fbpx

ဘဏ်၊ စာတိုက်၊ နိုင်ငံခြားသို့ ငွေလွှဲခြင်း

ဘဏ်၊ စာတိုက်၊ နိုင်ငံခြားသို့ ငွေလွှဲခြင်း

ဂျပန်နိုင်ငံတွင် နေထိုင်ရာ၌ အလုပ်၊ အချိန်ပိုင်းအလုပ်လစာကို ငွေလွှဲရယူရန် အကောင့်လိုအပ်သည်။

အကောင့်ဖွင့်ရန် နည်းပညာအလုပ်သင်သင်တန်း၏ ကြီးကြပ်ရေးအဖွဲ့နှင့် ပညာတော်သင်ကျောင်းတို့မှလည်း ကူညီထောက်ပံ့ပေးမည်ဖြစ်သော်လည်း မိမိကိုယ်တိုင် ရွေးချယ်ထားသောဘဏ်နှင့် ငွေလွှဲကုမ္ပဏီကို အသုံးပြုခြင်းမျိုးလည်း ရှိသည်။

ဘဏ်၊ စာတိုက်၊ နိုင်ငံခြားသို့ ငွေလွှဲခြင်း၏ အခြေခံဗဟုသုတများကို မိတ်ဆက်ပေးပါမည်။


ဘဏ်

ဘဏ်အကောင့် ဖွင့်ခြင်း

ဘဏ်ကောင်တာတွင် အကောင့်ဖွင့်နိုင်ပါသည်။

စာတိုက်မှတစ်ဆင့် ပေးပို့ခြင်းနှင့် အင်တာနက်မှတစ်ဆင့် အကောင့်ဖွင့်နိုင်သောဘဏ်များလည်း ရှိသည်။

ပုံမှန်အားဖြင့် Cash Card (ATM card) ကို နောက်တစ်နေ့တွင် နေအိမ်သို့ စာတိုက်မှတစ်ဆင့် ပေးပို့မည်ဖြစ်သည်။

အကောင့်ဖွင့်ရန်လိုအပ်သောအရာများ

  • ကာယကံရှင်ဖြစ်ကြောင်းအတည်ပြုချက်စာရွက်စာတမ်းများ (နေထိုင်ခွင့်ကတ်၊ ပတ်စပို့များ)
  • တံဆိပ်တုံး (အချို့ဘဏ်များသည် လက်မှတ်ဖြင့်လည်း လက်ခံသည်)
  • ဝန်ထမ်းကတ်နှင့် ကျောင်းသားကတ် (မရှိပါက ကုမ္ပဏီနှင့် ကျောင်းမှ အသိများအား ခေါ်ဆောင်၍ အတူတကွလာရောက်ပါ)

    


ဘဏ်အကောင့် ရောင်းချခြင်းသည် ရာဇဝတ်မှုဖြစ်သည်။

မိခင်နိုင်ငံသို့ ပြန်သောအခါတို့တွင် ဘဏ်ကောင်တာတွင် သင့်အကောင့်ကို သေချာပိတ်ပါ။

Cash Card (ATM card) နှင့် ငွေစာရင်းစာအုပ်ကို ရောင်းချခြင်း၊ လွှဲပြောင်းပေးခြင်းသည် ရာဇဝတ်မှုဖြစ်သည်။

မိမိအကောင့်ကို ရာဇဝတ်မှုတွင် အသုံးပြုခံရနိုင်ခြေလည်း ရှိသည်။

ဘဏ်အကောင့် ရောင်းချခြင်းသည် ရာဇဝတ်မှုဖြစ်သည်။

လိမ်လည်မှုစသည့်ရာဇဝတ်မှုတွင် အသုံးပြုခြင်း

တစ်စုံတစ်ယောက်သည် ထိုသူတို့ဝယ်ယူထားသောအကောင့်ကို လိမ်လည်မှု၊ ငွေကြေးခဝါချမှု၊ တရားမဝင်ငွေကြေးရန်ပုံငွေအကောင့် စသည်တို့တွင် အသုံးပြုမည်ဖြစ်သည်။

ဥပမာအားဖြင့် အောက်ပါကဲ့သို့သောရာဇဝတ်မှုတွင်လည်း အသုံးပြုခြင်းခံရနိုင်သည်။

  • အဖိုးအို၊ အဖွားအိုတို့အား လှည့်စား၍ ငွေပမာဏများစွာကို လွှဲခိုင်းခြင်း “ဖုန်းဖြင့်လိမ်လည်ခြင်း”
  • SNS (လူမှုကွန်ယက်စာမျက်နှာ) တို့တွင် “လေယာဉ်လက်မှတ်များကို ဈေးသက်သာစွာ ရောင်းချပါမည်”၊ “အလုပ်မိတ်ဆက်ပေးပါမည်” ဟု ဆို၍ ငွေလွှဲလိုက်ပါက အဆက်အသွယ် လုပ်မရတော့သောလိမ်လည်မှု

တရားမဝင်နေထိုင်သူမှ မကောင်းသောရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်း

တရားမဝင်နေထိုင်သူ (ခွင့်ပြုချက်မရှိဘဲ ဂျပန်ပြည်တွင်းနေထိုင်လျက်ရှိသည့် နိုင်ငံခြားသားများ) သည် မိမိ၏ အကောင့်ကို ဖွင့်နိုင်မည်မဟုတ်ပါ။

ထိုသူများသည် အခြားသူများ၏ အကောင့်ကို ဝယ်ယူ၍ တရားမဝင်အလုပ်လစာကို လက်ခံရန်အတွက် အသုံးပြုခြင်းမျိုးလည်း ရှိသည်။


