fbpx

ဂျပန်နိုင်ငံ၏ တစ်နှစ်တာအတွင်း ပွဲတော်များ

events-in-japan

ဂျပန်နိုင်ငံတွင် တစ်နှစ်တာအတွင်း ရာသီဥတု ၄ မျိုး ပြောင်းလဲလျက်ရှိပြီး ဥတုရာသီအလိုက် ပွဲတော်များလည်း များစွာရှိသည်။

ဇန်နဝါရီလ

ဇန်နဝါရီလ 1 ရက်နေ့ – နှစ်သစ်ကူး (အစိုးရရုံးပိတ်ရက်)

ဂျပန်နိုင်ငံတွင် ဇန်နဝါရီ 1 ရက်နေ့သည် နှစ်တစ်နှစ်၏ အစဖြစ်သည်။ နှစ်သစ်ကူးမှစ၍ ရက်ပေါင်းအတန်ကြာ နတ်ကွန်းနှင့် ဘုရားကျောင်းများသို့ သွားကြသူများလည်း များစွာရှိသည်။

ဇန်နဝါရီလ ဒုတိယအပတ် တနင်္လာနေ့ – အရွယ်ရောက်သူများနေ့ (အစိုးရရုံးပိတ်ရက်)

ဒေသအသီးသီးတွင် အရွယ်ရောက်သူများနေ့အခမ်းအနားကို ကျင်းပကြသည်။ အရွယ်ရောက်သူအသစ်များသည် အနောက်တိုင်းဝတ်စုံပြည့်နှင့် ကီမိုနိုများကို ဝတ်ဆင်၍ ဆင်နွှဲကြသည်။


ဖေဖော်ဝါရီလ

နွေဦးအကြိုနေ့ (2022 ခုနှစ် ဖေဖော်ဝါရီလ 3 ရက်) – ရာသီအကုန်

နတ်ဆိုးတွေကအပြင် ကံကောင်းခြင်းများက အတွင်းသို့ ဟု ပြောရင်းဖြင့် ပဲများကို ပက်ကာ မကောင်းမှုကို နှင်ထုတ်သည့်ဓလေ့ရှိသည်။

ဖေဖော်ဝါရီလ 14 ရက် – ချစ်သူများနေ့

ဤနေ့တွင် ချစ်သူများ၊ တန်ဖိုးထားရသူများအား ချောကလက်ပေးသူများလည်း ရှိသည်။


မတ်လ

မတ်လ 3 ရက် – ဟိနပွဲတော်

အမျိုးသမီးများ၏ ပျော်ရွှင်ကျန်းမာစွာ ကြီးထွားလာစေရန် ဆုတောင်းသည့်ပွဲတော်ဖြစ်သည်။

မတ်လ 14 ရက် – အဖြူရောင်နေ့

2 လပိုင်း ချစ်သူများနေ့တွင် လက်ဆောင်ရထားသောအမျိုးသားမှ လက်ဆောင်ပြန်ပေးရသောနေ့ဖြစ်သည်။

မတ်လ – ဘွဲ့နှင်းသဘင်အခမ်းအနား

ကျောင်းများသည် များသောအားဖြင့် ဧပြီလမှ စတင်ပြီး မတ်လတွင် စာသင်နှစ်တစ်နှစ်ကုန်ဆုံးကြကာ နောက်ဆုံးစာသင်နှစ် ပြီးဆုံးပြီး ဘွဲ့ရယူတော့မည့် တပည့်၊ ကျောင်းသားများ၏ ဘွဲ့ရရှိမှုကို ဂုဏ်ပြုသည့် မှတ်တိုင်အခမ်းအနား (ကျောင်းပွဲတော်) ဖြစ်သည်။ ကျောင်းဝင်ခွင့်စာမေးပွဲကို ထိုမတိုင်မီ ဇန်နဝါရီလမှ မတ်လတွင် ကျင်းပကြသည်။

မတ်လမှ ဧပြီလ – ချယ်ရီပန်းကြည့်ခြင်း

ချယ်ရီပန်းအလှကို ကြည့်ရှုခံစားကြခြင်းဖြစ်သည်။ ဒေသလိုက် ပွင့်ချိန် ကွဲပြားသည်။

ဧပြီလ

ဧပြီ 1 ရက် – April Fool’s Day

ခင်မင်ရင်းနှီးသူများအား လိမ်ညာခြင်းနှင့် နောက်ပြောင်ခြင်းကို ပြော၍ ပျော်ရွှင်စေသည့်နေ့ဖြစ်သည်။

