fbpx

ဂျပန်နိုင်ငံတွင် မိုဘိုင်းလ်ဖုန်းနှင့် Wi-Fi အသုံးပြုနည်း

ဂျပန်နိုင်ငံတွင် မိုဘိုင်းလ်ဖုန်းနှင့် Wi-Fi အသုံးပြုနည်း

ဂျပန်နိုင်ငံရှိ မိုဘိုင်းလ်ဖုန်းများသည် စာချုပ်စနစ်ဖြစ်သည်။

ဂျပန်နိုင်ငံသို့လာရောက်မည့်သူ၊ ဂျပန်နိုင်ငံတွင်နေထိုင်နေပြီး မိုဘိုင်းလ်ဖုန်းကုမ္ပဏီနှင့် စာချုပ်သစ်ချုပ်ဆိုခြင်းနှင့် စာချုပ်ပြောင်းလဲရန်စဥ်းစားနေသူများအတွက် မိုဘိုင်းလ်ဖုန်းကုမ္ပဏီ (SIM) အကောင်းဆုံးရွေးချယ်နည်းကို ပြောပြပေးပါမည်။


ဖုန်းနှင့် ဒေတာဆက်သွယ်ရေးကို အသုံးပြုရန်အတွက်

◆ မိုဘိုင်းလ်ဖုန်းကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခြင်း

ဂျပန်တွင် အသံခေါ်ဆိုမှု (Voice call) နှင့် ဒေတာဆက်သွယ်မှု (အင်တာနက်ချိတ်ဆက်မှု) အသုံးပြုရန်အတွက် မိုဘိုင်းလ်ဖုန်းကုမ္ပဏီ (ဆက်သွယ်ရေးကုမ္ပဏီ = ဝန်ဆောင်မှုပေးသူ) နှင့် စာချုပ်ချုပ်ဆိုရန် လိုအပ်ပါသည်။

  • လစဉ်ကြေးစနစ်
  • လစဉ် အခကြေးငွေများကို ဆက်သွယ်ရေး၊ ဖုန်းခေါ်ဆိုမှု အစီအစဉ်များပေါ်မူတည်၍ သတ်မှတ်ပါသည်
  • စာချုပ်များကို ဝန်ဆောင်မှုပေးသူ၏ လက်လီစတိုးနှင့် အေဂျင်စီတွင် ချုပ်ဆိုပါ (အချို့ကုမ္ပဏီများသည် အွန်လိုင်းတွင် စာရင်းသွင်းနိုင်သည်။)
  • ဝန်ဆောင်မှုပေးသူ အများအပြားကို ကိုင်တွယ်သည့် စုပေါင်းအရောင်းကိုယ်စားလှယ်ဆိုင်များလည်း ရှိပါသည် (အိမ်သုံးလျှပ်စစ်ပစ္စည်း အစုလိုက် လက်လီရောင်းချသူများ စသည်)
  • စာချုပ်ချုပ်ဆိုချိန်တွင် လျှောက်ထားသူသည် ကာယကံရှင်ကိုယ်တိုင်ဖြစ်ကြောင်း အတည်ပြုရန် လိုအပ်ပါသည် (နေထိုင်ခွင့်ကတ်စသည်တို့ကို တင်ပြပါ)

◆ ငွေပေးချေမှုနည်းလမ်း ဥပမာ

  • ဘဏ်အကောင့်မှ ငွေနှုတ်ယူခြင်း
  • ခရက်ဒစ်ကတ်
  • ကွန်ဗီနီတွင် ငွေပေးချေခြင်း

မိုဘိုင်းလ်ဖုန်းဝယ်ယူချိန်တွင် သတိပြုရမည့်အချက်များ

◆အလျင်စလိုဝယ်စရာမလိုပါ

အခုမှစ၍ ဂျပန်နိုင်ငံသို့သွားမည့်သူသည် မိုဘိုင်းလ်ဖုန်း (Terminal) ယူဆောင်သွားကြပါ။ ထိုဖုန်းဖြင့် အချိန်ခဏလောက်အသုံးပြုထားပြီး ဂျပန်တွင်နေသားကျပြီးမှ အသစ်တစ်လုံးဝယ်မည်ဆိုလျှင်လည်း နောက်မကျသေးပါ။

◆SIM lock

ဂျပန်နိုင်ငံ၏ မိုဘိုင်းလ်ဖုန်းကုမ္ပဏီတစ်ခုမှ စက်ပစ္စည်းတစ်ခုကို ဝယ်ယူပါက များသောအားဖြင့် အခြားကုမ္ပဏီတစ်ခု၏ SIM ကတ်ကို အသုံးမပြုနိုင်ပါ။

၎င်းကို “SIM lock” ဟုခေါ်သည်။ “SIM lock” ကို ပယ်ဖျက်ပါက အခြားကုမ္ပဏီ၏ SIM ကိုလည်း အသုံးပြုနိုင်ပါသည်။ မိုဘိုင်းလ်ဖုန်းကုမ္ပဏီ၏ စတိုးဆိုင်တွင် လုပ်ဆောင်နည်းကို မေးမြန်းပါ။


Wi-Fi အခြေအနေ

◆ အခမဲ့ Wi-Fi

နိုင်ငံတစ်ဝှမ်းရှိ လေဆိပ်များ၊ ကွန်ဗီနီများနှင့် ကော်ဖီဆိုင်များတွင် အခမဲ့ Wi-Fi ဖြင့် ချိတ်ဆက်နိုင်ပါသည်။

