fbpx

ဂျပန်နိုင်ငံတွင် လစာ၊ အချိန်ပိုကြေး၊ လစာပေးခွင့်ရက်စသည်တို့နှင့်ပတ်သက်၍~

ဂျပန်နိုင်ငံတွင် အလုပ်လုပ်ခြင်း ~လစာ၊ အချိန်ပိုကြေး၊ လစာပေးခွင့်ရက်စသည်တို့နှင့်ပတ်သက်၍~

ဤဆောင်းပါးတွင် နိုင်ငံခြားသားများမှ ဂျပန်နိုင်ငံတွင် အလုပ်လုပ်သည့်အခါ လစာတွက်ချက်နည်းကို မိတ်ဆက်ပေးပါမည်။

အချိန်ပိုကြေးနှင့် လစာပေးခွင့်ရက်စသည်တို့နှင့်ပတ်သက်၍လည်း ရှင်းပြပေးပါမည်။



နိုင်ငံခြားသားများ၏ လုပ်အားခနှင့် လစာ

အချိန်ပိုကြေးကို လစာမှ နုတ်ယူသော နိုင်ငံခြားသားများ၏ လုပ်အားခများနှင့်ပတ်သက်၍ 2021 ခုနှစ်တွင် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များကို မိတ်ဆက်ပေးပါမည်။


နေထိုင်ခွင့်ဗီဇာအလိုက်လုပ်အားခများ

နေထိုင်ခွင့်ဗီဇာပျမ်းမျှလုပ်အားခ
“နည်းပညာ၊ လူသားအသိပညာ၊ နိုင်ငံတကာရေးရာလုပ်ငန်း” စသည်¥302,200
အထူးကျွမ်းကျင်လုပ်သား¥174,600
နည်းပညာအလုပ်သင်သင်တန်း¥161,700
အရင်းအမြစ် – ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန (2020 ခုနှစ် လုပ်အားခဖွဲ့စည်းပုံ အခြေခံစာရင်းအင်းစစ်တမ်း ခြုံငုံသုံးသပ်ချက်)

ဤနေရာမှ အောက်ပါအရာများအား ပေါင်းခြင်း သို့မဟုတ် နုတ်ခြင်းသည် “လက်ကျန်လစာ” (လက်ဝယ်တွင် အမှန်တကယ်ကျန်ရှိနေသော ငွေပမာဏ) ဖြစ်သည်။

■ပေါင်းထည့်သည့်အရာများ (ဥပမာ)

  • အချိန်ပိုထောက်ပံ့ကြေး (အချိန်ပိုကြေး)
  • ညဆိုင်းအလုပ်ထောက်ပံ့ကြေး
  • နားရက် အလုပ်တက်စရိတ်ထောက်ပံ့ကြေး
  • သွားလာရေးစရိတ်
  • အိမ်ရာထောက်ပံ့ကြေး

■နှုတ်ယူသည့်အရာများ (ဥပမာ)

  • လူမှုရေးအာမခံကြေး (လူမှုဖူလုံရေးပင်စင်အာမခံကြေး၊ ကျန်းမာရေးအာမခံကြေး၊ အလုပ်အကိုင်အာမခံကြေးစသည်)
  • ဝင်ငွေခွန်
  • နေထိုင်ခွန်
  • အိမ်ရာစရိတ်
  • မီး၊ ရေ၊ လျှပ်စစ်မီတာခ

နည်းပညာအလုပ်သင်သင်တန်းသား၏ လုပ်အားခ

နည်းပညာအလုပ်သင်သင်တန်းသားများ၏ လုပ်အားခမှာ များသောအားဖြင့် ဥပဒေအရ သတ်မှတ်ထားသည့် “အနိမ့်ဆုံးလုပ်အားခ” နှင့်တူညီရမည် သို့မဟုတ် ၎င်းထက် အနည်းငယ် များရမည်ဖြစ်သည်။ အနိမ့်ဆုံးလုပ်အားခသည် စီရင်စုအလိုက် တစ်နာရီလုပ်အားခ၏ အနိမ့်ဆုံးပမာဏဖြစ်သည်။ စက်မှုလုပ်ငန်းအလိုက် အနိမ့်ဆုံးလုပ်အားခလည်း ရှိတယ်။

စီရင်စုတစ်ခုစီအလိုက် အနိမ့်ဆုံးလုပ်အားခ (ဂျပန်ဘာသာစကားသာလျှင်)| ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန


အထူးကျွမ်းကျင်လုပ်သားနှင့် ပညာရှင်ဗီဇာ၏ လုပ်အားခ

အထူးကျွမ်းကျင်လုပ်သားနှင့် “နည်းပညာ၊ လူသားအသိပညာ၊ နိုင်ငံတကာရေးရာလုပ်ငန်း (ပညာရှင်ဗီဇာ)” စသည့်ဗီဇာရှိသည့် နိုင်ငံခြားသားများသည် တူညီသောကုမ္ပဏီတွင် အလုပ်လုပ်နေသော ဂျပန်လူမျိုး (တူညီသော အလုပ်အမျိုးအစား) နှင့်တူညီသည့်ပမာဏ သို့မဟုတ် ၎င်းထက်များသော လုပ်အားခကို ရရှိနိုင်ပါသည်။


