fbpx

ဆေးရုံသွားနည်း (ဆေးကုသမှုခံယူနည်း)

ဤစာမျက်နှာ၌ ဂျပန်နိုင်ငံတွင် ဆေးရုံသွားနည်း (ဆေးကုသမှုခံယူနည်း) ကို မိတ်ဆက်ပေးပါမည်။

နိုင်ငံခြားသားများသည် ဂျပန်နိုင်ငံတွင် ဆေးရုံသွားလိုသည့်အခါ စကားလုံးနှင့် စည်းမျဉ်းများကို မသိသော်လည်း ကုမ္ပဏီနှင့် ကျောင်းမှ အထောက်အပံ့ကို ကောင်းစွာ မရရှိသောအခါလည်း ရှိသည်။ ဆေးရုံသွားနည်းကို ကြိုတင် သိရှိထားရအောင်။


ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းအမျိုးအစားများ

ဂျပန်နိုင်ငံတွင် နေထိုင်မကောင်းသောအခါ ဆေးရုံကြီးသို့ မသွားမီ ဆေးခန်းတွင် ဆေးစစ်ကြလေ့ရှိသည်။ နေမကောင်းဖြစ်သောအချိန်အတွက် အချိန်မရွေးသွားနိုင်သောဆေးခန်းကို အိမ်နှင့်အလုပ်ခွင်အနီးတွင် ရှာထားလျှင် အဆင်ပြေသည်။ ခွဲစိတ်ကုသခြင်းနှင့် ဆေးရုံတက်ရန် လိုအပ်ပါက အသေးစားနှင့် အလတ်စားဆေးရုံ သို့မဟုတ် ဆေးရုံကြီးကိုလည်း ညွှန်းပြပေးနိုင်သောကြောင့် ဆေးခန်းသို့ ဦးစွာသွားပါ။

  • ဆေးခန်း – သာမန်ဖျားနာမှုများနှင့် ဒဏ်ရာများ (အအေးမိခြင်း၊ ဓာတ်မတည့်ခြင်း၊ ဗိုက်နာခြင်းစသည်)
  • အသေးစားနှင့် အလတ်စားဆေးရုံ – ခွဲစိတ်ခြင်း၊ ဆေးရုံတက်ခြင်း၊ အရေးပေါ်ကုသမှုတို့ လိုအပ်သောအခါ
  • ဆေးရုံကြီး – အရေးပေါ်လူနာများ၊ အဆင့်မြင့်ဆေးကုသမှု

◆ကျန်းမာရေးအာမခံကတ်

ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းအား ကျန်းမာရေးအာမခံကတ်ကို ပေးပါ။ ကျန်းမာရေးအာမခံကတ်ကို ထုတ်ပေးလိုက်ပါက သင်ပေးချေရမည့် ဆေးကုသစရိတ်ကို လျော့ချနိုင်သည်။

◆စစ်ဆေးမှုအကြောင်းအရာ

ဂျပန်နိုင်ငံတွင် ရောဂါနှင့် ဒဏ်ရာလိုက်၍ စစ်ဆေးမှုဌာနကို ခွဲခြားထားသည်။

ဤတွင် မည်သည့်ရောဂါလက္ခဏာရှိပါက မည်သည့်ဌာနသို့ သွားသင့်ကြောင်းကို မိတ်ဆက်ပေးပါမည်။ မည်သည့်ဌာနသို့ သွားရမည်ကို မသိရှိပါက ဆေးရုံကို ကြိုတင်ဖုန်းဆက်ပြီး မေးကြည့်သင့်ပါသည်။

ဌာနရောဂါလက္ခဏာ
ကိုယ်တွင်းရောဂါဌာနအဖျားတက်သောအခါ၊ ဗိုက်နာသောအခါ
ပြင်ပရောဂါဌာနရှရာ၊ အရိုးကျိုးခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့်ရောဂါများ
အရိုးရောဂါဌာနခါး၊ ဒူး၊ ပုခုံးအဆစ်များ နာကျင်သည့်အခါ
မျက်လုံးဌာနမျက်လုံးအခြေအနေမကောင်းသောအခါ
သွားဌာနသွားပိုးစားခြင်းတို့ကြောင့် သွားနာသည့်အခါ
သားဖွားဌာနကလေးမွေးဖွားခြင်းနှင့် ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာများ
မီးယပ်ဌာနအမျိုးသမီးရောဂါလက္ခဏာများရှိသည့်အခါ
အရေပြားဌာနအရေပြားတွင် ပြဿနာရှိသည့်အခါ
ကလေးဌာနကလေးငယ်ကျန်းမာရေးမကောင်းသည့်အခါ
ရောဂါနှင့် ဒဏ်ရာလိုက်၍ စစ်ဆေးမှုဌာန

