fbpx

အထူးကျွမ်းကျင်လုပ်သားဆိုသည်မှာ

အထူးကျွမ်းကျင်လုပ်သားဆိုသည်မှာ

ပညာရေး၊ လုပ်ငန်းအတွေ့အကြုံကို မကြည့်ဘဲ ဂျပန်နိုင်ငံတွင် အလုပ်လုပ်နိုင်သည့်နေထိုင်ခွင့်ဗီဇာရှိသည်မှာ အမှန်တကယ်ဟုတ်ပါသလား။

‟မည်သို့ရယူနိုင်မည်နည်း”ဟု မေးလာသူများအတွက် ‟အထူးကျွမ်းကျင်လုပ်သား” ဟုခေါ်သည့် နေထိုင်ခွင့်ဗီဇာအကြောင်းကို ဖေါ်ပြပေးလိုက်ပါသည်။


မာတိကာ


အထူးကျွမ်းကျင်လုပ်သားဆိုသည်မှာ

အထူးကျွမ်းကျင်လုပ်သားဆိုသည်မှာ ဂျပန်နိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ်မလုံလောက်မှုဖြစ်ပေါ်နေသည့် နယ်ပယ် 12 ခုတွင် နိုင်ငံခြားသားများ အလုပ်လုပ်နိုင်စေရန်အတွက် နေထိုင်ခွင့်ဗီဇာဖြစ်သည်။ “အထူးကျွမ်းကျင်လုပ်သား အမှတ်စဉ် 1″ နှင့် ပို၍ကျွမ်းကျင်မှုအဆင့် မြင့်မားသော ” အထူးကျွမ်းကျင်လုပ်သား အမှတ်စဉ် 2″ ဟူ၍ အမျိုးအစား 2မျိုးရှိသည်။


အထူးကျွမ်းကျင်လုပ်သား၏ အားသာချက်များ

  • လုပ်သားနည်းသာ လုပ်ငန်း 12 ခုတွင်အလုပ်လုပ်နိုင်သောကြောင့် အလုပ်ရှာရန် လွယ်ကူသည်။
  • ပညာရေးနောက်ခံကို မကြည့်ခြင်း
  • အလုပ်ပြောင်းနိုင်ခြင်း

အမှတ်စဥ် 1 နှင့် 2 ၏ ကွာခြားချက်

အထူးကျွမ်းကျင်လုပ်သား အမှတ်စဉ် 1အထူးကျွမ်းကျင်လုပ်သား အမှတ်စဉ် 2
ပညာရေး၊ လုပ်ငန်းအတွေ့အကြုံမလိုအပ်ပါ (အသက် 18 နှစ်နှင့်အထက်)အထူးကျွမ်းကျင်လုပ်သား အမှတ်စဉ် 2 ရယူရန် စာမေးပွဲတွင် လုပ်ငန်းအတွေ့အကြုံ လိုအပ်ပါသည်။
နေထိုင်ခွင့်ကာလ1 နှစ်၊ 6 လ သို့မဟုတ် 4 လတစ်ကြိမ် သက်တမ်းတိုးခြင်း
စုစုပေါင်း 5 နှစ်အထိ
3 နှစ်၊ 1 နှစ် သို့မဟုတ် 6 လတစ်ကြိမ် သက်တမ်းတိုးခြင်း
ကန့်သတ်ချက်မရှိ
ဂျပန်စာအရည်အချင်းN4 အထက်
(နည်းပညာအလုပ်သင်သင်တန်း အမှတ်စဉ် 2 ပြီးဆုံးသူများမှာ ချွင်းချက်)
စာမေးပွဲစသည်တို့ဖြင့် စစ်ဆေးရန် မလိုအပ်ပါ
မိသားစုအား ခေါ်ဆောင်ခွင့်×
လုပ်ကိုင်နိုင်သောနယ်ပယ်သူနာပြု၊ အဆောက်အအုံသန့်ရှင်းရေး၊
စက်အစိတ်အပိုင်းနှင့် စက်ကိရိယာလုပ်ငန်းများ (သတ္တုလုပ်ငန်း)၊ စက်မှုစက်ရုံလုပ်ငန်း၊ လျှပ်စစ်၊ အီလက်ထရောနစ်နှင့် သတင်းအချက်အလက် ထုတ်လုပ်ရေးလုပ်ငန်း၊
ဆောက်လုပ်ရေးလုပ်ငန်း၊
သင်္ဘောဆောက်လုပ်ခြင်းနှင့် သင်္ဘောစက်ရုံလုပ်ငန်း၊
ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း၊ လေကြောင်းလုပ်ငန်း၊
ဟိုတယ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊
ရေလုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း၊
အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း
ဆောက်လုပ်ရေးလုပ်ငန်း၊
သင်္ဘောဆောက်လုပ်ခြင်းနှင့် သင်္ဘောစက်ရုံလုပ်ငန်း
2022 ခုနှစ် ဖေဖော်ဝါရီလကုန်

