fbpx

နေထိုင်ခွင့်ကတ်အတွက် သတိပြုရန်အချက်များ

နေထိုင်ခွင့်ကတ်သည် ဂျပန်နိုင်ငံတွင် နေထိုင်သည့်နိုင်ငံခြားသားများအတွက် သက်သေခံကတ်ဖြစ်သည်။

နေထိုင်ခွင့်ကတ်ကို တစ်ပါးသူထံ ငှားပေးခြင်း၊ ငှားရမ်းခြင်းကို ပြုလုပ်၍မရပါ။

ထို့အပြင် နေထိုင်ခွင့်ကတ်ကို တစ်ပါးသူထံ ငှားပေးခြင်း၊ ငှားရမ်းခြင်းကို ပြုလုပ်၍မရပါ။

နေထိုင်ခွင့်ကတ်နှင့် ပတ်သက်သောဥပဒေတွင် ဥပဒေချိုးဖောက်ပါက ကြီးလေးသောအပြစ်ဒဏ် (ပြစ်ဒဏ်) ရှိသည်။ ဤဆောင်းပါးတွင် နေထိုင်ခွင့်ကတ်နှင့်ပတ်သက်၍ သတိပြုရန်အချက်များကို မိတ်ဆက်ပေးပါမည်။


နေထိုင်ခွင့်ကတ် ကိုင်ဆောင်သွားခြင်း

နေထိုင်ခွင့်ကတ်ကို အမြဲ ကိုင်ဆောင်သွားရမည်ဖြစ်သည်။ ထို့အပြင် ဆေးရုံနှင့် အစိုးရရုံး၊ ရဲစခန်းစသည်တို့မှ သက်သေခံကတ်ကို ပြသရန်တောင်းဆိုသည့်အခါ နေထိုင်ခွင့်ကတ်ကို ပြသရမည်ဖြစ်သည်။

■နေထိုင်ခွင့်ကတ် ပျောက်ဆုံးပါက

နေထိုင်ခွင့်ကတ် ပျောက်ဆုံးပါက ပျောက်ဆုံးကြောင်းသိရှိသည့်နေ့မှ 14 ရက် အတွင်း လူဝင်မှုကြီးကြပ်ရေးဌာနတွင် ပြန်လည်ထုတ်ပေးရန် လျှောက်ထားပါ။

■ နေရပ်လိပ်စာ ပြောင်းလဲပါက

နေရပ်လိပ်စာ ပြောင်းလဲပါက နေထိုင်ရာဒေသ၏ မြို့၊ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာထံ 14 ရက်အတွင်း အကြောင်းကြား၍ ထိုအခါတွင် နေထိုင်ခွင့်ကတ်ကိုလည်း ယူဆောင်သွားပါ။


နေထိုင်ခွင့်ကတ်ကို ငှားပေးခြင်း၊ ငှားရမ်းခြင်းကို တားမြစ်ထားသည်

နေထိုင်ခွင့်ကတ်ကို တစ်ပါးသူထံ ငှားပေးခြင်း၊ ငှားရမ်းခြင်းကို ပြုလုပ်၍မရပါ။

■နေထိုင်ခွင့်ကတ်ကို ငှားပေးခြင်း

နေထိုင်ခွင့်ကတ် မရှိသူမှ အလုပ်အင်တာဗျူးနှင့် ဆေးရုံသို့ သွားရန်အတွက် နေထိုင်ခွင့်ကတ်ကို ငှားပေးစေချင်သည်ဟု အကူအညီတောင်းလာခြင်းမျိုး ရှိလာနိုင်ပါသည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းကို ဥပဒေအရတားမြစ်ထားသည်။ တစ်ပါးသူကို ကူညီရန်အတွက်ဟု တွေးသော်လည်း နေထိုင်ခွင့်ကတ်ကို ငှားပေးပါက ရာဇဝတ်မှုပင် ဖြစ်သည်။

