fbpx

တိုကျို (Tokyo)

Ghibli ပြခန်း

三鷹の森ジブリ美術館 – စတူဒီယို Ghibli အကြောင်းကိုတော့ အကျယ်တဝင့် ပြောပြစရာမလိုလောက်အောင် ကမ္ဘာပေါ်မှာ နာမည်အလွန်ကြီးပါတယ်။

ဒီပြခန်းထဲမှာ တကယ့်အိပ်မက်ကမ္ဘာလေးထဲကို ရောက်သွားသလို ခံစားရမှာပါ။

သစ္စာစောင့်ခွေးလေး ဟာချီခိုကြေးရုပ်

忠犬ハチ公銅像 – သခင်သေပြီးတဲ့နောက်မှာလဲ ဘူတာမှာ ပြန်မလာနိုင်တဲ့ သခင်ကို ဆက်စောင့်နေတယ်ဆိုတဲ့ ဟာချိကိုခွေးလေးကို အစွဲပြုပြီး ထုလုပ်ခဲ့တဲ့ နာမည်‌ကျော် ကြေးရုပ်လေးပါ။

ဂင်းဇ

銀座 – ကမ္ဘာ့နာမည်ကျော် ကုန်အမှတ်တံဆိပ်ဘရန်းတွေ လာစုနေတဲ့ နေရာဖြစ်ပါတယ်။

စျေးဝယ်သူတွေနဲ့ အမြဲမပြတ်စည်ကားနေတတ်သလို ဂျပန်လူကုံထံ အသိုင်းအဝိုင်း စုဝေး‌ရာနေရာလည်း ဖြစ်ပါတယ်။