fbpx

ကလေးမီးမဖွားမီ ဂျပန်လူမျိုးအမျိုးသားက လမ်းခွဲခဲ့ရင်

မီးမဖွားမှီ ဂျပန်လူမျိုးအမျိုးသားမှာ ထွက်ခွာသွားခဲ့သည်

နိုင်ငံခြားသားအမျိုးသမီးသည် ဂျပန်လူမျိုးနှင့် လက်ထပ်ပြီးနောက် ‟ဂျပန်လူမျိုး၏ အိမ်ထောင်ဖက်စသည်” ဟူသည့် နေထိုင်ခွင့်ဗီဇာဖြင့် နေထိုင်ပြီး ကလေးမွေးဖွားတော့မည်ဖြစ်သည်။

သို့သော် တစ်နေ့တွင် အမျိုးသားဖြစ်သူမှ ထွက်ခွာသွားပြီး အဆက်အသွယ်လုပ်မရဖြစ်နေခဲ့သည်။ အမျိုးသမီးနှင့် ကလေးငယ်၏ နေထိုင်ခွင့်ဗီဇာမှာ မည်သို့ဖြစ်သွားမည်နည်း။


မိခင်နှင့် ကလေး၏ နေထိုင်ခွင့်ဗီဇာမှာ မည်သို့ဖြစ်သွားမည်နည်း

ဂျပန်လူမျိုးနှင့် လက်ထပ်ပါက “ဂျပန်လူမျိုး၏ အိမ်ထောင်ဖက်စသည်” ဟူသည့်နေထိုင်ဗီဇာကို ရယူနိုင်သော်လည်း လူဝင်မှုကြီးကြပ်ရေးဌာန (လူဝင်မှုနှင့် နေထိုင်မှုကြီးကြပ်ရေးဌာန) သည် “အမှန်တကယ်လက်ထပ်ထားသောအခြေအနေမရှိ” ဟု ဆုံးဖြတ်ပါက သက်တမ်းတိုး၍ မရနိုင်ပါ။

အိမ်ထောင်ဖက်နှင့် အဆက်အသွယ်မရပါက အခြားနေထိုင်ခွင့်ဗီဇာကိုလည်း ထည့်သွင်းစဉ်းစားရမည်။

ဤသို့ဆိုလျှင် နေထိုင်ခွင့်ဗီဇာအသစ်အဖြစ် မည်သို့လုပ်ဆောင်နိုင်သနည်း။

1. အခြေချနေထိုင်သူ (定住者(ていじゅうしゃ))

နိုင်ငံခြားသားအမျိုးသမီးနှင့် ဂျပန်လူမျိုးအမျိုးသားတို့အကြား မွေးဖွားလာခဲ့သောကလေးသည် ဂျပန်နိုင်ငံသားခံယူခြင်း၊ “ဂျပန်လူမျိုး၏ အိမ်ထောင်ဖက်စသည်” ဟူသည့် နေထိုင်ခွင့်ဗီဇာကို ရယူခြင်းဟူ၍ ရွေးချယ်နိုင်သည်။ ထို့နောက် ကလေးငယ်၏ မိခင်သည်လည်း ကလေးပြုစုပျိုးထောင်ခြင်းစသည့် တရားဝင်အကြောင်းအရင်းရှိပါက “အခြေချနေထိုင်သူ” နေထိုင်ခွင့်ဗီဇာကို ရယူနိုင်သည်။

သို့သော် အမျိုးသားနှင့် အမျိုးသမီးသည် လက်ထပ်ထိမ်းမြားထားခြင်းမရှိပါက ဖခင်ဖြစ်သူသည် ကလေးငယ်မှာ မိမိကလေးဖြစ်ကြောင်း “အသိအမှတ်” ပြုရန် လိုအပ်သည်။