အပိုလုပ်အားခ

ဥပဒေအရ အလုပ်ချိန်မှာ တစ်ရက်လျှင် 8 နာရီနှင့် တစ်ပတ်လျှင် နာရီ 40

ဥပဒေအရ အလုပ်ချိန်မှာ တစ်ရက်လျှင် 8 နာရီနှင့် တစ်ပတ်လျှင် နာရီ 40 အထိ သတ်မှတ်ထားသည်။ ထိုအချိန်ထက်ပို၍ အလုပ်လုပ်သည့်အခါ “အပိုလုပ်အားခ” ကို ရရှိပါမည်။ အပိုလုပ်အားခ မှာအောက်ပါအတိုင်းဖြစ်သည်။

  • အချိန်ပိုထောက်ပံ့ကြေး (အချိန်ပိုကြေး) – ကုမ္ပဏီမှ သတ်မှတ်ထားသော တစ်ရက်တာ၏ အလုပ်ချိန်ထက်ကျော်လွန်သော “အချိန်ပိုအလုပ်” အတွက် အလုပ်သမားအား ပုံမှန်လုပ်အားခထက် 1.25 ဆ ပို၍ ပေးချေရမည်။
  • ညဆိုင်းအလုပ်ထောက်ပံ့ကြေး – ည 10 နာရီ မှ မနက် 5 နာရီအတွင်း အလုပ်လုပ်ပါက ပုံမှန်ထက် 1.25 ဆ ပိုမည်
  • နားရက် အလုပ်တက်စရိတ်ထောက်ပံ့ကြေး – နားရက်တွင် အလုပ်လုပ်ပါက ပုံမှန်ထက် 1.35 ဆ ပိုမည်

လစာပေးခွင့်ရက်

အလုပ်စတင်ပြီး ခြောက်လအကြာတွင် နှစ်စဥ်လစာပေးခွင့်ရက် 10 ရက်ကို ရရှိပါမည်။ ထို့နောက်တွင် ထပ်မံ၍ နှစ်စဥ် 11 ရက်၊ 12 ရက်၊ 13 ရက်၊ 14 ရက်စီ ရရှိမည်ဖြစ်သည်။ လစာပေးခွင့်ရက်ကို အခြေခံစည်းမျဥ်းအရ အလုပ်သမားသည် မည်သည့်ရက်တွင်မဆို ခွင့်ရက်ကို ရယူနိုင်သည်။

အချိန်ပိုကြေး မရခြင်း၊ လစာပေးခွင့်ရက်ကို မယူနိုင်ခြင်းစသည့်အခါမျိုးတွင် အလုပ်သမားစံချိန်စံညွှန်းကွပ်ကဲရေးရုံးနှင့် OTIT (နိုင်ငံခြားသားနည်းပညာအလုပ်သင်သင်တန်းအဖွဲ့အစည်း) စသည်တို့ထံသို့ တိုင်ပင်ဆွေးနွေးပါ။


【ကိုးကား】 ပိုမိုသိရှိလိုပါက အောက်ပါလင့်တွင် ကြည့်ရှုပါ

ဂျပန်နိုင်ငံတွင် အလုပ်လုပ်နေသော နိုင်ငံခြားသားများ၏ လစာနှင့်ပတ်သက်၍ (ဂျပန်ဘာသာစကားသာလျှင်)|Daijob.com

ဂျပန်နိုင်ငံ၏ အလုပ်ချိန် (အလုပ်လုပ်သည့်အချိန်) နှင့်ပတ်သက်၍ (ဂျပန်ဘာသာစကားသာလျှင်)|Daijob.com

အလုပ်လုပ်ရန် ကတိပြုခြင်း။ အလုပ်အကိုင်သဘောတူစာချုပ်နှင့် ပတ်သက်၍ ① “ဝန်ထမ်းခေါ်ယူခြင်းမှ ကုမ္ပဏီသို့ ဝင်ရောက်ခြင်းအထိ စာချုပ်စာတမ်းအကြောင်း” (ဂျပန်ဘာသာစကားသာလျှင်)|Daijob.com

အလုပ်လုပ်ရန် ကတိပြုခြင်း။ အလုပ်အကိုင်သဘောတူစာချုပ်နှင့် ပတ်သက်၍ ② “အလုပ်အကိုင်အခြေအနေများအကြောင်း” (ဂျပန်ဘာသာစကားသာလျှင်)|Daijob.com

အလုပ်လုပ်ရန် ကတိပြုခြင်း။ အလုပ်အကိုင်သဘောတူစာချုပ်နှင့် ပတ်သက်၍ ③ “ကုမ္ပဏီမှ နှုတ်ထွက်သည့်အခါ” (ဂျပန်ဘာသာစကားသာလျှင်)|Daijob.com