fbpx

ဂျပန်လို CV ရေးသားနည်း ဥပမာများ

ကိုယ်ရေးမှတ်တမ်း ရေးသားနည်

ဂျပန်နိုင်ငံတွင် အလုပ်ရှာဖွေချိန်တွင် ကိုယ်ရေးမှတ်တမ်းနှင့် Entry Sheet တွင် ‟မိမိ၏ အားသာချက်” ‟လျှောက်ထားရသည့်အကြောင်းအရင်း” ‟အားသာချက်၊ အားနည်းချက်” ကဲ့သို့သော ကော်လံများ ပါရှိသည်။

ဤကဲ့သို့သော ကော်လံတွင် သင်၏ ကောင်းကွက်များကို ထုတ်ဖော်နိုင်ပါက အင်တာဗျူးအောင်မြင်နိုင်ခြေ အလားအလာပိုများပါသည်။ ကိုယ်ရေးမှတ်တမ်းရေးနည်းနှင့် ဥပမာဝါကျများကို မိတ်ဆက်ပေးပါမည်။


ထုတ်ဖော်ချင်သည့်အရာ (သုံးသပ်ချက်) နှင့် ရှင်းပြချက်ကိုရေးပါ

ပညာတော်သင်ကျောင်းသားများသည် ကိုယ်ရေးမှတ်တမ်းတွင် ရေးသားကြသည့် ဝါကျများတွင် ရှင်းပြချက်မပြည့်စုံဘဲ တိုတောင်းသောဝါကျများ မကြာခဏပါရှိသည်။ ထိုအခါ အလုပ်ခန့်မည့်တာဝန်ရှိသူမှာ သင့်အားမတွေ့ဆုံချင်တော့ပါ။ “တွေ့ဆုံချင်တယ်” ဟုတွေးရလောက်နိုင်သည့် ဝါကျများကို သတိပြု၍ ရေးသားပါ။

ကိုယ်ရေးမှတ်တမ်း၏ ကော်လံတစ်ခုစီတွင် အရင်ဆုံး တစ်ဖက်လူအား အပြောချင်ဆုံးအရာ (သုံးသပ်ချက်) ကိုရေးပါ၊ ထို့နောက် ၎င်းနှင့်သက်ဆိုင်သော ရှင်းပြချက်ကို ရေးပါက နားလည်ရလွယ်ကူသော အကြောင်းအရာဖြစ်လာပါမည်။

ထို “ရှင်းပြချက်” တွင် တိကျသော အတွေ့အကြုံကို ထည့်သွင်းပါ။

ဥပမာအားဖြင့်၊ “မိမိသည် အခက်အခဲများကို ကျော်လွှားပြီး ကြိုးစားအားထုတ်နိုင်သည်” ဟူသော “သုံးသပ်ချက်” ကိုပြောပြချင်ပါက ထိုသုံးသပ်ချက်နှင့် သက်ဆိုင်သည့် “ရှင်းပြချက်” အနေဖြင့် သင်သည် ယခင်ကအခက်အခဲများကို ကျော်လွှားပြီး ကြိုးစားအားထုတ်ခဲ့သည့် အတွေ့အကြုံများကို ချရေးခြင်းမှာ စိတ်ကူးကောင်းဖြစ်သည်။


“အားနည်းချက်” များသာလျှင် မရေးပါနှင့်

လူတိုင်းတွင် အားနည်းချက်ကိုယ်စီရှိကြပါသည်။ သို့သော် ကိုယ်ရေးရာဇဝင်တွင် “အားနည်းချက်” များသာလျှင် မရေးပါနှင့်။

ကုမ္ပဏီများမှ သင်သည် ထိုအားနည်းချက်များကို မည်ကဲ့သို့တိုးတက်လာအောင် လုပ်ဆောင်ခဲ့သည်ကို သိလိုချင်ကြပါသည်။

ကုမ္ပဏီသို့အလုပ်ဝင်ပြီးသည့်နောက်တွင် “သင် မလုပ်နိုင်သည့်အရာများ” များစွာပေါ်ထွက်လာပါမည်။ ထို “မလုပ်နိုင်သည့်အရာများ” အပေါ် ကိုင်တွယ်နိုင်ခြင်းရှိ မရှိ သိချင်ကြသောကြောင့်ဖြစ်သည်။

“အားနည်းချက်” ကော်လံတွင် သင်သည် စိန်ခေါ်မှုများနှင့် အားနည်းချက်များကို ကျော်လွှားခဲ့သည့် ဖြစ်ရပ်များကို ချရေးပါ။


ကိုယ်ရေးမှတ်တမ်း၏ ဥပမာဝါကျများ

ဤသို့ဆိုလျှင် စီနီယာပညာတော်သင်ကျောင်းသားများ အမှန်တကယ် ကိုယ်ရေးမှတ်တမ်းတွင် ရေးသားခဲ့သည့် ဝါကျများကို ကြည့်ရင်း စဥ်းစားကြည့်ရအောင်။

