fbpx

လက်မထပ်ဘဲ ဂျပန်လူမျိုး၏ ကလေးအား မွေးဖွားသောအခါ ကလေးဟာ ဘယ်နိုင်ငံသားဖြစ်မလဲ?

နိုင်ငံခြားသားအမျိုးသမီးသည် ဂျပန်လူမျိုး၏ ကလေးကို ကိုယ်ဝန်ဆောင်ခြင်းများလည်း ရှိသည်။ အကယ်၍ လက်မထပ်ရသေးဘဲ ကလေးမွေး၍ တစ်ဖက်လူသည် ထိုသူ၏ ကလေးဖြစ်ကြောင်း အသိအမှတ်မပြုသောအခါ မည်သို့လုပ်ရမည်နည်း။

ကူညီထောက်ပံ့မှုကိုလိုက်၍ ကလေးငယ်သည် ဂျပန်နိုင်ငံသား ခံယူသည့်ဖြစ်ရပ်ကို မိတ်ဆက်ပေးပါမည်။


ကူညီထောက်ပံ့ရေးအကျဉ်းချုပ်

တိုင်ပင်ဆွေးနွေးသူသည် ဂျပန်ဘာသာစကားကျောင်းတွင် ပညာတော်သင်ဆဲဖြစ်ပြီး ကိုယ်ဝန်ရသွားခဲ့သည်။ ချစ်သူသည် ဂျပန်လူမျိုးဖြစ်သည်။ ထိုသူ၏ မိဘများမှ ကန့်ကွက်၍ လက်မထပ်နိုင်သော်လည်း ကလေးငယ်ကို ဂျပန်နိုင်ငံတွင် ပြုစုပျိုးထောင်လိုသည့်အတွက် ကူညီထောက်ပံ့ရေးအဖွဲ့အစည်းနှင့် တိုင်ပင်ဆွေးနွေးခဲ့သည်။

တိုင်ပင်ဆွေးနွေ၍ အောက်ပါရလဒ်များ ဖြစ်လာသည်။

①တရားရုံးမှ “ကလေးငယ်သည် ဂျပန်လူမျိုး၏ ကလေးဖြစ်ကြောင်း အသိအမှတ်ပြုခြင်း”

ကလေးငယ်သည် ဂျပန်နိုင်ငံသား ခံယူခြင်း
တိုင်ပင်ဆွေးနွေးသူသည် “အမြဲတမ်းနေထိုင်ခွင့်ရရှိသူ” ဟူသည့် နေထိုင်ခွင့်ဗီဇာကို ရရှိခြင်း

② တိုင်ပင်ဆွေးနွေးသူနှင့် ကလေးငယ်သည် မိခင်နှင့်ကလေး နေထိုင်မှုကူညီထောက်ပံ့ရေးစင်တာ (မိခင်နှင့်ကလေး အဆောင်) တွင် နေထိုင်ခြင်း


အသိအမှတ်ပြုခြင်း၊ မိခင်နှင့် ကလေး၏ နိုင်ငံသား

မိခင်ဖြစ်သူသည် နိုင်ငံခြားသား၊ ဖခင်ဖြစ်သူသည် ဂျပန်နိုင်ငံသားဖြစ်ပါက ကလေးဖြစ်သူသည် ဂျပန်နိုင်ငံသား သို့မဟုတ် “ဂျပန်နိုင်ငံသားအိမ်ထောင်ဖက်စသည်” ဟူသည့် နေထိုင်ခွင့်ဗီဇာကို ရွေးချယ်နိုင်သည်။

ဂျပန် ပတ်စပို့

သို့သော် မိဘနှစ်ပါးသည် လက်မထပ်ထားပါက ဖခင်ဖြစ်သူသည် မိမိ၏ ကလေးဖြစ်ကြောင်း “အသိအမှတ်” ပြုရမည်ဖြစ်သည်။ ဤဖြစ်ရပ်တွင် ရည်းစားဟောင်းဖြစ်သူမှ အသိအမှတ်မပြုခဲ့သည့်အတွက် မိခင်သည် တရားရုံးထံ ဖြေရှင်းပေးရန် လျှောက်တင်ခဲ့သည်။ ဖြေရှင်းရာတွင် DNA စစ်ဆေးချက်ကိုလည်း လုပ်ဆောင်ခဲ့ပြီး ရည်းစားဟောင်းဖြစ်သူ၏ ကလေးဖြစ်ကြာင်း အသိအမှတ်ပြုခဲ့သည်။

ဤသို့ဖြင့် တိုင်ပင်ဆွေးနွေးသူသည် ဂျပန်လူမျိုး၏ မိခင်အဖြစ် “အမြဲတမ်းနေထိုင်ခွင့်ရရှိသူ” နေထိုင်ခွင့်ဗီဇာကို ရယူနိုင်ခဲ့သည်။


မည်ကဲ့သို့ နေထိုင်မည်နည်း

မွေးဖွားပြီးနောက်ချက်ချင်း လအနည်းငယ်အတွင်း တိုင်ပင်ဆွေးနွေးသူသည် နေထိုင်ရန်အင်အားမရှိသောကြောင့် ကလေးငယ်စောင့်ရှောက်ရေးစင်တာသည် ကလေးငယ်ကို ထိန်းသိမ်းပေးခဲ့သည်။ တိုင်ပင်ဆွေးနွေးသူသည် ကလေးငယ်နှင့်အတူ နေထိုင်လိုသောကြောင့် ကူညီထောက်ပံ့ရေးအဖွဲ့အစည်းမှ မိတ်ဆက်ပေးခဲ့သည့်ရှေ့နေ့ဖြစ်သူသည် ကလေးငယ်စောင့်ရှောက်ရေးစင်တာနှင့် ညှိနှိုင်းခဲ့သည်။

တစ်ချိန်တည်းတွင် ရှေ့နေဖြစ်သူသည် တိုင်ပင်ဆွေးနွေးသူနှင့် ကလေးငယ်တို့ နေထိုင်နိုင်မည့် မိခင်နှင့် ကလေးအဆောင် ကို ရှာဖွေပြီး တိုင်ပင်ဆွေးနွေးသူသည် တိုက်ခန်းမှ မိခင်နှင့် ကလေးအဆောင်သို့ ရွေ့ပြောင်းခဲ့သည်။ ရှေ့နေသည် “မိခင်နှင့် ကလေးအဆောင်သို့ ဝင်ရောက်ကာ ဘဝနေထိုင်ရေးအတွက် အစီအမံများ သိရှိသွားသည့်အတွက် ကလေးငယ်ကို ပြန်ပေးစေလိုသည်” ဟု ညှိနှိုင်းကာ တိုင်ပင်ဆွေးနွေးသူသည် ကလေးငယ်ကို ပြန်ရရှိခဲ့သည်။


မိခင်နှင့် ကလေးအဆောင်ဆိုသည်မှာ

အသက် 18 နှစ်မပြည့်သေးသောကလေးငယ်နှင့် Single mother တို့ ခေတ္တနေထိုင်နိုင်သော စင်တာဖြစ်သည်။ မိခင်နှင့် ကလေးတို့၏ ဘဝနေထိုင်မှုကို ကူညီထောက်ပံ့ရင်းဖြင့် မိမိကိုယ်တိုင်ရပ်တည်နေထိုင်နိုင်စေရန် ကူညီထောက်ပံ့လျက်ရှိသည်။