■နေထိုင်ခွင့်ကတ်ကို ငှားရမ်းခြင်း

နေထိုင်ခွင့်ကတ်ကို ငှားရမ်းခြင်းသည်လည်း ရာဇဝတ်မှုပင်ဖြစ်သည်။ တစ်ပါးသူ၏ နေထိုင်ခွင့်ကတ်ကို လက်ခံရယူခြင်း၊ ကိုင်ဆောင်ခြင်း၊ အသုံးပြုခြင်း ပြုပါက ထောင်ဒဏ်နှင့် ငွေဒဏ်သာမက အတင်းအကြပ်နိုင်ငံပြန်ခိုင်းနိုင်ခြေလည်း ရှိသည်။


နေထိုင်ခွင့်ကတ် အတုပြုလုပ်ခြင်း၊ ပြောင်းလဲခြင်းကို တားမြစ်ထားသည်

နည်းပညာအလုပ်သင်သင်တန်းကုမ္ပဏီမှ ထွက်ပြေးခြင်းနှင့် ပညာတော်သင်နေထိုင်မှုကာလ ပြီးဆုံးသော်လည်း ဂျပန်နိုင်ငံတွင် ဆက်လက်နေထိုင်သည့်အခါတို့တွင် တရားဝင်နေထိုင်ခွင့်ကတ်မရှိဘဲ အလုပ်လည်း မလုပ်နိုင်သကဲ့သို့ ဆေးရုံလည်း သွားနိုင်မည်မဟုတ်ပါ။

ဂျပန်နိုင်ငံတွင် နေထိုင်သောနိုင်ငံခြားသားသည် နေထိုင်ခွင့်ကတ်ကို အမြဲတစေ ကိုင်ဆောင်သွားရမည် ဖြစ်သည်။

ထိုအချိန်တွင် နေထိုင်ခွင့်ကတ်အတုကို ရောင်းချလျက်ရှိသော သတင်းအချက်အလက်များကို လူမှုကွန်ယက်စာမျက်နှာ (SNS) တို့တွင် မြင်တွေ့ပါက ဝယ်လိုချင်လာနိုင်ပါသည်။

သို့သော် ထိုသို့ပြုလုပ်ခြင်းသည် ရာဇဝတ်မှုဖြစ်သည်။

■ပြစ်မှုအဖြစ် မေးမြန်းခံရနိုင်သောအကြောင်းအရာ၊ ပြစ်ဒဏ်နှင့်ပတ်သက်၍

◎အတုပြုလုပ်ထားသော၊ ပြောင်းလဲထားသော နေထိုင်ခွင့်ကတ်ကို တစ်နေရာရာတွင် အသုံးပြုရန်အတွက် ကိုင်ဆောင်ထားခြင်း
→ကြီးလေးသောပြစ်မှု ( ထောင်ဒဏ် 5 နှစ်အထိ သို့မဟုတ် ဒဏ်ငွေ ယန်း 5 သိန်းအထိ) +အတင်းအကြပ်နိုင်ငံပြန်ခိုင်းနိုင်ခြေရှိခြင်း

◎ အတုပြုလုပ်ထားသော၊ ပြောင်းလဲထားသော နေထိုင်ခွင့်ကတ်ကို အသုံးပြုခြင်း
→အလွန်ကြီးလေးသောပြစ်မှု (ထောင်ဒဏ် 1 နှစ်မှ 10 နှစ်အထိ) +အတင်းအကြပ်နိုင်ငံပြန်ခိုင်းနိုင်ခြေရှိခြင်း

【ကိုးကား】ပိုမိုသိရှိလိုပါက အောက်ပါလင့်တွင် ကြည့်ရှုပါ။

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် : နေထိုင်ကတ်ပြားပျောက်ဆုံးခြင်း | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ

နေထိုင်မှုဘဝနှင့် လုပ်ငန်းခွင်ဆိုင်ရာ လမ်းညွှန်စာအုပ် : နေရပ်လိပ်စာအကြောင်းကြားစာ | လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုအေဂျင်စီ