အထူးကျွမ်းကျင်လုပ်သားအမှတ်စဉ် 1 နိုင်ငံခြားသားများအတွက် ကူညီထောက်ပံ့မှု

အထူးကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများသည် အောက်ပါကူညီထောက်ပံ့မှုကို ရယူနိုင်သည်။

  1. ဂျပန်နိုင်ငံတွင်း မဝင်ရောက်မှီ နေထိုင်မှုလမ်းညွှန်
  2. ဂျပန်နိုင်ငံအတွင်း ဝင်ရောက်သည့်အချိန်တွင် လေဆိပ်တွင် လာကြိုပေးခြင်းနှင့် နိုင်ငံပြန်သည့်အချိန် လေဆိပ်သို့ လိုက်ပို့ပေးခြင်း
  3. နေအိမ်နေထိုင်ရေးအတွက် ကူညီထောက်ပံ့ခြင်း (အာမခံပေးသူဖြစ်ပေးခြင်းအပါအဝင်)
  4. နေထိုင်စဥ်အတွင်း နေထိုင်မှုလမ်းညွှန် (ဘဏ်အကောင့်ဖွင့်ခြင်းနှင့် လက်ကိုင်ဖုန်းအသုံးပြုရန် စာချုပ်ချုပ်ဆိုခြင်းတွင် ကူညီထောက်ပံ့ခြင်းအပါအဝင်)
  5. နေထိုင်ရေးအတွက် ဂျပန်ဘာသာသင်ယူနိုင်ရန် ကူညီထောက်ပံ့ခြင်း
  6. ကာယကံရှင်ထံမှ ဆွေးနွေးတိုင်ပင်မှုများနှင့် တိုင်ကြားမှုများကို တုံ့ပြန်ဆောင်ရွက်ပေးခြင်း
  7. အမျိုးမျိုးသောအုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို မျှဝေပေးခြင်းနှင့် ကူညီထောက်ပံ့ခြင်း (အတူလိုက်ပါဆောင်ရွက်ခြင်း)
  8. ဂျပန်လူမျိုးနှင့် တွေ့ဆုံဆက်ဆံနိုင်မည့်အခွင့်အလမ်းများကို ပေးအပ်ခြင်း
  9. ကာယကံရှင်မှ အပြစ်မရှိဘဲ အလုပ်ထုတ်ပယ်ခံရပါက အလုပ်ပြောင်းရွေ့ရန် ကူညီထောက်ပံ့ခြင်း
  10. အလုပ်သမား/ကြီးကြပ်သူ နှင့် အနည်းဆုံး သုံးလလျှင် တစ်ကြိမ်အင်တာဗျူးပြီး ဥပဒေနှင့် စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်ပါကအစီရင်ခံစာတင်ပို့ ခြင်း

