ဂျပန်နိုင်ငံတွင် အိမ်ငှားရန်လိုအပ်လာပါက ကောင်းစွာမရှာဖွေနိုင်မည်ကို အလွန်စိုးရိမ်ကြမည်ဟု ထင်ပါသည်။
ဂျပန်နိုင်ငံတွင် အိမ်ငှားရာ၌ အခြားနိုင်ငံတွင်မရှိသည့် ထူးခြားသောဓလေ့များရှိသည့်အတွက် ဂရုပြုရန်လိုအပ်သည်။ ပညာတော်သင်ကျောင်းသားနှင့် ဝန်ထမ်းများ ဂျပန်နိုင်ငံတွင် အခန်းငှားရမ်းရန်အတွက် လိုအပ်သော အခြေခံဗဟုသုတများကို မိတ်ဆက်ပေးပါမည်။
အခန်းရှာဖွေနည်း
စီနီယာများသည် အောက်ပါနည်းလမ်းများဖြင့် အခန်းရှာဖွေလေ့ရှိကြသည်။
◆မိမိဘာသာ အခန်းငှားရမ်းခြင်း
- အခန်းရှာဖွေရေးဝက်ဘ်ဆိုက်တွင် ရှာဖွေခြင်း
- အိမ်ခြံမြေအကျိုးဆောင်ထံ သွားရောက်ခြင်း ※ နိုင်ငံခြားသားမှ စီမံကွပ်ကဲသည့်အိမ်ခြံမြေအကျိုးဆောင်လည်း ရှိသည်
လတ်တလောတွင် နိုင်ငံခြားသားမှ မိခင်နိုင်ငံ၏ နိုင်ငံသားအတွက် ရည်ရွယ်၍ စီမံခန့်ခွဲလျက်ရှိသည့် အိမ်ခြံမြေအကျိုးဆောင်အေဂျင်စီများလည်း တိုးပွားလာလျက်ရှိသည်။ မိခင်ဘာသာစကားဖြင့် “နေအိမ် တိုကျို”၊ “နိုင်ငံခြားသား အခန်းရှာဖွေမည်” စသည့် စကားစုဖြင့် ရှာဖွေပါက တွေ့ရှိနိုင်ပါသည်။ မိခင်ဘာသာစကားဖြင့် ဝန်ဆောင်မှုပေးမည်ဖြစ်သည်။
◆Room Share နေထိုင်ခြင်း
သူငယ်ချင်းများ၊ စီနီယာများနှင့် Room Share လျက်ရှိသည့် နိုင်ငံခြားသားများလည်း များစွာရှိသည်။ သို့သော် အခန်းစာချုပ်အလိုက် ထိုသို့လုပ်ခွင့်မရှိသောအိမ်များလည်း ရှိသည့်အတွက် ပြဿနာတစ်စုံတစ်ရာ မဖြစ်စေရန် သေချာ စစ်ဆေးပါ။
အခန်းရွေးချယ်နည်းအဆင့်ဆင့်
① အိမ်ရာ ရွေးချယ်ခြင်း
- အခန်းရှာဖွေရေးဝက်ဘ်ဆိုက်တွင် “အိမ်ငှားခ”၊ “တည်နေရာ”၊ “ကြမ်းခင်းပန္နက်” စသည်ကို စစ်ဆေးပြီး ကြိုက်နှစ်သက်သောအိမ်ရာကို ရွေးထုတ်ပါ။ ထို့နောက် အိမ်ခြံမြေအကျိုးဆောင်ထံ ဆက်သွယ်၍ သွားရောက်ကြည့်ရှုပါ။ အိမ်ရာကို မိတ်ဆက်ပေးရန်အတွက် အိမ်ခြံမြေအကျိုးဆောင်နှင့် တိုက်ရိုက်သွားတွေ့ပါ ။
- အိမ်ခြံမြေအကျိုးဆောင်အေဂျင်စီတွင် စာရွက်စာတမ်းများကို ဖတ်ရှုပြီး ဝန်ထမ်းများ၏ စကားကို နားထောင်၍ အိမ်ရာကို ရွေးထုတ်ပါ။
② အခန်းကြည့်ရန် သွားခြင်း
အိမ်ရာကို ရွေးထုတ်ပြီးပါက အိမ်ခြံမြေအကျိုးဆောင် ဝန်ထမ်းသည် ကားစသည်ဖြင့် နေရာသို့ ခေါ်ဆောင်ပေးသွားမည်ဖြစ်သည်။ တစ်ရက်အတွင်း အိမ်ရာ 4 နေရာ၊ 5 နေရာခန့်ကို ပြသစေနိုင်ပါသည်။ အားတုံ့အားနာခြင်းမပြုဘဲ နှိုင်းယှဉ်ကြည့်ရမည်။
③ အခန်းစာချုပ်
အိမ်ရာကို သတ်မှတ်ပြီးပါက စာချုပ်ချုပ်ဆိုမှု လုပ်ထုံးလုပ်နည်းများကို ဆက်လက်လုပ်ဆောင်ရမည်။
ကနဦးကုန်ကျစရိတ်
ဂျပန်နိုင်ငံတွင် တိုက်ခန်းငှားသောအခါ ပထမဦးစွာ အောက်ပါကုန်ကျစရိတ်များ ကုန်ကျမည်ဖြစ်သည်။
ယေဘုယျအားဖြင့် အိမ်ငှားခတစ်လစာ၏ 3 ဆ မှ 5 ဆ အထိဖြစ်သည်။
