fbpx

Kanto မှ ထင်ရှားသော‌နေရာများ

ဂျပန်နိုင်ငံ၏မြို့တော်ဖြစ်ပြီး နိုင်ငံရေး စီးပွားရေးအဓိကနေရာလည်းဖြစ်ပါတယ်။

ကမ္ဘာပေါ်တွင် စျေးဝယ်ထွက်ရန် အစုံလင်ဆုံးနေရာထဲမှ တစ်ခုဖြစ်ပြီး ယဥ်ကျေးမှု အနုပညာပြတိုက်များ၊ အာရှရဲ့ ဖက်ရှင် ဆန်းသစ်တီထွင်မှုများ၊ နည်းပညာများ၊ အလုပ်အကိုင်အခွင့်အလမ်းများဖြင့် စိန်ခေါ်ချက်ပြည့်မြို့ကြီး တစ်မြို့ဖြစ်ပါတယ်။

ကမ္ဘာအရပ်ရပ်မှ အစားအသောက်များစုံလင်စွာရရှိနိုင်သလို ဂျပန်လူမျိုးများသာမက နိုင်ငံတကာမှ ပညာရှင်များနှင့် လူမျိုးစုံတို့ ကူးသန်းယှက်နွယ်နေရာ မြို့တစ်မြို့လည်းဖြစ်ပါတယ်။

ရှိဘုယရဲ့ လူအပြည့်နဲ့လမ်းဆုံတွေ၊ (၂၄) နာရီ ရပ်နားချိန်မရှိပျားပမ်းခတ်လှုပ်ရှားနေတဲ့ မီးရောင်တွေ နဲ့ အလုပ်ချိန်မှာ လူတွေအပြည့်နဲ့ ခေတ်မီရထားကြီးတွေက ကြိုဆိုနေမှာပါ။ တိုကျိုဟာ ကမ္ဘာအရပ်ရပ်ကလူတွေကို ခုထိ အံ့သြစရာတွေပေးစွမ်းဆဲပါပဲ။