ဧပြီ 1 ရက် – နှစ်ကာလအသစ်

ကုမ္ပဏီအများစုနှင့် ကျောင်းများ၏ “နှစ်ကာလ” သည် ဧပြီလတွင် စတင်သည်။ ကုမ္ပဏီဝင်ရောက်ခြင်းအခမ်းအနားနှင့် ကျောင်းဝင်ရောက်ခြင်းအခမ်းအနားတို့ကို ဧပြီလအစပိုင်းတွင် ကျင်းပကြသည်။

ဧပြီလကုန်ပိုင်းမှ မေလအစပိုင်းအထိ – Golden Week

ဧပြီလ 29 ရက် (ရှောဝနေ့)၊ မေလ 3 ရက် (အောက်မေ့ဖွယ်နေ့)၊ မေလ 4 ရက် (စိမ်းလန်းရေးနေ့)၊ မေလ 5 ရက် (ကလေးငယ်များနေ့) ဟူသည့် 4 ရက်တာ အစိုးရရုံးပိတ်ရက်နှင့် စနေ၊ တနင်္ဂနွေ၊ လစာပေးခွင့်ရက်များအပါ ရက်ပေါင်းများစွာ အားလပ်ရက်ဆက်တိုက်ယူတတ်ကြသည်။ ထိုကာလကို Golden Week ဟု ခေါ်သည်။


မေလ

မေလ 5 ရက် – ကလေးငယ်များနေ့ (အစိုးရရုံးပိတ်ရက်)

ငါးကြင်းလွှတ်တင်ခြင်း

ယခင်က “ယောင်္ကျားလေးပွဲတော်” ဟူ၍ ယောင်္ကျားလေးများ၏ ကျန်းမာစွာ ကြီးထွားမှုနှင့် ပျော်ရွှင်မှုကို ဆုတောင်းသည့် အထိမ်းအမှတ်နေ့ဖြစ်သော်လည်း ယခုအခါ ကလေးငယ်များအားလုံးအား ဂုဏ်ပြုသည့်နေ့ဖြစ်သည်။ ဓာတ်ပုံတွင် ပြထားသကဲ့သို့ “ငါးကြင်းလွှတ်တင်ခြင်း” ဟူသည့် တံခွန်ကို မြင့်တင်ကြသည်။

မေလ ဒုတိယပတ် တနင်္ဂနွေနေ့ – အမေများနေ့

ဂျပန်နိုင်ငံ၏ အမေများနေ့သည် မေလ ဒုတိယအပတ် တနင်္ဂနွေနေ့ဖြစ်သည်။ မိခင်ထံ ကာနေးရှင်းပန်းများနှင့် လက်ဆောင်ပစ္စည်းများ ပေး၍ ကျေးဇူးတင်စိတ်ကို ဖော်ပြကြသည်။


ဇွန်လ

ဇွန်လ 1 ရက် – ရာသီအလိုက် အဝတ်အစားပြောင်းဝတ်ခြင်း

ဒေသအများစုတွင် ဇွန်လ 1 ရက်မှစ၍ နွေရာသီအဝတ်အစားများကို လဲဝတ်ကြပြီး အဝတ်ပါးပါးနှင့် လက်တိုများကို ဝတ်ဆင်ကြသည်။

ဇွန်လ တတိယပတ် တနင်္ဂနွေနေ့ – အဖေများနေ့

အဖေများအား ကျေးဇူးတင်သည့်နေ့ဖြစ်သည်။

ဇွန်လမှ ဇူလိုင်လ – မိုးရာသီ

ဤကာလတွင် မိုးအရွာများသည်။ ဤသည်ကို မိုးရာသီဟုခေါ်သည်။


ဇူလိုင်လ

ဇူလိုင်လ 7 ရက် – ကြယ်စင်ပွဲတော် (တနဘတ)

ရက်ကန်းအမျိုးသမီးနှင့် ဟိခိုကြယ်တို့၏ ဒဏ္ဍာရီနှင့် ဆက်စပ်၍ စာရွက်ရှည်ပေါ်တွင် ဆုတောင်းကို ရေးပြီး ဝါးရွက်နှင့်ချည်နှောင်ကာ ဆုတောင်းကြသည်။