ကျေးဇူးတင်ငွေ | အိမ်ပြောင်းလာသည့်အခါတွင် အိမ်ရှင်ထံပေးချေရသည့် ကုန်ကျစရိတ်ဖြစ်ပြီး ပြန်ရမည်မဟုတ်ပါ။ ပုံမှန်အားဖြင့် အိမ်ငှားခ 1 လစာ။ |
စပေါ်ငွေ | အိမ်ပြောင်းရွှေ့သည့်အချိန်တွင် အခန်းပြင်ဆင်ကြေးစသည်တွင် သုံးရန်အတွက် စပေါ်ငွေ။ ပုံမှန်အားဖြင့် အိမ်ငှားခ 1 လစာ။ |
အိမ်ငှားခအာမခံကုမ္ပဏီ | ဂျပန်နိုင်ငံတွင် အိမ်ငှားသောအခါ ပူးတွဲအာမခံပေးသူလိုအပ်သည့်အခါမျိုး ရှိသည်။ အာမခံပေးသူမရှိပါက အိမ်ငှားသည် အိမ်ငှားခအာမခံကုမ္ပဏီထံ ကုန်ကျစရိတ်ကို ပေးချေ၍ ကိုယ်စားအာမခံစေနိုင်သည်။ |
သန့်ရှင်းရေး | အခန်းသန့်ရှင်းရေးစရိတ်။ အိမ်ပြောင်းရွှေ့သည့်အချိန်တွင် တောင်းခံသည့်အခါမျိုးလည်း ရှိသည်။ |
မီးအာမခံ | 2 နှစ် စာချုပ်ဖြစ်ပြီး ယန်း 15,000 မှ 22,000 အထိ။ |
သော့လဲလှယ်ခြင်း | ရာဇဝတ်မှုကာကွယ်ရန်အတွက် အိမ်ရှေ့တံခါးသော့ကို လဲလှယ်မည်။ |
ပွဲစားခ | အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီအားပေးရသည့် အခကြေးငွေ။ အများအားဖြင့် အိမ်လခ 1 လစာ။ |
စာချုပ်ချုပ်ဆိုမှု လုပ်ထုံးလုပ်နည်းများ
စာချုပ်ချုပ်ဆိုရန်အတွက် အောက်ပါစာရွက်စာတမ်းများ၊ အချက်အလက်များ လိုအပ်ပါသည်။
သက်သေခံကတ် | ပတ်စပို့၊ နေထိုင်ခွင့်ကတ် ကျောင်းသားကတ်၊ အလုပ်သမားကတ်၊ My Number ကတ် စသည်။ |
ဝင်ငွေအထောက်အထား | ဝင်ငွေအထောက်အထားစာရွက်လိုအပ်သည့်အခါမျိုးလည်း ရှိသည်။ လစာဖြတ်ပိုင်းနှင့် အခွန်နှုတ်စလစ်စသဖြင့်။ |
အရေးပေါ်ဆက်သွယ်ရန်လိပ်စာ၊ အာမခံပေးသူ | အရေးပေါ်အချိန်တွင် ဆက်သွယ်နိုင်မည့် ဂျပန်လူမျိုး၊ သူငယ်ချင်း၏ အချက်အလက်များကို တောင်းခံသည့်အခါလည်း ရှိသည်။ ထို့အပြင် အိမ်ရာကို လိုက်၍ ပူးတွဲအာမခံပေးသူ၏ အချက်အလက်ကို တောင်းခံခြင်းမျိုးလည်း ရှိသည်။ |
နောက်ပိုင်းလုပ်ထုံးလုပ်နည်းမှာ အောက်ပါအတိုင်းဖြစ်သည်။ စာချုပ်သက်တမ်းမှာ ပုံမှန်အားဖြင့် 2 နှစ်တာဖြစ်သည်။
- အိမ်ခြံမြေအကျိုးဆောင်တွင် တိုက်ခန်းစီမံခန့်ခွဲရေးကုမ္ပဏီနှင့် အာမခံကုမ္ပဏီတို့၏ လျှောက်လွှာကို ဖြည့်သွင်းပါ
- လျှောက်လွှာတစ်ခုစီကို စစ်ဆေးပါ
- အခန်းစာချုပ်နှင့် ပေးချေနည်းစသည်
အိမ်တည်နေရာနှင့် အိမ်ငှားခ
ဒေသအလိုက် ပျမ်းမျှအိမ်ငှားခပမာဏသည် ပြောင်းလဲပါသည်။ ကောင်းမွန်သောအိမ်ရာကို ရှာတွေ့ရန်အတွက် တည်နေရာကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။
“တည်နေရာနှင့် အိမ်ငှားခ ဆက်စပ်မှု”၊ “ကနဦးကုန်ကျစရိတ်”၊ “စာချုပ်ချုပ်ဆိုမှု လုပ်ထုံးလုပ်နည်းများ” နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက အောက်ပါဆောင်းပါးကို ဖတ်ရှုပါ။
ဂျပန်နိုင်ငံတွင် နေအိမ်ရှာဖွေနည်း |KOKORO