ဂျပန်နိုင်ငံရှိ မိုဘိုင်းလ်ဖုန်းများသည် စာချုပ်စနစ်ဖြစ်သည်။
ဂျပန်နိုင်ငံသို့လာရောက်မည့်သူ၊ ဂျပန်နိုင်ငံတွင်နေထိုင်နေပြီး မိုဘိုင်းလ်ဖုန်းကုမ္ပဏီနှင့် စာချုပ်သစ်ချုပ်ဆိုခြင်းနှင့် စာချုပ်ပြောင်းလဲရန်စဥ်းစားနေသူများအတွက် မိုဘိုင်းလ်ဖုန်းကုမ္ပဏီ (SIM) အကောင်းဆုံးရွေးချယ်နည်းကို ပြောပြပေးပါမည်။
ဖုန်းနှင့် ဒေတာဆက်သွယ်ရေးကို အသုံးပြုရန်အတွက်
◆ မိုဘိုင်းလ်ဖုန်းကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခြင်း
ဂျပန်တွင် အသံခေါ်ဆိုမှု (Voice call) နှင့် ဒေတာဆက်သွယ်မှု (အင်တာနက်ချိတ်ဆက်မှု) အသုံးပြုရန်အတွက် မိုဘိုင်းလ်ဖုန်းကုမ္ပဏီ (ဆက်သွယ်ရေးကုမ္ပဏီ = ဝန်ဆောင်မှုပေးသူ) နှင့် စာချုပ်ချုပ်ဆိုရန် လိုအပ်ပါသည်။
- လစဉ်ကြေးစနစ်
- လစဉ် အခကြေးငွေများကို ဆက်သွယ်ရေး၊ ဖုန်းခေါ်ဆိုမှု အစီအစဉ်များပေါ်မူတည်၍ သတ်မှတ်ပါသည်
- စာချုပ်များကို ဝန်ဆောင်မှုပေးသူ၏ လက်လီစတိုးနှင့် အေဂျင်စီတွင် ချုပ်ဆိုပါ (အချို့ကုမ္ပဏီများသည် အွန်လိုင်းတွင် စာရင်းသွင်းနိုင်သည်။)
- ဝန်ဆောင်မှုပေးသူ အများအပြားကို ကိုင်တွယ်သည့် စုပေါင်းအရောင်းကိုယ်စားလှယ်ဆိုင်များလည်း ရှိပါသည် (အိမ်သုံးလျှပ်စစ်ပစ္စည်း အစုလိုက် လက်လီရောင်းချသူများ စသည်)
- စာချုပ်ချုပ်ဆိုချိန်တွင် လျှောက်ထားသူသည် ကာယကံရှင်ကိုယ်တိုင်ဖြစ်ကြောင်း အတည်ပြုရန် လိုအပ်ပါသည် (နေထိုင်ခွင့်ကတ်စသည်တို့ကို တင်ပြပါ)
◆ ငွေပေးချေမှုနည်းလမ်း ဥပမာ
- ဘဏ်အကောင့်မှ ငွေနှုတ်ယူခြင်း
- ခရက်ဒစ်ကတ်
- ကွန်ဗီနီတွင် ငွေပေးချေခြင်း
မိုဘိုင်းလ်ဖုန်းဝယ်ယူချိန်တွင် သတိပြုရမည့်အချက်များ
◆အလျင်စလိုဝယ်စရာမလိုပါ
အခုမှစ၍ ဂျပန်နိုင်ငံသို့သွားမည့်သူသည် မိုဘိုင်းလ်ဖုန်း (Terminal) ယူဆောင်သွားကြပါ။ ထိုဖုန်းဖြင့် အချိန်ခဏလောက်အသုံးပြုထားပြီး ဂျပန်တွင်နေသားကျပြီးမှ အသစ်တစ်လုံးဝယ်မည်ဆိုလျှင်လည်း နောက်မကျသေးပါ။
◆SIM lock
ဂျပန်နိုင်ငံ၏ မိုဘိုင်းလ်ဖုန်းကုမ္ပဏီတစ်ခုမှ စက်ပစ္စည်းတစ်ခုကို ဝယ်ယူပါက များသောအားဖြင့် အခြားကုမ္ပဏီတစ်ခု၏ SIM ကတ်ကို အသုံးမပြုနိုင်ပါ။
၎င်းကို “SIM lock” ဟုခေါ်သည်။ “SIM lock” ကို ပယ်ဖျက်ပါက အခြားကုမ္ပဏီ၏ SIM ကိုလည်း အသုံးပြုနိုင်ပါသည်။ မိုဘိုင်းလ်ဖုန်းကုမ္ပဏီ၏ စတိုးဆိုင်တွင် လုပ်ဆောင်နည်းကို မေးမြန်းပါ။
Wi-Fi အခြေအနေ
◆ အခမဲ့ Wi-Fi
နိုင်ငံတစ်ဝှမ်းရှိ လေဆိပ်များ၊ ကွန်ဗီနီများနှင့် ကော်ဖီဆိုင်များတွင် အခမဲ့ Wi-Fi ဖြင့် ချိတ်ဆက်နိုင်ပါသည်။
စိတ်မကောင်းစွာဖြင့်၊ ဂျပန်နိုင်ငံတွင် အခမဲ့ Wi-Fi နေရာများ အများအပြား မရှိသေးပါ။
◆အင်တာနက်ချိတ်ဆက်မှုစာချုပ်
