fbpx

ကုမ္ပဏီအတွင်းတွင်သုံးသော နှုတ်ဆက်စကားများ

နိုင်ငံခြားသားများသည် အလုပ်ခွင်တွင် နှုတ်ဆက်စကားကြောင့် ရောထွေးတတ်ကြပါသည်။

နေ့လည်ခင်းမှာလည်း ‟မင်္ဂလာနံနက်ခင်းပါ (ohayougozaimasu)” ပဲလား။ ‟ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ် (gokurousamadesu)” နှင့် ‟ပင်ပန်းသွားပါပြီ (osukaresamadesu)” ၏ ကွာခြားချက်။ အလုပ်ခွင်ရှိ နှုတ်ဆက်စကားနှင့်ပတ်သက်ပြီး ရှင်းပြပေးပါမည်။


နေ့လည်ခင်းမှာလည်း “မင်္ဂလာနံနက်ခင်းပါ (ohayougozaimasu)”

“မင်္ဂလာနံနက်ခင်းပါ (ohayougozaimasu)” သည် မနက်ခင်းရဲ့ နှုတ်ဆက်စကား ဖြစ်သည်။

သို့သော် နေ့လည်ခင်းတွင်လည်း ထိုနေ့တွင် ပထမဆုံးတွေ့ဆုံသည့် တစ်ဖက်သူအား “မင်္ဂလာနံနက်ခင်းပါ” ဟုပြောသည့် အလုပ်ခွင်လည်း ရှိပါသည်။ စားသောက်ဆိုင်၊ ရုပ်မြင်သံကြားဌာနနှင့် ဖျော်ဖြေရေးဆိုင်ရာ လုပ်ငန်းများကဲ့သို့ သန်းခေါင်ယံအချိန်များတွင်ပင် အလုပ်လုပ်သည့် အလုပ်ခွင်များတွင် ဤကဲ့သို့သော ဥပမာများစွာရှိပါသည်။

လူငယ်များနှင့် ကျောင်းသားများကြားမှာပင် နေ့လည်ခင်းတွင် ပထမဆုံးအကြိမ် တွေ့ဆုံကြသူများကို “မင်္ဂလာနံနက်ခင်းပါ (ohayou)” ဟု နှုတ်ဆက်လေ့ရှိကြသည်။ ကျောင်းသားများသည် အချိန်ပိုင်းအလုပ်လုပ်သည့် စားသောက်ဆိုင်စသည်တို့တွင် သင်ယူခဲ့ကြသော နှုတ်ခွန်းဆက်စကားများကို သူငယ်ချင်းတွေများထံ တစ်ဆင့်ပြန်ပြီး အသုံးပြုကြသည့်အတွက် ဖြစ်ပါသည်။

ထို့ပြင်၊ နေ့လည်ခင်း၏ နှုတ်ဆက်စကားတွင် “မင်္ဂလာပါ (konnichiwa)” သုံးသော်လည်း ခင်မင်ရင်းနှီးသူအား “မင်္ဂလာပါ (konnichiwa)” ဟု ပြောလျှင် ထူးဆန်းနိုင်ပါသည်။ ထို့ကြောင့် “မင်္ဂလာနံနက်ခင်းပါ (ohayou (gozaimasu))” အား အစားထိုးအသုံးပြုကြသည့် အလုပ်ခွင်လည်း ရှိပါသည်။ သို့သော် နေ့လည်ခင်းတွင် ကုမ္ပဏီအတွင်း အသုံးအများဆုံး နှုတ်ခွန်းဆက်စကားမှာ “ပင်ပန်းသွားပါပြီ (osukaresama (desu))” ဖြစ်သည်။


မည်သည့်အရာအတွက်မဆို အသုံးပြုနိုင်သည် “ပင်ပန်းသွားပါပြီ (osukaresamadesu)”

“ပင်ပန်းသွားပါပြီ (osukaresamadesu (deshita))” ကိုအခြေအနေအမျိုးမျိုးတွင် အသုံးပြုကြသည်။

  • နေ့လည်ခင်းတွင် ပထမဆုံးတွေ့ဆုံသူကို – “ပင်ပန်းသွားပါပြီ (osukaresamadesu)”
  • ကုမ္ပဏီအပြင်မှ အလုပ်ခွင်သို့ ပြန်လာသော စီနီယာ၊ လုပ်ဖော်ကိုင်ဖက်ကို – “ပင်ပန်းသွားပါပြီ (osukaresamadeshita)”
  • မိမိက နေ့လည်ခင်းမှ ရုံးလာတက်ပါက အားလုံးကို – “ပင်ပန်းသွားပါပြီ (osukaresamadesu)”
  • အလုပ်ခွင်မှာ အရင်ဆုံး အိမ်ပြန်သည့် အထက်လူကြီး၊ စီနီယာ (အထက်ပါပုံ) ကို – “ပင်ပန်းသွားပါပြီ (osukaresamadeshita)”
  • မိမိက အရင်ဆုံး အိမ်ပြန်သည့်အခါ – “ပင်ပန်းသွားပါပြီ (osukaresamadeshita)” သို့မဟုတ် “တောင်းပန်ပါတယ် အရင်ပြန်နှင့်ပါမယ် (osakinishisureishimasu)”
“ပင်ပန်းသွားပါပြီ (osukaresamadesu (deshita))” ကိုအခြေအနေအမျိုးမျိုးတွင် အသုံးပြုကြသည်။

“ပင်ပန်းသွားပါပြီ (osukaresamadesu (deshita))” သည် “ကျေးဇူးတင်ပါတယ် (arigatougozaimasu)” ၊ “တောင်းပန်ပါတယ် (sumimasen)” တို့နှင့်အတူတူပင်ဖြစ်ပြီး ကောင်းမွန်သောဆက်ဆံရေး တည်ဆောက်ရန်အတွက် အရေးကြီးသော စကားလုံးဖြစ်ပါသည်။


“ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ် (gokurousama)” နှင့် “ပင်ပန်းသွားပါပြီ (osukaresama)” တို့အကြား ကွာခြားချက်

တစ်နေ့တွင် ကျွန်တော် အရင်ဆုံး အိမ်ပြန်သည့်အချိန် အထက်လူကြီးမှ ကျွန်တော့်အား “ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ် (gokurousama)” ဟု ပြောခဲ့သည်။

“ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ် (gokurousama)” နှင့် “ပင်ပန်းသွားပါပြီ (osukaresama)” သည် မည်သို့ကွာခြားသနည်း။

“ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ် (gokurousama)” ကို အထက်လူကြီးအား သုံး၍မရပါ။ သင်သည် အထက်လူကြီးအား “ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ် (gokurousamadeshita)” ဟု ပြော၍မရပါ။ သင်သည် အထက်လူကြီးအား “ပင်ပန်းသွားပါပြီ (osukaresamadeshita)” ဟု ပြောရပါမည်။