စိတ်မကောင်းစွာဖြင့်၊ ဂျပန်နိုင်ငံတွင် အခမဲ့ Wi-Fi နေရာများ အများအပြား မရှိသေးပါ။

◆အင်တာနက်ချိတ်ဆက်မှုစာချုပ်

နေအိမ်စသည်တို့တွင် Wi-Fi သုံးနိုင်ရန်အတွက် ဆက်သွယ်ရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရန် လိုအပ်ပါသည်။

စာချုပ်ပါလုပ်ငန်းစဉ်ကို ဆက်သွယ်ရေးကုမ္ပဏီ၏ စတိုးဆိုင် သို့မဟုတ် ဝက်ဘ်ဆိုက်တွင် လုပ်ဆောင်နိုင်သည်။ လစဉ်ကြေးမှာ ယန်း 4,000 မှ 6,000 အထိဖြစ်သည်။

※ နည်းပညာအလုပ်သင် သင်တန်းသားများဖြစ်ပါက ကုမ္ပဏီအဆောင်များ အများစုတွင် Wi-Fi ရှိသည်။


မိုဘိုင်းလ်ဖုန်းကုမ္ပဏီ (SIM) ရွေးချယ်နည်း

နည်းပညာအလုပ်သင် သင်တန်းသားများဖြစ်ပါက အဆောင်ရှိ Wi-Fi ကို အဓိကအသုံးပြုကြပြီး မိခင်နိုင်ငံပြန်သည်အထိ SIM ကိုအသုံးမပြုဘဲ နေထိုင်သွားသူများလည်း အများအပြားရှိပါသည်။

သို့သော်၊ ပညာတော်သင်ကျောင်းသားဖြစ်ပါက အချိန်ပိုင်းအလုပ်နှင့် အလုပ်အကိုင်ရှာဖွေခြင်းအတွက် မိုဘိုင်းလ်ဖုန်းနံပါတ်ကို လိုအပ်လေ့ရှိပါသည်။

ဂျပန်နိုင်ငံတွင် SIM ကို အသုံးပြုရန်အတွက် ဝန်ဆောင်မှုပေးသူနှင့် စာချုပ်ချုပ်ဆိုပြီး ဆက်သွယ်ရေးနှင့် ဖုန်းခေါ်ဆိုခများကို လစဉ် ပေးဆောင်ရန် လိုအပ်ပါသည်။ ဝန်ဆောင်မှုပေးသူနှင့် စာချုပ်အကြောင်းအရာများ (Planရွေးချယ်မှု) ပေါ်မူတည်၍ အခကြေးငွေမှာ အလွန်ကွာခြားပါသည်။

◆ အကောင်းဆုံးဝန်ဆောင်မှုပေးသူမှာ အရည်အသွေးမြင့်ပြီး ဈေးနှုန်းမြင့်မားသည်

ဂျပန်နိုင်ငံ၏ အကောင်းဆုံးဝန်ဆောင်မှုပေးသူ (ဆက်သွယ်ရေးကုမ္ပဏီ) မှာ docomo၊ au၊ SoftBank စသည်တို့ဖြစ်ပြီး ဒေတာဆက်သွယ်မှုအမြန်နှုန်းနှင့် ဖုန်းခေါ်ဆိုမှုအရည်အသွေးသည် ကောင်းမွန်သည်ဟု ဆိုကြပါသည်။

သို့သော်လည်း ဆက်သွယ်ရေးနှင့် ဖုန်းခေါ်ဆိုခများသည် တစ်လလျှင် ယန်း 5000 မှ 8000 ခန့်အထိ ရှိသည်။

◆ စျေးသက်သာသော SIM ကိုအသုံးပြုသူလည်းများပြားသည်

ဆက်သွယ်ရေးကုန်ကျစရိတ်များကို ချွေတာရန်အတွက် စျေးသက်သာသော SIM များကို အသုံးပြုသူများလည်း များပြားလာပါသည်။

  • GTN Mobile (ဘာသာစကား 8 မျိုး)
  • SIM VANG (ဂျပန်ဘာသာ၊ ဗီယက်နမ်ဘာသာ)
  • UQ mobile
  • Y!mobile (ဝိုင်မိုဘိုင်းလ်)
  • mineo (မိုင်နဲအို)
  • Open Computer Network (OCN) 
  • IIJmio (အိုင်အိုင်ဂျေမိအို) 
  • BIGLOBE mobile

◆ စျေးသက်သာသော SIM ၏ အစီအစဉ်များနှင့် ဈေးနှုန်းများ

စျေးသက်သာသော SIM များကို “အသံခေါ်ဆိုမှုအစီအစဉ်များ” နှင့် “ဒေတာဆက်သွယ်ရေးသုံးအစီအစဉ်များ” ဟူ၍ ကျယ်ပြန့်စွာ ပိုင်းခြားထားသည်။

ခြားနားချက်မှာ အသံခေါ်ဆိုမှု ရှိ၊ မရှိ ပင်ဖြစ်သည်။ လစဉ် ယန်း 2,000 အောက် နှုန်းထားရှိသည့် အစီအစဉ်များစွာ ရှိပါသည်။

※ စျေးသက်သာသော SIM များအကြောင်းပိုမိုသိရှိလိုပါက အောက်ပါဆောင်းပါးကို ဖတ်ရှုပါ။

မိုဘိုင်းလ်ဖုန်းကုမ္ပဏီ (SIM) အကောင်းဆုံးရွေးချယ်နည်း| KOKORO

စျေးသက်သာသော SIM ၏ အခကြေးငွေနှင့် ငွေပေးချေနည်း|KOKORO