နေအိမ်စသည်တို့တွင် Wi-Fi သုံးနိုင်ရန်အတွက် ဆက်သွယ်ရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရန် လိုအပ်ပါသည်။
စာချုပ်ပါလုပ်ငန်းစဉ်ကို ဆက်သွယ်ရေးကုမ္ပဏီ၏ စတိုးဆိုင် သို့မဟုတ် ဝက်ဘ်ဆိုက်တွင် လုပ်ဆောင်နိုင်သည်။ လစဉ်ကြေးမှာ ယန်း 4,000 မှ 6,000 အထိဖြစ်သည်။
※ နည်းပညာအလုပ်သင် သင်တန်းသားများဖြစ်ပါက ကုမ္ပဏီအဆောင်များ အများစုတွင် Wi-Fi ရှိသည်။
မိုဘိုင်းလ်ဖုန်းကုမ္ပဏီ (SIM) ရွေးချယ်နည်း
နည်းပညာအလုပ်သင် သင်တန်းသားများဖြစ်ပါက အဆောင်ရှိ Wi-Fi ကို အဓိကအသုံးပြုကြပြီး မိခင်နိုင်ငံပြန်သည်အထိ SIM ကိုအသုံးမပြုဘဲ နေထိုင်သွားသူများလည်း အများအပြားရှိပါသည်။
သို့သော်၊ ပညာတော်သင်ကျောင်းသားဖြစ်ပါက အချိန်ပိုင်းအလုပ်နှင့် အလုပ်အကိုင်ရှာဖွေခြင်းအတွက် မိုဘိုင်းလ်ဖုန်းနံပါတ်ကို လိုအပ်လေ့ရှိပါသည်။
ဂျပန်နိုင်ငံတွင် SIM ကို အသုံးပြုရန်အတွက် ဝန်ဆောင်မှုပေးသူနှင့် စာချုပ်ချုပ်ဆိုပြီး ဆက်သွယ်ရေးနှင့် ဖုန်းခေါ်ဆိုခများကို လစဉ် ပေးဆောင်ရန် လိုအပ်ပါသည်။ ဝန်ဆောင်မှုပေးသူနှင့် စာချုပ်အကြောင်းအရာများ (Planရွေးချယ်မှု) ပေါ်မူတည်၍ အခကြေးငွေမှာ အလွန်ကွာခြားပါသည်။
◆ အကောင်းဆုံးဝန်ဆောင်မှုပေးသူမှာ အရည်အသွေးမြင့်ပြီး ဈေးနှုန်းမြင့်မားသည်
ဂျပန်နိုင်ငံ၏ အကောင်းဆုံးဝန်ဆောင်မှုပေးသူ (ဆက်သွယ်ရေးကုမ္ပဏီ) မှာ docomo၊ au၊ SoftBank စသည်တို့ဖြစ်ပြီး ဒေတာဆက်သွယ်မှုအမြန်နှုန်းနှင့် ဖုန်းခေါ်ဆိုမှုအရည်အသွေးသည် ကောင်းမွန်သည်ဟု ဆိုကြပါသည်။
သို့သော်လည်း ဆက်သွယ်ရေးနှင့် ဖုန်းခေါ်ဆိုခများသည် တစ်လလျှင် ယန်း 5000 မှ 8000 ခန့်အထိ ရှိသည်။
◆ စျေးသက်သာသော SIM ကိုအသုံးပြုသူလည်းများပြားသည်
ဆက်သွယ်ရေးကုန်ကျစရိတ်များကို ချွေတာရန်အတွက် စျေးသက်သာသော SIM များကို အသုံးပြုသူများလည်း များပြားလာပါသည်။
- GTN Mobile (ဘာသာစကား 8 မျိုး)
- SIM VANG (ဂျပန်ဘာသာ၊ ဗီယက်နမ်ဘာသာ)
- UQ mobile
- Y!mobile (ဝိုင်မိုဘိုင်းလ်)
- mineo (မိုင်နဲအို)
- Open Computer Network (OCN)
- IIJmio (အိုင်အိုင်ဂျေမိအို)
- BIGLOBE mobile
◆ စျေးသက်သာသော SIM ၏ အစီအစဉ်များနှင့် ဈေးနှုန်းများ
စျေးသက်သာသော SIM များကို “အသံခေါ်ဆိုမှုအစီအစဉ်များ” နှင့် “ဒေတာဆက်သွယ်ရေးသုံးအစီအစဉ်များ” ဟူ၍ ကျယ်ပြန့်စွာ ပိုင်းခြားထားသည်။
ခြားနားချက်မှာ အသံခေါ်ဆိုမှု ရှိ၊ မရှိ ပင်ဖြစ်သည်။ လစဉ် ယန်း 2,000 အောက် နှုန်းထားရှိသည့် အစီအစဉ်များစွာ ရှိပါသည်။
※ စျေးသက်သာသော SIM များအကြောင်းပိုမိုသိရှိလိုပါက အောက်ပါဆောင်းပါးကို ဖတ်ရှုပါ။
မိုဘိုင်းလ်ဖုန်းကုမ္ပဏီ (SIM) အကောင်းဆုံးရွေးချယ်နည်း| KOKORO
စျေးသက်သာသော SIM ၏ အခကြေးငွေနှင့် ငွေပေးချေနည်း|KOKORO