fbpx

ကုမ္ပဏီမှ မပြုလုပ်ရမည့်အရာများ

ကုမ္ပဏီမှ မပြုလုပ်ရမည့်အရာများ

ကုမ္ပဏီသည် အလုပ်လုပ်မည့်နိုင်ငံခြားသားထံမှ ပတ်စ်ပို့၊ နေထိုင်ခွင့်ကတ်၊ ဘဏ်စာအုပ်များ စသည်တို့ကို ယူထားခြင်း မပြုလုပ်ရပါ။

ကုမ္ပဏီသည် ဘေးကင်းလုံခြုံပြီး သန့်ရှင်းမှုရှိသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကိုလည်း ပံ့ပိုးပေးရမည်ဖြစ်သည်။


ပတ်စ်ပို့ကို ယူထားခြင်းအား တားမြစ်ထားသည်

ယခင်က နိုင်ငံခြားသားအလုပ်သမားများ ထွက်ပြေးခြင်းမှ တားဆီးကာကွယ်ရန်အတွက် ခေါ်ယူရေးကုမ္ပဏီများသည် ပတ်စ်ပို့နှင့် နေထိုင်ခွင့်ကတ်များကို ယူထားကြသည်။

သို့သော် နိုင်ငံခြားသားများကို အလုပ်ခန့်အပ်ထားသော ကုမ္ပဏီမှ နေထိုင်ခွင့်ကတ်စသည်တို့ကို ယူထားခြင်းသည် နိုင်ငံခြားသားများအတွက် လွတ်လပ်စွာ သွားလာခွင့်ကို ကန့်သတ်ထားခြင်းဖြစ်ပြီး ၎င်းသည်တရားမဝင်ပါ။ နိုင်ငံခြားသားဘက်မှ တောင်းဆိုပါကလည်း ယူထားခြင်း မပြုလုပ်ရပါ။

၎င်းအပြင် ကုမ္ပဏီသည် အလုပ်လုပ်နေသူများအား အောက်ပါကဲ့သို့သော အရာများကိုလည်း မပြုလုပ်ရပါ။ ဥပမာများ ရေးသားထားပါသည်။

  • ဘဏ်စာအုပ်ယူထားခြင်း။
  • အလုပ်ချိန်အတွင်း အိမ်သာသွားရန် အလုပ်နေရာမှထွက်သွားပါက ဒဏ်ငွေရိုက်ခြင်း။
  • ကြမ်းတမ်းသော စကားများပြောဆိုခြင်း။
  • အကြမ်းဖက်ခြင်း။
  • လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ပြုလုပ်ခြင်း။

ကုမ္ပဏီများမှ ဤအရာများကို ချိုးဖောက်ပါက အောက်ဖော်ပြပါ ကောင်တာများသို့ ဆက်သွယ်၍ တိုင်ပင်ဆွေးနွေးပါ။

OTIT (နိုင်ငံခြားသားနည်းပညာအလုပ်သင်သင်တန်းအဖွဲ့အစည်း)

နိုင်ငံခြားအလုပ်သမားများအတွက် တိုင်ပင်ဆွေးနွေးရန်ဖုန်းခေါ်ဆိုမှုများ (ဘာသာစကားမျိုးစုံ) | ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန

နိုင်ငံတစ်ဝှမ်းရှိ အလုပ်သမား စံချိန်စံညွှန်းကွပ်ကဲရေးရုံးများ (ဂျပန်ဘာသာစကားသာလျှင်) | ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန


လုပ်ငန်းခွင်ပတ်ဝန်းကျင်နှင့်ပတ်သက်၍

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများသည် ဘေးကင်းလုံခြုံပြီး သန့်ရှင်းသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ပံ့ပိုးပေးရမည်။

① လုပ်ငန်းခွင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှု

ကုမ္ပဏီများသည် လုပ်ငန်းခွင်ပတ်ဝန်းကျင်နှင့် စပ်လျဉ်းသည့် အောက်ပါအချက်များကို စစ်ဆေးပြီး လိုအပ်ပါက တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးရမည်။

  • လေထု- လေထဲတွင် ဖုန်မှုန့် သို့မဟုတ် ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေသော အရာများ ပါဝင်နေပါသလား။
  • အပူချိန်နှင့် စိုထိုင်းဆ – အလုပ်ခွင်မှာ ပူလွန်း၊ အေးလွန်း ဖြစ်နေပါသလား။ အပြင်တွင် အလုပ်လုပ်ပါက အအေးနှင့် အပူဒဏ်ကို သက်သာစေရန် အစီအမံများ ပြုလုပ်ထားပါသလား။
  • အလင်း – မှောင်မဲလွန်းခြင်း တောက်ပလွန်းခြင်း ရှိနေပါသလား။
  • အသံ – ဆူညံသံ ရှိနေပါသလား။
  • ဧရိယာ – ကျဥ်းလွန်းနေပါသလား။ စင်္ကြံမှာ ဘေးကင်းလုံခြုံပါသလား။

② အလုပ်စီမံခန့်ခွဲမှု

ကုမ္ပဏီများသည် အလုပ်သမားများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို ကာကွယ်နိုင်သည့် အလုပ်နည်းလမ်းများကို လမ်းညွှန်ပေးရမည်။ အထူးသဖြင့်၊ အလုပ်၏ သင့်လျော်သော အကြောင်းအရာ၊ အချိန်နှင့် နည်းလမ်းများနှင့်ပတ်သက်သည့် လက်စွဲများကို ဖန်တီးပြီး စစ်ဆေးရမည်။

③ ကျန်းမာရေးစီမံခန့်ခွဲမှု

ကုမ္ပဏီများသည် အလုပ်သမားများ၏ ကျန်းမာရေးကို စစ်ဆေးပေးရပါမည်။

  • တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခြင်း။
  • ကျန်းမာရေးနှင့်သက်ဆိုင်သည့် တိုင်ပင်ဆွေးနွေးရေးကောင်တာကို တည်ထောင်ခြင်း။
  • နားနေခန်းစသည်တို့ကို တည်ဆောက်ပြီး သန့်ရှင်းအောင်ထားခြင်း။

ဤကဲ့သို့သောအချက်များအား လိုက်နာမှုများမရှိပါကလည်း အထက်ဖော်ပြပါ ကောင်တာများသို့ တိုင်ပင်ဆွေးနွေးပါ။


【ကိုးကား】 ပိုမိုသိရှိလိုပါက အောက်ပါလင့်တွင် ကြည့်ရှုပါ

အမြဲတမ်း ကိုင်ဆောင်ထားပါ။ အရေးကြီးသော “နေထိုင်ခွင့်ကတ်” နှင့်ပတ်သက်၍ (ဂျပန်ဘာသာစကားသာလျှင်)|Daijob.com