ဆေးရုံ (ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း) ကို ရှာဖွေခြင်း

အရေးပေါ်ချိန်အတွက် အရေးပေါ်ကား (ဖုန်း 119) ကို ခေါ်ပါ။

① ဒေသန္တရအစိုးရနှင့် နိုင်ငံတကာဆက်ဆံရေးအဖွဲ့အစည်း၏ အချက်အလက်များ

  • ပြည်သူ့ဆက်ဆံရေးမဂ္ဂဇင်း
  • စီရင်စုများ၏ HP (ဆေးဘက်ဆိုင်ရာအချက်အလက်)
  • အစိုးရရုံးများ၏ တိုင်ပင်ဆွေးနွေးရေးကောင်တာ

② ဆေးဘက်ဆိုင်ရာလုပ်ငန်းဆောင်တာသတင်းအချက်အလက်မျှဝေမှုစနစ် (ဆေးဘက်ဆိုင်ရာအချက်အလက်ကွန်ယက်)

  • စီရင်စုအသီးသီး၏ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆေးဘက်ဆိုင်ရာအချက်အလက်များကို ရှာဖွေနိုင်ပါသည်။

ဆေးဘက်ဆိုင်ရာလုပ်ငန်းဆောင်တာသတင်းအချက်အလက်မျှဝေမှုစနစ် (ဆေးဘက်ဆိုင်ရာအချက်အလက်ကွန်ယက်) |ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန

③ AMDA အပြည်ပြည်ဆိုင်ရာဆေးဘက်ဆိုင်ရာအချက်အလက်စင်တာ

  • ဖတ်ရလွယ်သောဆေးဘက်ဆိုင်ရာအဖွဲ့အစည်းများကို ဘာသာစကားများစွာဖြင့် လမ်းညွှန်ပေးခြင်း

AMDA အပြည်ပြည်ဆိုင်ရာဆေးဘက်ဆိုင်ရာအချက်အလက်စင်တာ

④ ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့၏ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းရှာဖွေရေးနှင့် အချက်အလက်ဝက်ဘ်ဆိုက်

နေထိုင်မကောင်းသည့်အခါ|ဂျပန်ခရီးသွားလုပ်ငန်းအေဂျင်စီ


ဘာသာစကားအကူအညီ

  • နိုင်ငံခြားသားဝန်ထမ်းများရှိသောဆေးရုံများနှင့် ဖုန်းစကားပြန်၊ ဘာသာပြန်စက်စသည်ကို အသုံးပြုသောဆေးရုံများ တိုးပွားလာလျက်ရှိသည်။
  • မိမိကိုယ်တိုင် အခကြေးငွေဖြင့် စကားပြန်ကို ရှာဖွေပြီး ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းထံ အတူ သွားပြကြသည့် ဖြစ်စဉ်များလည်းရှိသည်။

ဆေးကုသမှုအာမခံ

ဂျပန်နိုင်ငံတွင် နိုင်ငံခြားသားများအပါအဝင် အားလုံးသည် ပြည်သူ့ဆေးကုသမှုအာမခံတွင် သေချာပေါက် ဝင်ရန်လိုအပ်သည်။

ကျန်းမာရေးအာမခံကတ်

ပြည်သူ့ဆေးကုသမှုအာမခံတွင် ကုမ္ပဏီတွင်အလုပ်လုပ်နေသူများနှင့် နည်းပညာအလုပ်သင်သင်တန်းသားများဝင်ရောက်သည့် “ကျန်းမာရေးအာမခံ”၊ ပညာတော်သင်ကျောင်းသားများ ဝင်ရောက်သည့် “အမျိုးသားကျန်းမာရေးအာမခံ” ဟူ၍ ရှိသည်။

