ခဲန်းချင်းဂျိရုဟင်းချို

ခဲန်းချင်းဂျိရု (Kenchin-jiru) ဟင်းချိုဟာ မူလအစတုန်းက အဓိဌာန်တရားကျင့်တဲ့ ဘုန်းတော်ကြီးတွေအတွက် ချက်ပြုတ်ပေးတဲ့ အသားငါးမပါတဲ့ ဟင်းလျာကနေ အစပြုခဲ့တာဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်တွေ အများကြီးနဲ့ ချက်ပြုတ်တဲ့ ဂျပန်စတိုင်ဟင်းချို ချက်နည်းကို မိတ်ဆက်ပါမယ်။

ခဲန်းချင်းဂျိရု (Kenchin-jiru) ဟင်းချိုဟာ မူလအစတုန်းက အဓိဌာန်တရားကျင့်တဲ့ ဘုန်းတော်ကြီးတွေအတွက် ချက်ပြုတ်ပေးတဲ့ အသားငါးမပါတဲ့ ဟင်းလျာကနေ အစပြုခဲ့တာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာတော့ ဟင်းသီးဟင်းရွက်တွေကို ဆီသတ်ပြီးတော့ ဘိုနီတိုငါးခြောက် (သို့မဟုတ်) ပုစွန်ခြောက်နဲ့ ဒါ့ရှိငါးအချိုမှုန့်၊ ရှီအိသားကေး လို့ခေါ်တဲ့ မှိုကနေရတဲ့ အရသာရည်တွေနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းချိုရည်ကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။


၄ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

  • မုန်လာဥဖြူ (၁၅၀) ဂရမ် (၄ စင်တီမီတာခန့်)
  • မုန်လာဥနီ (၇၀)ဂရမ် (တစ်ပိုင်း)
  • ပိန်းဥ (၂) လုံး
  • ရှီအိသားကေးမှိုခြောက် (၂) ခု
  • ပဲပြား (၁၅၀) ဂရမ် တစ်တုံး
  • နှမ်းဆီ စားပွဲတင်ဇွန်း (၂) ဇွန်း
  • ဘိုနီတိုငါးခြောက်ပြုတ်ရည် (သို့မဟုတ်) ဒါ့ရှိငါးမှုန့်အချိုရည် (၈၀၀ မီလီလီတာ)
လိုအပ်သောပစ္စည်းများ


(ဒါ့ရှိအချိုရည်လုပ်ရန်)

  • ရှီအိသားကေးမှိုအချိုရည် (သို့မဟုတ်) ဘိုနီတိုငါးအချိုရည် (သို့မဟုတ်) ပုစွန်ခြောက်ပြုတ်ရည် (၁၀၀ မီလီလီတာ)
  • ပဲငံပြာရည် စားပွဲတင်ဇွန်း (၁) ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်းဝက်
  • ကြက်သွန်နီမြိတ် (၂) ပင်
  • သံပုရာခွံ အနည်းငယ်
  • ငရုတ်သီးမှုန့် အနည်းငယ်