fbpx

ဟိုကိုင်းဒိုးမှ အခြားနာမည်ကြီးဒေသများ (Hokkaido)

ဟိုကိုင်းဒိုး (Hokkaido) ကတော့ ဂျပန်ရဲ့ မြောက်ဘက်အကျဆုံးပါပဲ။ ကျယ်ပြန့်တဲ့ မျက်စိတဆုံးကွင်းပြင်ကျယ်ကြီးတွေ၊ စိုက်ခင်းတွေ၊ သဘာဝတောင်တောင်တွေကတော့ ပင်လယ်ဝန်းရံပြီးတည်ရှိနေတာပါ။

ပင်လယ်စာတွေဟာလည်း လတ်ဆတ်ပြီး ပေါပေါများများရပါတယ်။ ဟိုကိုင်းဒိုးမှာ ဖမ်းမိတဲ့ ဂဏန်းတွေဟာဆိုရင် အအေးပိုင်းဖြစ်တာမို့ အကောင်အတော်ကြီးပါတယ်။ ဆာရှိမိလတ်လတ်ဆတ်ဆတ်ကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။

ခမိနိုကို ရေကန်

神の子池 – အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကြည်လင်နေတဲ့ သဘာဝရေကန်တစ်ခုပါ။

ရေဟာ အပြာရောင်သမ်းပြီးတော့ အနီးစပ်ဆုံး Mashu ရေကန်ကရေတွေဟာ ရေအောက်စမ်းချောင်းတွေကနေ တစ်ဆင့် ခမိနိုကို ရေကန်ထဲကို စီးဝင်ဝာာပါ။ 

Noboribetsu ငရဲတောင်ကြား

登別地獄谷 – ဂျပန်လို ငရဲကို Jigoku လို့‌ခေါ်တဲ့ အမည်နဲ့လိုက်အောင်ပဲ မြေတွင်းအောင်းပူတွေနဲ့ ဆူနေတဲ့ရေနွေးတွေဟာ တသွင်သွင်ထွက်နေတာပါ။

ဆာလဖာဓာတ်တွေကြောင့် ပတ်ဝန်းကျင်ကလေထုဟာ ကြက်ဥပုပ်နံ့ထွက်နေနိုင်ပါတယ်။

ရှခိုတန်ကျွန်းဆွယ်

積丹半島 – Kamui အငူကနေကြည့်လိုက်ရင် ရပ်သပ်ရှုမောဖွယ်ရာမြင်ကွင်းကို မြင်ရမှာပါ။

အဲဒီကနေမြင်ရတဲ့ ပင်လယ်ပြင်ရဲ့အရောင်ကိုတောင် Shakotan Blue (ရှခိုတန် အပြာရောင်) လို့ သီးသန့်တင်စားခေါ်ဝေါ်ကြပါတယ်။

Chikyu အငူ

地球岬 – ဟိုကိုင်းဒိုးရဲ့ သဘာဝအလှအပရှုခင်း အကောင်းဆုံးနေရာ အခု (၁၀၀) စာရင်းထဲမှာ ပါဝင်တဲ့နေရာပါ။

ပစိဖိတ်သမုဒ္ဒရာကြီးကို မီတာ (၁၂၀) ကျော် အမြင့်ရှိတဲ့ အငူစွန်းကနေ ရပ်ကြည့်လိုက်ရင် နစ်မြောသွားစေနိုင်တဲ့အထိ လှပပါတယ်။

ဟိုခုလုမြို့က နေကြာပန်းများ

北竜町のひまわり – နေကြာပန်းပင်ပေါင်း တစ်သန်းခွဲလောက် မြိုင်မြိုင်ဆိုင်ဖူးပွင့်နေတဲ့ လည်စရာ နေရာတစ်ခုပါပဲ။ 

နှစ်စဥ်ဆိုသလို လူပေါင်း နှစ်သိန်းလောက်က နေကြာပန်းတွေကို ကြည့်ဖို့ လာကြပါတယ်။

Taushubetsu တံတား

タウシュベツ橋梁 – ခပ်ကွေးကွေးတည်ဆောက်ထားတဲ့ ကွန်ကရိတံတားတစ်ခုပါ။ 

Kamishihoro မြို့မှာရှိတဲ့ Nukabira ရေကန်အပေါ်ကိုဖြတ်ဆောက်ထားပြီး တခါတလေ မိုးများတဲ့ကာလတွေမှာ ရေအောက်ကို မြုပ်သွားလေ့ရှိပါတယ်။