ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားများ 2.8 သန်းခန့် နေထိုင်လျက်ရှိပြီး၊ ကိုရိုနာ မဖြစ်ပွားခင်အထိ နှစ်စဥ် လူဦးရေမှာတိုးပွားလာခဲ့ပါသည်။ ကလေးမွေးဖွားနှုန်း ကျဆင်းလာခြင်းနှင့် သက်ကြီးရွယ်အိုများ တိုးပွားလာခြင်းတို့ကြောင့် လျော့နည်းလာသော ဂျပန်လုပ်သားအင်အားကို နိုင်ငံခြားသားများသည် ဖြည့်တင်းလာခြင်းကြောင့်ဖြစ်သည်။
ပညာတတ်များနှင့် ပညာတော်သင်ကျောင်းသားဦးရေ တိုးပွားလာသော်လည်း အထူးသဖြင့် နည်းပညာအလုပ်သင်သင်တန်းသားဦးရေမှာ တိုးပွားလာခဲ့ပါသည်။
◆ ဂျပန်နိုင်ငံတွင် နေထိုင်သောနိုင်ငံခြားအရေအတွက်မှာ တိုးပွားလာသည်
လူဝင်မှုကြီးကြပ်ရေးနှင့် နေထိုင်မှုစီမံခန့်ခွဲရေးဌာန၏ ထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံတွင် နေထိုင်သော နိုင်ငံခြားသား ဦးရေမှာ 2,823,565 (2021 ခုနှစ် ဇွန်လ အချိန်) ဖြစ်သည်။
2020 ခုနှစ်နောက်ပိုင်းတွင် ကိုရိုနာကြောင့် ပြည်ဝင်ခွင့်ကို ကန့်သတ်ထားပြီး 2019 ခုနှစ် (2,933,137) ထက် လျော့ကျသွားသော်လည်း ထိုအချိန်အထိ ဆက်လက်တိုးပွားလာခဲ့သည်။
တိုးပွားလာမှု၏နောက်ခံအကြောင်းအရင်း
- ကလေးမွေးဖွားနှုန်း ကျဆင်းလာခြင်းနှင့် သက်ကြီးရွယ်အိုများ တိုးပွားလာခြင်းတို့ကြောင့် လူ့စွမ်းအားအရင်းအမြစ်များရှားပါးလာပြီး နိုင်ငံခြားသားများကို အလုပ်ခန့်အပ်သည့် ကုမ္ပဏီများတိုးပွားလာခဲ့ပါသည်။
- အထူးသဖြင့် နည်းပညာအလုပ်သင်သင်တန်းသားများအား လက်ခံမှုမှာ တိုးပွားလာခဲ့ပါသည်။
- အစိုးရသည် ပညာတတ်နိုင်ငံခြားသားများနှင့် ပညာတော်သင်ကျောင်းသားများ လက်ခံမှုကိုလည်း တိုးမြှင့်ပေးခဲ့ပါသည်။
အလုပ်လုပ်ကိုင်နေသောနိုင်ငံခြားသားများအား
2021 ခုနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံခြားသားအလုပ်သမားဦးရေမှာ 1,727,221 ရှိသည်။
နေထိုင်အခြေအနေပေါ်မူတည်သည့် နေထိုင်ခွင့်ဗီဇာများ – 580,000 ဦး
အခြေချနေထိုင်သူ (အဓိကအားဖြင့် ဂျပန်နွယ်ဖွား)၊ အမြဲတမ်းနေထိုင်သူ၊ ဂျပန်လူမျိုး၏ အိမ်ထောင်ဖက် စသည်
နည်းပညာအလုပ်သင်သင်တန်း – 352,000 ဦး
ဂျပန်နိုင်ငံ၏ နည်းပညာများကို နိုင်ငံခြားသားများထံသို့ ပို့ချပေးသည့် နိုင်ငံတကာ ပံ့ပိုးကူညီမှု အဓိပ္ပာယ်