ဇူလိုင် မှ သြဂုတ် – မီးရှူးမီးပန်းကြည့်ပွဲတော်

ဒေသအသီးသီးတွင် မီးရှူးမီးပန်းကြည့်ပွဲတော်ကို ကျင်းပကြသည်။


သြဂုတ်လ

သြဂုတ်လ အလယ်ပိုင်း – အိုဘွန်းပွဲတော်

ဘိုးဘေးများအား ဝတ်ပြုကြသည့်ပွဲတော်ဖြစ်ပြီး သြဂုတ်လ 13 ရက်မှ 16 ရက်အထိဖြစ်သည်။ သြဂုတ်လ 111 ရက်တွင် “တောင်တန်းပွဲတော်” (အစိုးရရုံးပိတ်ရက်) နှင့် စနေ၊ တနင်္ဂနွေ၊ လစာပေးခွင့်ရက်များအပါ ရက်ပေါင်းများစွာ အားလပ်ရက်ဆက်တိုက်ယူကြသူများလည်း ရှိသည်။

မူလတန်း၊ အလယ်ကျောင်းများ၏ နွေရာသီအားလပ်ရက်သည် များသောအားဖြင့် ဇူလိုင်လ နှောင်းပိုင်းမှ သြဂုတ်လ လကုန်အထိ ရက်ပေါင်း 40 ကြာမြင့်တတ်ပြီး အထက်တန်း၊ တက္ကသိုလ်တွင်လည်း နွေရာသီအားလပ်ရက်ရှည် ရှိသည်။


အောက်တိုဘာလ

အောက်တိုဘာလ 1 ရက် – ရာသီအလိုက် အဝတ်အစားပြောင်းဝတ်ခြင်း

ဆောင်းဦးရာသီ အဝတ်အစားများကို လဲဝတ်ကြသည်။ လက်တိုမှ လက်ရှည်သို့ ပြောင်းဝတ်ကြသည်။

အောက်တိုဘာလ 31 ရက် – သရဲများနေ့

ဂျပန်နိုင်ငံတွင်လည်း သရဲများနေ့ အဝတ်အစားကို ဝတ်ဆင်ကြသည်။ ပညာတော်သင်ကျောင်းသားများ တက်ရောက်လျက်ရှိသည့်ကျောင်းများတွင်လည်း ပွဲတော်ကို ကျင်းပကြသည်။


နိုဝင်ဘာလ

နိုဝင်ဘာလ 15 ရက် – Shichi-go-san

ကလေးငယ်များ၏ ကြီးထွားမှုကို ဂုဏ်ပြုရန်အတွက် မိန်းကလေးများသည်  3 နှစ်နှင့် 7 နှစ်၊ ယောကျာ်းလေးများသည် 3 နှစ်နှင့် 5 နှစ်တွင် ကီမိုနိုစသည်ကို ဝတ်ဆင်ကာ နတ်ကွန်းသို့ ဆုတောင်းရန် သွားကြသည်။

နိုဝင်ဘာလ မှ ဒီဇင်ဘာလ -ဆောင်းဦးရာသီအရွက်များ ကြည့်ခြင်း

ဆောင်းဦးရာသီအရွက်များ ကြည့်ခြင်း

ဆောင်းဦးရာသီတွင် သစ်ပင်များသည် အနီရောင်နှင့် အဝါရောင်သို့ ပြောင်းကြသည်။ ဤသည်ကို ဆောင်းဦးရာသီအရွက်ဟု ခေါ်သည်။ အေးသောဒေသများတွင် အောက်တိုဘာလ နှောင်းပိုင်းမှစ၍ ဆောင်းဦးရာသီအရွက်များ စမြင်နိုင်သည်။


ဒီဇင်ဘာလ

ဒီဇင်ဘာလ 24 မှ 25 ရက် – ခရစ္စမတ် အကြိုနေ့၊ ခရစ္စမတ် 

ချစ်သူနှင့် ချိန်းတွေ့ခြင်း၊ သူငယ်ချင်းများနှင့် ပါတီပွဲများကို ပြုလုပ်ကြသည်။ အစိုးရရုံးပိတ်ရက် မဟုတ်ပါ။

ဒီဇင်ဘာလ 31 ရက်နေ့ – နှစ်သစ်ကူးအကြိုနေ့

တစ်နှစ်တာ၏ နောက်ဆုံးနေ့ကို နှစ်သစ်ကူးအကြိုနေ့ဟု ခေါ်သည်။ ညပိုင်းတွင် ခေါက်ဆွဲကို စားကြသည်။ ထိုခေါက်ဆွဲကို “တိုရှိခိုရှိဆိုဘ” ဟု ခေါ်သည်။