စာတိုက်

ဂျပန်နိုင်ငံ၏ စာတိုက်သည် “Japan Post Bank” နှင့် အဖွဲ့အစည်းတစ်ခုတည်းဖြစ်ပြီး စာတိုက်၊ ဘဏ်၊ အာမခံကုမ္ပဏီစသည့် ဝန်ဆောင်မှုများ ရှိသည်။

စာတိုက်တွင် လုပ်ဆောင်နိုင်သောအရာများ

  • စာနှင့် ပစ္စည်းများ ပေးပို့ခြင်း
  • ငွေစုခြင်း၊ ငွေလွှဲခြင်း၊ အသုံးစရိတ်များကို ပေးချေခြင်း (အလိုအလျောက်အကောင့်မှ နှုတ်ယူပြီး ပေးချေခြင်းလည်း လုပ်ဆောင်နိုင်သည်)
  • အသက်အာမခံဝင်ရောက်ခြင်း

နိုင်ငံခြားသို့ ငွေလွှဲခြင်း

ဂျပန်နိုင်ငံမှ နိုင်ငံခြားသို့ ငွေလွှဲနိုင်သည့်နည်းလမ်းများကို မိတ်ဆက်ပေးပါမည်။

မှတ်ပုံမတင်ဘဲ လုပ်ငန်းလုပ်ဆောင်ခြင်းသည်လည်း ဥပဒေချိုးဖောက်ခြင်းဖြစ်သည်။

ဘဏ်၊ Japan Post Bank

ဘဏ်နှင့် Japan Post Bank မှ နိုင်ငံခြားသို့ ငွေလွှဲနိုင်သည်။ သို့သော်လည်း အခြေခံအားဖြင့် ကုန်ကျစရိတ်မှာ မြင့်မားနေတတ်သည်။ ကောင်တာတွင် ငွေလွှဲသောအခါ စောင့်ဆိုင်းရခြင်းမျိုးလည်း ရှိသည်။

※ကုန်ကျစရိတ် သိသိသာသာသက်သာသည့် ဘဏ်လည်း ရှိသည်။

နိုင်ငံခြားငွေလွှဲဝန်ဆောင်ရေးကုမ္ပဏီ

လက်ရှိတွင် နိုင်ငံခြားသို့ တစ်ဦးချင်းငွေလွှဲသောအခါ ယေဘုယျအားဖြင့် နိုင်ငံခြားငွေလွှဲဝန်ဆောင်ရေးကုမ္ပဏီ (ရန်ပုံငွေ ငွေလွှဲပြောင်းရေးဝန်ဆောင်မှုလုပ်ငန်း) ကို အသုံးပြုကြသည်။

ယန်း 10 သိန်းအောက် ငွေလွှဲပို့မှုအတွက် ဤနည်းလမ်းသည် လွယ်ကူပြီး ကုန်ကျစရိတ်လည်း သက်သာကာ လူကြိုက်များကြသည်။

ဥပမာ – SBI Remit、KYODAI Remittance、DCOM、Wise、Western Union စသည်

  • ဘဏ်နှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ်သက်သာခြင်း
  • ငွေလွှဲခြင်းလုပ်ထုံးလုပ်နည်းအတွက် ကြာချိန် တိုတောင်းခြင်း
  • ငွေလွှဲပို့မည့် ငွေကြေးအဖွဲ့အစည်းထံ ငွေရောက်ရှိသည်အထိ အချိန်တိုတောင်းခြင်း

ဟူသည့် အားသာချက်များ ရှိသည်။

ငွေလွှဲခ၊ မိခင်နိုင်ငံတွင် ထုတ်ယူချိန်ရှိ ငွေကြေးအဖွဲ့အစည်းအမျိုးအစား၊ ထုတ်ယူချိန်ရှိ ကုန်ကျစရိတ်၊ ငွေလွှဲသည့်ရက်အရေအတွက်သည် ကုမ္ပဏီအလိုက် ကွဲပြားသည်။

ငွေလွှဲခြင်းလုပ်ထုံးလုပ်နည်းအတွက် Japan Post Bank နှင့် ကွန်ဗီနီရှိ ATM ကိုလည်း အသုံးပြုနိုင်ပါသည်။

တစ်ဦးတည်းလုပ်ငန်းရှင်များကို သတိပြုပါ

ချေးငွေလွှဲပြောင်းရေးလုပ်ငန်းတွင် မှတ်ပုံမတင်ထားသောလုပ်ငန်းရှင်များသည် SNS (လူမှုကွန်ယက်စာမျက်နှာ) စသည်တို့တွင် ဈေးသက်သာသောကုန်ကျစရိတ်များဖြင့် ဆွဲဆောင်ပြီး နိုင်ငံခြားငွေလွှဲမှုကို လုပ်ဆောင်နေခြင်းများရှိသည်။

သို့သော် ငွေလွှဲပြီးနောက် ဆက်သွယ်၍မရတော့သည့် လိမ်လည်မှုများလည်း များစွာ ဖြစ်ပေါ်လျက်ရှိသည့်အတွက် သတိပြုပါ။

မှတ်ပုံမတင်ဘဲ လုပ်ငန်းလုပ်ဆောင်ခြင်းသည်လည်း ဥပဒေချိုးဖောက်ခြင်းဖြစ်သည်။

【ကိုးကား】ပိုမိုသိရှိလိုပါက အောက်ပါလင့်တွင် ကြည့်ရှုပါ။

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် : ဘဏ်အကောင့် | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