ဝင်ရောက်ပါက အထက်ပါကဲ့သို့ အာမခံကတ်ရရှိမည်ဖြစ်သည်။

◆ကျန်းမာရေးအာမခံ

  • ကုမ္ပဏီဝန်ထမ်းနှင့် ၎င်း၏မိသားစုဝင်များဝင်ရောက်ရသည်
  • ဝင်ရောက်ထားပါက ကာယကံရှင်နှင့် မိသားစု၏ ဆေးကုသစရိတ်ပေးချေမှုသည် အခြေခံအားဖြင့် 30% ဖြစ်သည်။
  • အသက် 6 နှစ်အောက်နှင့် အသက် 70 မှ 74 အရွယ်၏ ပေးချေမှုမှာ အခြေခံအားဖြင့် 20% ဖြစ်သည်
  • လစဉ်ပေးချေသည့်အာမခံကြေးသည် ကုမ္ပဏီနှင့် ဝန်ထမ်းမှ တစ်ဝက်စီကျခံရသည်

◆အမျိုးသားကျန်းမာရေးအာမခံ

  • အလုပ်ခွင်ကျန်းမာရေးအာမခံမဝင်ရသည့် အသက် 75 နှစ်အောက်အရွယ်ပုဂ္ဂိုလ်များအတွက် ဖြစ်သည်
  • ပညာတော်သင်ကျောင်းသားများတွင်လည်း ဝင်ရောက်ထားရန် တာဝန်ရှိသည်
  • ဝင်ရောက်ထားပါက ကာယကံရှင်၏ ဆေးကုသစရိတ်ပေးချေမှုသည် အခြေခံအားဖြင့် 30% ဖြစ်သည်။

◆ဝင်ရောက်နည်း

ကျန်းမာရေးအာမခံကို ကုမ္ပဏီစသည်တို့မှ လုပ်ထုံးလုပ်နည်းကို လုပ်ဆောင်သည်။ အမျိုးသားကျန်းမာရေးအာမခံသည် မြို့၊ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာရှိ အစိုးရရုံးတွင် လုပ်ထုံးလုပ်နည်းကို လုပ်ဆောင်ရသည်။

  • နေထိုင်ခွင့်ကတ်နှင့် ပတ်စ်စပို့ လိုအပ်သည်
  • အထူနေထိုင်သည့်မိသားစုရှိပါက မိသားစုပါ အတူဝင်ရောက်ရမည်

◆သတိပြုရန်အချက်များ

  • အာမခံ အသုံးပြု၍မရနိုင်သောဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများလည်း ရှိသည်။
  • နေရပ်လိပ်စာ ပြောင်းလဲသွားပါက နေရပ်လိပ်စာအသစ်၏ မြို့၊ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာရှိ အစိုးရရုံးတွင် လျှောက်လွှာတင်၍ အာမခံကတ်အသစ်ကို ရယူပါ။
  • ဝင်ငွေနှင့် နေထိုင်မှုအခြေအနေစသည်တို့အပေါ် မူတည်၍ အာမခံကြေး လျော့ပေါ့ခံရသည့်အခါလည်းရှိသည်။ မြို့၊ ရပ်ကွက်၊ မြို့နယ်၊ ကျေးရွာတွင် မေးမြန်းပါ။

ခံစားခွင့်အမျိုးမျိုး

ပြည်သူ့ဆေးကုသမှုအာမခံတွင် “ဆေးကုသစရိတ်”၊ “မြင့်မားသောဆေးကုသစရိတ်”၊ “ကလေးမီးဖွားခြင်းနှင့် ကလေးထိန်းထောက်ပံ့ကြေးတစ်ကြိမ်တည်းပေးငွေ” စသည်စနစ်များလည်း ရှိသည်။

အသေးစိတ်သိရှိလိုပါက အောက်ပါဆောင်းပါးကို ဖတ်ရှုပါ။

ဂျပန်နိုင်ငံတွင် ဆေးကုသမှု ခံယူရန်အတွက်|KOKORO


ဆေးအကြောင်း

ဆေးပေးခန်း

  • ဆရာဝန်၏ ဆေးစာကို အခြေခံ၍ ဆေးဖော်စပ်ခြင်းနှင့် ရောင်းချခြင်း (လူနာသည် ကုန်ကျစရိတ် 30% ကို ကျခံရမည်)
  • ဆေးစာမပါဘဲ ဝယ်နိုင်သည့် ဆေးလည်းရှိသည် (ကုန်ကျစရိတ်အလုံးစုံကို ကျခံရမည်)

ဆေးစတိုးဆိုင်

  • အထူးသဖြင့် ဆေးစာမလိုသောဆေးနှင့် သောက်စရာများ၊ နေ့စဉ်သုံးပစ္စည်းများကို ရောင်းချသည်