ဒေါင်းလုတ်လုပ်မည်

မိုးသည်းထန်စွာရွာသွန်းခြင်း၊ ငလျင်နှင့်ပတ်သက်သောသတင်းအချက်အလက်များ (ဘာသာစကားမျိုးစုံ) | ဂျပန်နိုင်ငံ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန (JMA)

【ကိုးကား】 ပိုမိုသိရှိလိုပါက အောက်ပါလင့်တွင် ကြည့်ရှုပါ

“သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက” ဂျပန်ဘာသာစကားသာလျှင် (အအိချိခရိုင် ယဉ်ကျေးမှုပေါင်းစုံ အတူယှဉ်တွဲနေထိုင်မှုမြှင့်တင်ရေးရုံး YouTube channel)

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် : အရေးပေါ်အခြေအနေ၌ ဆက်သွယ်ရန် ဖုန်းနံပါတ် | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် : ယာဉ်မတော်တဆမှုဖြစ်ပေါ်ပါက ပြုလုပ်ရမည့်အရာများ | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် : တိမ်းရှောင်ခြင်း | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် : တိုင်ဖွန်းမုန်တိုင်းနှင့် နေရာကွက်ကျားမိုးသည်းထန်စွာရွာသွန်းခြင်း | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် : ငလျင် | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် : ဆူနာမီ | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် : ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် အသုံးဝင်သော မိုးလေဝသ သတင်းများကို ရယူခြင်း | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ

がいこくごのニュースと防災情報|NHK WORLD-JAPAN