fbpx

ဂျပန်အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး

အများပြည်သူသုံးသယ်ယူပို့ဆောင်ရေး (ရထား၊ ဘတ်စ်ကား၊ အဝေးပြေးဘတ်စ်ကား) အသုံးပြုနည်း

ဤဆောင်းပါးတွင် IC ကတ် ဝယ်နည်း၊ အသုံးပြုနည်း၊ ရထား၊ ဘတ်စ်ကားစီးနင်းနည်းနှင့် ယာဥ်စီးခ ပေးချေနည်း စသည်တို့ကို မိတ်ဆက်ပေးပါမည်။


သယ်ယူပို့ဆောင်ရေး IC ကတ်

သယ်ယူပို့ဆောင်ရေး IC ကတ်ကို အမျိုးမျိုးသော ကုမ္ပဏီများ၏ ရထားနှင့် ဘတ်စ်ကားခများအတွက် ပေးချေရန် အသုံးပြုနိုင်သည်။

  • IC ကတ်ကို ငွေဖြည့်သွင်းထားလျှင် လက်မှတ်ဝယ်သည့်အခါတိုင်း အချိန်ကုန်သက်သာစေပါသည်။
  • ၎င်းကို ဘူတာရုံရှိ လက်မှတ်အရောင်းဌာန၊ ကောင်တာ၊ ဘတ်စ်ကားရုံးများ စသည်တို့တွင် ဝယ်ယူနိုင်ပါသည်။ ငွေကြိုသွင်းထားရန် လိုအပ်ပါသည်။

သယ်ယူပို့ဆောင်ရေး IC ကတ်သည် ဧရိယာတစ်ခုစီပေါ်မူတည်၍ ကွဲပြားသော်လည်း များသောအားဖြင့် ၎င်းကို အခြားကုမ္ပဏီများ၏ ရောင်းချဧရိယာများတွင်လည်း အသုံးပြုနိုင်ပါသည်။


ရထား

ဂျပန်နိုင်ငံတွင် ရထားလမ်းများကို အလုပ်နှင့် ကျောင်းသွားခြင်းအပါအဝင် အသုံးများသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအဖြစ် အသုံးပြုကြသည်။

■ ရထားစီးနည်း

  • သွားမည့်နေရာအထိ လက်မှတ်ကိုဝယ်ပြီး လက်မှတ်ကို အလိုအလျောက် လက်မှတ်ဂိတ်တွင် ထည့်ပါ သို့မဟုတ် IC ကတ်ကို ထိပါ
  • သွားလိုသည့်ခရီးသို့ရောက်သည့်အခါ လက်မှတ်ကို အလိုအလျောက်လက်မှတ်ဂိတ်တွင်ထည့်ပါ သို့မဟုတ် IC ကတ်ကို ထိပြီး အပြင်သို့ထွက်ပါ

ဂျပန်တွင်နေထိုင်ရန် အသုံးဝင်သောစမတ်ဖုန်းအက်ပလီကေးရှင်း (သယ်ယူပို့ဆောင်ရေး) | KOKORO

■ လက်မှတ်အမျိုးအစား

  1. ယာဥ်စီးလက်မှတ် (ပုံမှန်ယာဥ်စီးလက်မှတ်)
  2. လပေးလက်မှတ် = အလုပ် သို့မဟုတ် ကျောင်းသွားရန်အတွက် တူညီသောအကွာအဝေးကို ထပ်ခါတလဲလဲ အသွားအပြန်လုပ်သည့်အခါ ၎င်းကို အသုံးပြုသည်။ ပုံမှန်ယာဥ်စီးလက်မှတ်ထက် စျေးသက်သာပါသည်။
    • အသုံးပြုနိုင်သည့်ကာလမှာ 1 လ၊ 3 လ၊ 6 လ စသည်တို့ဖြစ်သည်
    • သတ်မှတ်ထားသည့်အကွာအဝေး၏ အလယ်တွင် လွတ်လပ်စွာ အတက်အဆင်းလုပ်နိုင်ပါသည်

■ အထူးအမြန်လက်မှတ်

အထူးအမြန်ရထား (ကျည်ဆံရထားအပါအဝင်) တွင် စီးသည့်အခါ ယာဥ်စီးလက်မှတ်အပြင် အထူးအမြန်ရထားလက်မှတ် လိုအပ်ပါသည်။ သတ်မှတ်ထားသောခုံတွင် ထိုင်လိုပါက “ထိုင်ခုံသတ်မှတ်ထားသော အထူးအမြန်လက်မှတ်”၊ နေရာမသတ်မှတ်ထားသောခုံတွင်ထိုင်လိုပါက “ထိုင်ခုံနေရာမသတ်မှတ်ထားသောအမြန်လက်မှတ်” ကိုဝယ်ပါ။


ဘတ်စ်ကား

■ အဝေးပြေးဘတ်စ်ကား

အဝေးပြေးဘတ်စ်ကားများသည် ရထားများထက်သက်သာပြီး ဝက်ဆိုဒ်တွင် ကြိုတင်မှာယူ၊ ဝယ်ယူသည့်အခါ ငွေပေးချေမှုသည် ခရက်ဒစ်ကတ်အပြင် ကြိုတင်မှာယူပြီးနောက် ကွန်ဗီနီစတိုးဆိုင်တွင် ငွေသားပေးပြီး လက်မှတ်ကို ရယူနိုင်ပါသည်။ ဘတ်စ်ကားရုံးများနှင့် ခရီးသွားအေဂျင်စီများတွင်လည်း ဝယ်ယူနိုင်ပါသည်။

※ ယာဉ်စီးခသည် ကုမ္ပဏီတစ်ခုနှင့်တစ်ခု ကွဲပြားပြီး နေ့စဉ်ပြောင်းလဲပါသည်။

■ မြို့ထဲဘတ်စ်ကား

  • ဘယ်နေရာအထိစီးစီး ယာဥ်စီးခမှာ အတူတူဖြစ်သည့်အခါ
    • ဘတ်စ်ကားစီးသည့်အခါ၊ သို့မဟုတ် ဆင်းသည့်အခါ ယာဉ်စီးခပုံးထဲသို့ ငွေသားထည့်ပါ သို့မဟုတ် IC ကတ်ကို ထိပါ။
  • အကွာအဝေးပေါ်မူတည်၍ ယာဉ်စီးခ အပြောင်းအလဲရှိသည့်အခါ
    • ကားပေါက်ဝရှိ စက်မှ တုံကင်လက်မှတ်ကို ရရှိပါမည်။ ဘတ်စ်ကားပေါ်မှ ဆင်းသည့်အခါ ယာဥ်မောင်းထိုင်ခုံပေါ်တွင် ပြသထားသည့် တုံကင်လက်မှတ်တစ်ခုစီ၏ ယာဉ်စီးခကို တုံကင်လက်မှတ်နှင့်အတူ ယာဥ်စီးခပုံးထဲသို့ ထည့်ပါ။
    • IC ကတ်ဖြစ်ပါက ဘတ်စ်ကားပေါ် အတက်အဆင်းလုပ်သည့်အခါတွင် နှစ်ကြိမ်ထိပါ။