ဝယ်မိပြီး ဖတ်တဲ့ဆီမရောက်ဖြစ်သောစာအုပ်များ

ဒါမျိုးကို အတော်များများကြုံဖူးမယ်ထင်ပါတယ်။ မယုံရင် ကိုယ့်စာအုပ်စင်ကို ကြည့်ကြည့်ပါ။ ဂျပန်ဘာသာစကားကို သင်ကြားနေတဲ့သူအတော်များများမှာ ဝယ်ဝယ်ပြီး ဘယ်တော့မှ ပြီးအောင်မဖတ်ဖြစ်တဲ့ စာအုပ်တွေ အများကြီးရှိနေမှာပါ။

ဖတ်တော့ဖတ်လိုက်မိပြီး အဓိပ္ပာယ်ကို သေချာလှန်လှောမရှာပဲနဲ့ ကျော်‌ချခဲ့တဲ့ ဂျပန်စကားလုံးတွေ ဂျပန်စာလေ့လာနေတဲ့ သူတိုင်းမှာ မကြာခဏရှိဖူးမှာပါ။ အဲဒီလိုစာလုံးတွေထဲကတစ်ခုကို ဥပမာတစ်ခုပေးပါမယ်။

Tsundoku,  積ん読つ  どく. အဓိပ္ပာယ်ကတော့ :

Buying books and not reading them. [noun] – Jisho.org

စာအုပ်တွေဝယ်ပြီးတော့ မဖတ်ခြင်း

ဒါမျိုးကို အတော်များများကြုံဖူးမယ်ထင်ပါတယ်။ မယုံရင် ကိုယ့်စာအုပ်စင်ကို ကြည့်ကြည့်ပါ။ ဂျပန်ဘာသာစကားကို သင်ကြားနေတဲ့သူအတော်များများမှာ ဝယ်ဝယ်ပြီး ဘယ်တော့မှ ပြီးအောင်မဖတ်ဖြစ်တဲ့ စာအုပ်တွေ အများကြီးရှိနေမှာပါ။ ဒါကတကယ်က Neo Mars က အက်မင်တွေလည်း အတူတူပါပဲ။ ကျောင်းသားဘဝကတည်းက ရှိခဲ့သလို၊ ခုထိလည်း Kindle ထဲမှာ၊ iPad ထဲမှာ မဖတ်ရသေးတဲ့၊ မဖတ်ဖြစ်သေးပဲ ဝယ်ထည့်ထားတဲ့ စာအုပ်တွေအများအပြားရှိနေတုန်းပါ။ 

ဆိုခဲ့သလိုပဲ tsundoku လို့ပြောရင် စာအုပ်စင်မှာ စီစီရီရီကြီးဖြစ်နေတဲ့ စာအုပ်တွေကိုပဲ သွားသွားမြင်မိကြမှာပါ။ တကယ်တမ်းစာလုံးအနေနဲ့ ဖေါ်ပြရင်တော့ စာအုပ်စင်က စာအုပ်တွေကိုဆိုလိုတာပဲလား? ဒါမှ မဟုတ် စာရေးစားပွဲက ဖတ်လက်စ စာအုပ်တွေ၊ ကုတင်ဘေးကစာအုပ်ပုံတွေကို ဆိုလိုတာပဲလား ဝေခွဲမရဖြစ်ကြမှာပါ။ Kanji စာလုံးတွေကို ခွဲခြမ်းကြည့်ရအောင်ပါ။ 

tsu 積つむ: pile up, stack

yo 読よむ: read

ဆိုတော့ကာ ဘယ်လိုမျိုးလဲလို့ Google Image Search ရှာကြည့်လိုက်တဲ့အခါမှာတော့ စာအုပ်စင်ပေါ်ကစီစီရီရီဆိုပြီးဖြစ်နေတဲ့ ပုံမျိုးတွေ ကျမလာပါဘူး။ ဖတ်လက်စစာအုပ်တွေ၊ ကုတင်ဘေးက စာအုပ်ပုံတွေ၊ စာရေးစာ;ပွဲပေါ်ကဖတ်လက်စ စာအုပ်ပုံတွေပဲကျလာတာပါ။

