fbpx

ဂျပန်နိုင်ငံ ပညာရေးစနစ်

အဆင့်မြင့်ပညာကို ဆက်လက်ဆည်းပူးရန်အတွက် ဂျပန်နိုင်ငံရဲ့ ပညာရေးစနစ်မှာ ပြဌာန်းထားချက်အရ ကျောင်းသားတစ်ဦးဟာ (၁၂) နှစ် ကြာ တရားဝင်ပညာရေး ပြီးမြောက်မှု ရှိထားရန် လိုအပ်ပါတယ်။

  • မူလတန်း – elementary education – 6 years
  • အလယ်တန်း – lower secondary school – 3 years
  • အထက်တန်း – upper secondary school- 3 years

တက်ရောက်နိုင်သည့် ပညာရေးလမ်းကြောင်းများ

နိုင်ငံတကာကျောင်းသားတွေအနေနဲ့ ဂျပန်နိုင်ငံရဲ့ ပညာရေးစနစ်ထဲကို ဝင်ရောက်ပြီးပညာဆည်းပူးမယ်ဆိုရင်တော့ အောက်ပါ (၅) မျိုးထဲက တစ်ခုခုထဲကို ဝင်ရောက်ဆည်းပူးနိုင်ပါတယ်။

  1. Colleges of technology
  2. Professional training colleges (postsecondary course of specialized training colleges)
  3. Junior colleges
  4. Universities (undergraduate)
  5. Graduate schools

National Institution for Academic Degrees and University Evaluation (NIAD-UE) မှ အသိအမှတ်ပြုထားသော Junior College သို့မဟုတ် နည်းပညာကောလိပ်တစ်ခုခုမှ အထူးပြုမေဂျာများကို လေ့လာခြင်းပြီးဆုံးခဲ့ပါက “Bachelor’s Degree” ကို ရယူရန် ထပ်မံကြိုးစားနိုင်ပါတယ်။ NIAD-UE မှ ပြုလုပ်သော စာမေးပွဲကို ဖြေဆိုအောင်မြင်ရမှာ ဖြစ်ပါတယ်။

ကိုယ်လျှောက်ထားမယ့် College ကို NIAD-UE မှ အသိအမှတ်ပြုထားခြင်း ရှိမရှိ အသေအချာ စုံစမ်းသင့်ပါတယ်။

ဘွဲ့လက်မှတ်များရရှိဖို့ လိုအပ်တဲ့ ပညာသင်နှစ်ကြာချိန်များ

ဂျပန်နိုင်ငံရဲ့ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းတွေအနေနဲ့ သူတို့ရဲ့ ပညာသင်နှစ်များကို များမှာ စတင်လေ့ရှိပါတယ်။ ပညာသင်နှစ်တစ်ခုရဲ့ သက်တမ်းကို ပိုင်းဖြတ်ရာမှာလည်း semester စနစ်ကို ကျင့်သုံးကြပါတယ်။ 

ဂျပန်နိုင်ငံ အဆင့်မြင့် ပညာရေးအတွက် ယေဘုယျ ပညာသင်နှစ်ကြာချိန်များ
  • ဘွဲ့လွန်ပညာရေးအများစုကိုတော့ ပထမဆင့် (၂) နှစ်နဲ့ ဒုတိယအဆင့် (၃) နှစ်ဆိုပြီး ခွဲခြားထားပါတယ်။ ဆေးပညာ၊ သွားဘက်ဆိုင်ရာ ဆေးပညာနှင့် အခြားဆေးဘက်နှီးနွယ်ပညာရပ်များကိုတော့ ပညာသင်နှစ် (၆) နှစ်အဖြစ် သတ်မှတ်ထားပါတယ်။ ဒါဟာ ရိုးရိုး ‌ဆေးပညာဘွဲ့တွေအတွက်ပါ။ ဆေးပညာ ဘွဲ့လွန်ဆိုရင်တော့ နောက်ထပ် (၄) နှစ် ထပ်မံ ပညာသင်ယူဖို့ သတ်မှတ်ထားပါတယ်။
  • နည်းပညာတက္ကသိုလ်တစ်ခုအတွက် ဘွဲ့ရယူဖို့ ပညာသင်နှစ်ကို (၅) နှစ်အဖြစ် အများစုက သတ်မှတ်ထားပါတယ်။ နိုင်ငံတကာက ကျောင်းသားများအနေနဲ့ တတိယနှစ်ကနေ ဝင်တက်ရောက်နိုင်တဲ့ တက္ကသိုလ်များလည်း ရှိပါတယ်။

ပိုကြီးတဲ့ တက္ကသိုလ်ကြီးတွေကတော့ ဝင်ခွင့်လက်ခံတာနဲ့ ကျောင်းပညာသင်နှစ် တစ်ဖြတ်စတာကို နွေဦး (Spring) နဲ့ ဆောင်းဦး (Fall) ဆိုပြီး ပိုင်းဖြတ်လက်ခံကြပါတယ်။

ဒါကြောင့် အဲဒီလိုကျောင်းကြီးတွေရဲ့ ကျောင်းသားမှတ်ပုံတင်ကဒ်ပြားနံပါတ်တွေမှာ SP, FA ဆိုတဲ့ အင်္ဂလိပ်စာလုံး အတိုကောက်တွေနဲ့ စတင်ပြီး ကျောင်းဝင်ချိန်ကိုပါ ကျောင်းသားကဒ်ကနေ သိအောင်လုပ်ထားတာဖြစ်ပါတယ်။

ရက်ရှည် ကျောင်းပိတ်ရက်များ

မြန်မာနိုင်ငံက ပညာရေးအဖွဲ့အစည်းတွေမှာ နွေရာသီကျောင်းပိတ်ရက်ရှည်တွေ ရှိသလိုပဲ ဂျပန်နိုင်ငံမှာလည်း ကျောင်းပိတ် ရက်ရှည်တွေရှိပါတယ်။ 

နွေရာသီ ကျောင်းပိတ်ရက်များ

ဂျူလိုင်လကုန် ~ စက်တင်ဘာလဆန်း

ဆောင်းရာသီ ကျောင်းပိတ်ရက်များ

ဒီဇင်ဘာလကုန် ~ ဇန်နဝါရီလဆန်း

နွေဦး ကျောင်းပိတ်ရက်များ

ဖေဖေါ်ဝါရီ ~ မတ်

ဂျပန်နိုင်ငံရှိ အဆင့်မြင့် ပညာရေးအဖွဲ့အစည်းများ အရေအတွက်

အောက်က ဇယားပုံကတော့ ဂျပန်နိုင်ငံရဲ့ ပညာရေး၊ ယဥ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန (MEXT) က ထုတ်ပြန်ထားတဲ့ (၂၀၂၀) ခုနှစ်ရဲ့ စစ်တမ်းကဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံအတွင်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများရဲ့ အရေအတွက်လည်း ဖြစ်ပါတယ်။

MEXT ဆိုတာ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးဌာန (၁၁) ခုထဲက အစိုးရဆိုင်ရာ ဝန်ကြီးဌာန တစ်ခုဖြစ်ပြီး အရှည်က Ministry of Education, Culture, Sports, Science and Technology (文部科学省, Monbu-kagaku-shō) ဖြစ်ပါတယ်။

အတိုကောက် MEXT ကို ဂျပန်လို Monka-shō လို့လည်း ခေါ်ကြပါတယ်။

Sources