ဤအချက်များသည် ဥပဒေဖြင့် သတ်မှတ်ထားပြီး လက်ခံသူကုမ္ပဏီ၏ တာဝန်များဖြစ်သည်။ ①④⑥⑦ နှင့်ပတ်သက်၍ အဆိုပါနိုင်ငံခြားသားမှ နားလည်နိုင်သောဘာသာစကားဖြင့် ဆောင်ရွက်ပေးရမည် ဖြစ်သည်။နိုင်ငံခြားသားများနှင့် လက်ခံသူကုမ္ပဏီအကြားတွင် မှတ်ပုံတင်မှုကူညီထောက်ပံ့ရေးအဖွဲ့အစည်းရှိပြီး လက်ခံသူကုမ္ပဏီကိုယ်စား နိုင်ငံခြားသားအား ကူညီထောက်ပံ့ပေးရသည့်အခါမျိုးလည်း ရှိပါသည်။


ရယူနည်း

အထူးကျွမ်းကျင်လုပ်သား အမှတ်စဉ် 1

  1. စာမေးပွဲလမ်းကြောင်း – အောက်ပါစာမေးပွဲ 2 ခုကို အောင်မြင်ရမည်
    1. JLPT ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ N4 နှင့်အထက် သို့မဟုတ် JFT-Basic
      ※သူနာပြုနှင့်ပတ်သက်၍ သူနာပြု ဂျပန်ဘာသာစကား အကဲဖြတ်စာမေးပွဲ အောင်မြင်ရန်လည်း လိုအပ်သည်
    2. ကျွမ်းကျင်မှုစစ်ဆေးရေးစာမေးပွဲ သက်ဆိုင်ရာနယ်ပယ်၏ ရေးဖြေစာမေးပွဲ
  2. နည်းပညာအလုပ်သင်သင်တန်းလမ်းကြောင်း – နည်းပညာအလုပ်သင်သင်တန်းကို 2 နှစ်နှင့် 10 လအထက် ကောင်းစွာပြီးမြောက်ထားသူများ
    1. နည်းပညာအလုပ်သင်သင်တန်း၏ နယ်ပယ်တူသောအလုပ်
      ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲနှင့် ကျွမ်းကျင်မှုစစ်ဆေးရေးစာမေးပွဲကို မဖြေဆိုလည်း ရပါသည်။
    2. နည်းပညာအလုပ်သင်သင်တန်းနှင့် မတူသောနယ်ပယ်ရှိ အထူးကျွမ်းကျင်လုပ်သားအလုပ်
      လုပ်ကိုင်လိုသောနယ်ပယ်၏ ကျွမ်းကျင်မှုစာမေးပွဲတွင် အောင်မြင်ပါက လုပ်ကိုင်နိုင်သည်။
      ထိုအခြေအနေတွင်လည်း နည်းပညာအလုပ်သင်သင်တန်းကို 2 နှစ်နှင့် 10 လအထက် ကောင်းစွာပြီးမြောက်ထားပါက ဂျပန်ဘာသာစကားစာမေးပွဲ မလိုအပ်ပါ။

အထူးကျွမ်းကျင်လုပ်သား အမှတ်စဉ် 2

နည်းပညာအလုပ်သင်သင်တန်းထက် ပိုခက်ခဲသောစာမေးပွဲတွင် အောင်မြန်ရန် လိုအပ်သည်။


[ကိုးကား] ပိုမိုသိရှိလိုပါက အောက်ပါလင့်တွင် ကြည့်ရှုပါ

အထူးကျွမ်းကျင်လုပ်သားအထွေထွေအထောက်အကူပြုဝက်ဘ်ဆိုက်| ဂျပန်လူဝင်မှုကြီးကြပ်ရေး

နေထိုင်ခွင့်ဗီဇာ “အထူးကျွမ်းကျင်လုပ်သား” ဆိုသည်မှာ |Hello Japan

အထူးကျွမ်းကျင်လုပ်သား နေထိုင်ခွင့်ဗီဇာကို မည်သို့ ရနိုင်မည်နည်း |Hello Japan