ဒါဆို “မဖတ်ရသေးတဲ့ စာအုပ်ပုံ” ဆိုတဲ့ အဓိပ္ပာယ်က ဘယ်ကနေ ရောက်လာတာပါလဲ။ Kanji စာလုံးထဲမှာ မဖတ်ရသေးဘူးလို့ အဓိပ္ပာယ်ရတာ မပါပါဘူး။

အဖြေကို ဒီဝက်ဆိုက် ထဲမှာ သွားတွေ့ပါတယ်။ ဝေါဟာရနှစ်ခုကို ပေါင်းပြီး အသစ်တစ်ခုလုပ်ထားတာပါ။

Kanji စာလုံး tsundoku 積ん読つ  どく  ရဲ့ ပထမ အခြမ်းက 積つんでおく ဆိုတာကနေလာတာပါ။ “ပုံထားခဲ့တယ်” လို့ အဓိပ္ပာယ်ရပါတယ်။ ဒုတိယ အခြမ်း doku 読どく ကတော့ dokusho 読書どくしょ  ဆိုတဲ့ “စာဖတ်ခြင်း” လို့ အဓိပ္ပာယ်ရတဲ့ စကားလုံးပါ။ အဲဒီ စကားလုံးနှစ်ခုကိုပေါင်းပြီးတော့ စကားလုံး အသစ်အဖြစ်မွေးဖွားလာခဲ့တာပါပဲ။ 

ဥပမာအနေနဲ့ tsundoku 積ん読つ  どく ကိုဘယ်လို သုံးမလဲဆိုတာကို အောက်က စာကြောင်းတွေမှာ ကြည့်ကြည့်ပါ။

  • 僕ぼくは 約やく1000 冊さつほどの 積ん読つ  どくを 抱かかえて 生いきている。
  • I’m living with around 1,000 tsundoku (books).
  • ကျွန်တော်ကတော့ မဖတ်ရသေးတဲ့ စာအုပ် (၁၀၀၀) လောက်နဲ့ နေနေရတဲ့ အဖြစ်ပါပဲ။
  • 今週末こんしゅうまつは、 積ん読つ  どくリストを 作つくろうと 思おもう。
  • This week I think I’m going to make a tsundoku list.
  • ဒီတစ်ပတ်တော့ မဖတ်ရသေးတဲ့ စာအုပ်ပုံကို (ငါ ) စာရင်းလုပ်မယ်လို့တော့ ထင်တာပဲ။
  • 積ん読つ  どく 用ようのお 洒落しゃれな 本棚ほんだなが 欲ほしい。
  • I want a stylish bookcase for my tsundoku (books).
  • စာအုပ်ပုံဖို့ စင်မိုက်မိုက်လေး (ငါ) လိုချင်မိတယ်။

Noun တစ်ခုဖြစ်တာမို့ အခြားအဆင်ပြေတဲ့နည်းလမ်းစုံနဲ့ Grammar စည်းမျဥ်းတွေကို အသုံးပြုပြီး သုံးနိုင်ပါသေးတယ်။

ဖုန်းတွေထဲမှာ မလိုအပ်တော့တဲ့ App တွေကို ဘာလုပ်တတ်ကြပါသလဲ။ တကူးတကရော ဒါဟာလိုမလို စဥ်းစားပြီး ဖျက်ပစ်လေ့ရောရှိပါသလား။ တကယ်တော့ tsundoku ဆိုတာ စာအုပ်တွေနဲ့ချည်းတင်မဟုတ်ပါဘူး။ အကျင့်တစ်ခုလည်း ဖြစ်နေနိုင်ပါသေးတယ်။

အသုံးလိုလို မလိုလို ပစ္စည်းတွေအများကြီး ဝယ်ထားပြီး ပစ်ရမှာ နှမြောတဲ့ အကျင့်ရှိနေတဲ့သူတွေအများကြီးပါ။ ခုလိုမျိုး အကျင့်ကို အင်္ဂလိပ်လို Hoarding Disorder လို့ခေါ်ပါတယ်။ ကိုယ့်ရဲ့ဘဝမှာ မလိုအပ်တော့တဲ့ ပစ္စည်းတွေရှိနေခဲ့ရင် စွန့်ပစ်လိုက်တဲ့နည်းလမ်းမျိုးနဲ့ စီမံခန့်ခွဲလိုက်တာဟာ ရေရှည်အတွက်တော့ ကောင်းပါတယ်။