သတ်မှတ်ချက်အပြင် အခြားလှုပ်ရှားမှုများအတွက် ခွင့်ပြုချက် – လူ 335,000 ဦး
ပညာတော်သင်ကျောင်းသားများ၏ အချိန်ပိုင်းအလုပ်စသည်
ပရော်ဖက်ရှင်နယ်နှင့် နည်းပညာဆိုင်ရာနယ်ပယ်၏ နေထိုင်ခွင့်ဗီဇာ – 395,000 ဦး
ပါမောက္ခ၊ ကျွမ်းကျင်ပညာရှင်၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှု၊ ဥပဒေနှင့် စာရင်းကိုင်လုပ်ငန်း၊ ဆေးပညာ၊ သုတေသန၊ ပညာရေး၊ နည်းပညာ၊ လူသားအသိပညာ၊ နိုင်ငံတကာရေးရာလုပ်ငန်း၊ ကုမ္ပဏီအတွင်းရွှေ့ပြောင်းခြင်း၊ ပြုစုစောင့်ရှောက်ရေး၊ ကျွမ်းကျင်မှု၊ အထူးကျွမ်းကျင်လုပ်သားစသည်
သတ်မှတ်ထားသော လှုပ်ရှားမှု- 66,000 ဦး
နိုင်ငံခြားသား သူနာပြုများနှင့် ပြုစုစောင့်ရှောက်ရေးကျွမ်းကျင်ပညာရှင်များအတွက် လျှောက်ထားသူများ၊ Working Holiday၊ နိုင်ငံခြားသား ဆောက်လုပ်ရေး အလုပ်သမားများ၊ နိုင်ငံခြားသား သင်္ဘောဆောက်လုပ်ရေးအလုပ်သမားများစသည်
◆ နိုင်ငံအလိုက် နေထိုင်သည့် နိုင်ငံခြားသားဦးရေ
ဂျပန်နိုင်ငံတွင် နေထိုင်သော နိုင်ငံခြားသားဦးရေ 2,823,565 (2021 ခုနှစ်) အနက်၊ နိုင်ငံသားအလိုက် အများစုမှာ အောက်ပါနိုင်ငံများထဲမှဖြစ်သည်။
နိုင်ငံသား | ဦးရေ |
တရုတ်နိုင်ငံ | 745,411 |
ဗီယက်နမ်နိုင်ငံ | 450,046 |
ကိုရီးယားနိုင်ငံ | 416,389 |
ဖိလစ်ပိုင်နိုင်ငံ | 277,341 |
ဘရာဇီးနိုင်ငံ | 206,365 |
◆ ခရိုင်အလိုက် နိုင်ငံခြားသားဦးရေ
နိုင်ငံခြားသား အများအပြားရှိသော စီရင်စုများ (2021 ခုနှစ် ဇွန်လ)
စီရင်စု | နိုင်ငံခြားသားဦးရေ | |
1 | တိုကျိုမြို့ | 541,807 |
2 | အအိချိခရိုင် | 269,685 |
3 | အိုဆာကာစီရင်စု | 250,071 |
4 | ခနဂဝခရိုင် | 230,301 |
5 | ဆအိတမခရိုင် | 198,548 |
6 | ချိဘခရိုင် | 168,048 |
7 | ဟရောဂို့ခရိုင် | 113,772 |
8 | ရှိဇုအိုခခရိုင် | 99,143 |
9 | ဖူခုအိုခခရိုင် | 79,206 |
10 | အိဘရခိခရိုင် | 72,279 |
11 | ဂွန်းမခရိုင် | 63,174 |
12 | ကျိုတိုစီရင်စု | 59,825 |
13 | ဂိဖုခရိုင် | 58,412 |
14 | မိအဲခရိုင် | 55,331 |
15 | ဟီရိုရှီးမားခရိုင် | 53,604 |