ဖြည့်သွင်းရမည့်ကော်လံ-ကျောင်းသားဘဝတွင် စာလေ့လာခြင်းအပြင် အခြားအာရုံစိုက်ခဲ့သည့်အရာများ

“အားနည်းချက်” များသာလျှင် မရေးပါနှင့်

ဥပမာ

ကျွန်မသည် စူပါမားကတ်တွင် ငွေရှင်းကောင်တာ တာဝန်ခံဖြစ်သည်။ အလုပ်စစဝင်ချင်းတုန်းက အမှားများ အများကြီး လုပ်ခဲ့ပါသည်။ နောက်နေ့ကစပြီး အလုပ်မသွားခင် လက်စွဲစာအုပ်ကို ဖတ်ပြီး ငွေရှင်းကောင်တာ လုပ်ဆောင်ချက်ကို မှတ်သားရင်း ဦးနှောက်ကိုလေ့ကျင့်ကာ အကြိမ်ကြိမ် ဖတ်ခြင်းဖြင့် ကိုယ်တိုင်ချက်ချင်းလုပ်နိုင်အောင် ကြိုးစားခဲ့ပါသည်။ တစ်နေ့တာပြီးဆုံးချိန်တွင် ယနေ့လုပ်ဆောင်ခဲ့သည့် အကောင်းအဆိုးများအားလုံးကို ပြန်တွေးကြည့်ကာ တစ်ချိန်တည်းမှာပင် တိုးတက်အောင်လုပ်ဖို့ နည်းလမ်းများကို အေးအေးဆေးဆေး စဉ်းစားခဲ့ပါသည်။ ယခင်အမှားမျိုး ထပ်မဖြစ်အောင် မိမိ၏ ဒိုင်ယာရီတွင် ရေးမှတ်ခဲ့ပါသည်။ မလုပ်နိုင်သည့်အရာမရှိပါ။ ထိုအရာကို လုပ်နိုင်အောင် ကြိုးစားအားထုတ်ရန်သာ အရေးကြီးကြောင်းကို နားလည်လာခဲ့ပါသည်။

ပြုပြင်ရန်အချက်များ

“အမှားတွေ ထပ်မဖြစ်အောင် ကြိုးစားခဲ့တယ်” ဆိုသည့် သုံးသပ်ချက်ကို ရှေ့ဆုံးတွင် ရေးလျှင် နားလည်ရ ပိုလွယ်လာပါမည်။ အထက်ပါဝါကျများကို ပြန်လည်ပြင်ဆင်မည်။

ပြုပြင်ထားသော ဥပမာ

ကျွန်မရဲ့ အချိန်ပိုင်းအလုပ်မှတစ်ဆင့် ကျွန်မရဲ့အမှားတွေကို ချရေးပြီး နောက်ပိုင်းတွင် တိုးတက်အောင် အသုံးချတတ်သော အလေ့အကျင့်ရှိခဲ့ပါသည်။ ကျွန်မ စူပါမားကတ်မှာ ငွေရှင်းကောင်တာတာဝန်ခံကို 3 နှစ်လုပ်ခဲ့ပါသည်။ အစပိုင်းတွင် နားမလည်သည့်အရာများ များစွာရှိခဲ့သည်။

ဥပမာအားဖြင့်၊ ငွေပေးချေမှုအပြီးတွင် ဖောက်သည်ထံမှ အချို့ကို မယူဘဲ ပြန်ပေးလိုသည့်အခါတွင် ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့ပါသည်။ ထိုသို့သောအခြေအနေမျိုးတွင် ခေါင်းဆောင်ကို ခေါ်ပြီး လုပ်ဆောင်စေကာ စောင့်ဆိုင်းရခြင်းအတွက် ဖောက်သည်အား တောင်းပန်ပြီးနောက် နောက်တစ်ကြိမ် ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်စေရန် ထိုနေ့တွင် မှတ်သားထားခဲ့ပါသည်။

ထို့နောက်တွင်လည်း ကျရှုံးခြင်းနှင့် အောင်မြင်ခြင်း၊ ရင်ဆိုင်ဖြေရှင်းနည်းများနှင့်ပတ်သက်၍ ဆက်လက် ရေးမှတ်ခဲ့ပါသည်။ နောက်ပိုင်း လအနည်းငယ်ကြာပြီးနောက် နားမလည်သည့်အရာများ ဘာမှ မရှိတော့ပါ။ မှတ်စုစာအုပ်၏ အကြောင်းအရာများကို ဂျူနီယာများကိုလည်း ပြောပြခဲ့ပြီး အချို့ကို စတိုးဆိုင်လက်စွဲတွင်လည်း အသုံးပြုစေခဲ့ပါသည်။

ကိုယ်ရေးမှတ်တမ်း၏ ဥပမာဝါကျများနှင့် ရှင်းလင်းချက်|KOKORO