2. အလုပ်လုပ်ကိုင်ရန် နေထိုင်ခွင့်ဗီဇာ

မိခင်ဖြစ်သူသည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး အလုပ်နှင့်သက်ဆိုင်သည့်နေထိုင်ခွင့်ဗီဇာကို ရယူနိုင်သည်။ ဥပမာအားဖြင့် နည်းပညာ၊ လူသားအသိပညာ၊ နိုင်ငံတကာရေးရာလုပ်ငန်း(技術ぎじゅつ人文じんぶん知識ちしき国際こくさい業務ぎょうむ)စသည်တို့ဖြစ်သည်။

3. သတ်မှတ်ထားသောလှုပ်ရှားမှုများ (特定活動(とくていかつどう))

တစ်ဖက်အမျိုးသားနှင့် ကွာရှင်းခြင်း၊ ကလေးဖြစ်သူအား အသိအမှတ်ပြုရန် တရားရုံးတွင် ရင်ဆိုင်ရဖွယ်ရှိသည့်အခါတို့တွင် တရားရင်ဆိုင်ရန်အတွက် နေထိုင်မည်ဟူသည့်အကြောင်းအရင်းဖြင့် “သတ်မှတ်ထားသောလှုပ်ရှားမှုများ” ဟူသည့် နေထိုင်ခွင့်ဗီဇာကို ရယူနိုင်ခြင်းမျိုးလည်း ရှိသည်။ သို့သော် တရားရင်ဆိုင်မှုပြီးဆုံးပါက နေထိုင်ခွင့်ကာလမှာ သက်တမ်းတိုး၍ မရပါ။

ဤကဲ့သို့သော နေထိုင်ခွင့်ဗီဇာ ရနိုင်၊ မရနိုင်ကို လူဝင်မှုကြီးကြပ်ရေးဌာနမှ နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချမည်ဖြစ်သည်။ တစ်ဦးတည်း ကြိတ်မခံစားဘဲ အုပ်ချုပ်ရေး (ခရိုင်ရှိ လူမှုဖူလုံရေးရုံးနှင့် အစိုးရရုံး) နှင့် ကူညီထောက်ပံ့ရေးအဖွဲ့အစည်းတွင် တိုင်ပင်ဆွေးနွေးပါ။


မည်သို့နေထိုင်နိုင်မည်နည်း

1. လူမှုဖူလုံရေးအထောက်အပံ့

“အခြေချနေထိုင်သူ” နှင့် “ဂျပန်လူမျိုး၏ အိမ်ထောင်ဖက်စသည်” ၏ နိုင်ငံခြားသားများသည် ဂျပန်နိုင်ငံတွင် လူမှုဖူလုံရေးအထောက်အပံ့ ရယူနိုင်သည့်အခါလည်း ရှိသည်။ လူမှုဖူလုံရေးအထောက်အပံ့ကို ရယူနိုင်ရန် ဒေသန္တရအုပ်ချုပ်ရေး (ခရိုင်ရှိ လူမှုဖူလုံရေးရုံးနှင့် အစိုးရရုံး) တွင် တိုင်ပင်ဆွေးနွေးကာ လျှောက်ထားနိုင်သည်။

2. မိခင်နှင့်ကလေး အဆောင်

18 နှစ်မပြည့်သေးသောကလေးငယ်နှင့် အဆိုပါကလေးအမေ Single mother တို့သည် “မိခင်နှင့်ကလေး နေထိုင်မှုကူညီထောက်ပံ့ရေးစင်တာ (မိခင်နှင့်ကလေး အဆောင်)” သို့ ဝင်ရောက်နိုင်ခြင်းမျိုးလည်း ရှိသည်။

ကိုယ်နှင့်စိတ်တည်ငြိမ်စေရန်၊ နေထိုင်မှုဘဝတွင် တည်ငြိမ်စေရန်အတွက် တိုင်ပင်ဆွေးနွေးခြင်း၊ အကူအညီရယူခြင်းများ ပြုလုပ်ကာ အမှီအခိုကင်းစွာ ရပ်တည်နိုင်ရန်အတွက် ကူညီထောက်ပံ့မှုများကို ရယူနိုင်ပါသည်။