ပညာရေး၊ လုပ်ငန်းအတွေ့အကြုံကို မကြည့်ဘဲ ဂျပန်နိုင်ငံတွင် အလုပ်လုပ်နိုင်သည့်နေထိုင်ခွင့်ဗီဇာရှိသည်မှာ အမှန်တကယ်ဟုတ်ပါသလား။
‟မည်သို့ရယူနိုင်မည်နည်း”ဟု မေးလာသူများအတွက် ‟အထူးကျွမ်းကျင်လုပ်သား” ဟုခေါ်သည့် နေထိုင်ခွင့်ဗီဇာအကြောင်းကို ဖေါ်ပြပေးလိုက်ပါသည်။
မာတိကာ
အထူးကျွမ်းကျင်လုပ်သားဆိုသည်မှာ
အထူးကျွမ်းကျင်လုပ်သားဆိုသည်မှာ ဂျပန်နိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ်မလုံလောက်မှုဖြစ်ပေါ်နေသည့် နယ်ပယ် 12 ခုတွင် နိုင်ငံခြားသားများ အလုပ်လုပ်နိုင်စေရန်အတွက် နေထိုင်ခွင့်ဗီဇာဖြစ်သည်။ “အထူးကျွမ်းကျင်လုပ်သား အမှတ်စဉ် 1″ နှင့် ပို၍ကျွမ်းကျင်မှုအဆင့် မြင့်မားသော ” အထူးကျွမ်းကျင်လုပ်သား အမှတ်စဉ် 2″ ဟူ၍ အမျိုးအစား 2မျိုးရှိသည်။
အထူးကျွမ်းကျင်လုပ်သား၏ အားသာချက်များ
- လုပ်သားနည်းသာ လုပ်ငန်း 12 ခုတွင်အလုပ်လုပ်နိုင်သောကြောင့် အလုပ်ရှာရန် လွယ်ကူသည်။
- ပညာရေးနောက်ခံကို မကြည့်ခြင်း
- အလုပ်ပြောင်းနိုင်ခြင်း
အမှတ်စဥ် 1 နှင့် 2 ၏ ကွာခြားချက်
အထူးကျွမ်းကျင်လုပ်သား အမှတ်စဉ် 1 | အထူးကျွမ်းကျင်လုပ်သား အမှတ်စဉ် 2 | |
ပညာရေး၊ လုပ်ငန်းအတွေ့အကြုံ | မလိုအပ်ပါ (အသက် 18 နှစ်နှင့်အထက်) | အထူးကျွမ်းကျင်လုပ်သား အမှတ်စဉ် 2 ရယူရန် စာမေးပွဲတွင် လုပ်ငန်းအတွေ့အကြုံ လိုအပ်ပါသည်။ |
နေထိုင်ခွင့်ကာလ | 1 နှစ်၊ 6 လ သို့မဟုတ် 4 လတစ်ကြိမ် သက်တမ်းတိုးခြင်း စုစုပေါင်း 5 နှစ်အထိ | 3 နှစ်၊ 1 နှစ် သို့မဟုတ် 6 လတစ်ကြိမ် သက်တမ်းတိုးခြင်း ကန့်သတ်ချက်မရှိ |
ဂျပန်စာအရည်အချင်း | N4 အထက် (နည်းပညာအလုပ်သင်သင်တန်း အမှတ်စဉ် 2 ပြီးဆုံးသူများမှာ ချွင်းချက်) | စာမေးပွဲစသည်တို့ဖြင့် စစ်ဆေးရန် မလိုအပ်ပါ |
မိသားစုအား ခေါ်ဆောင်ခွင့် | × | ○ |
လုပ်ကိုင်နိုင်သောနယ်ပယ် | သူနာပြု၊ အဆောက်အအုံသန့်ရှင်းရေး၊ စက်အစိတ်အပိုင်းနှင့် စက်ကိရိယာလုပ်ငန်းများ (သတ္တုလုပ်ငန်း)၊ စက်မှုစက်ရုံလုပ်ငန်း၊ လျှပ်စစ်၊ အီလက်ထရောနစ်နှင့် သတင်းအချက်အလက် ထုတ်လုပ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သင်္ဘောဆောက်လုပ်ခြင်းနှင့် သင်္ဘောစက်ရုံလုပ်ငန်း၊ ကားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း၊ လေကြောင်းလုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ အစားအသောက် ဝန်ဆောင်မှုလုပ်ငန်း | ဆောက်လုပ်ရေးလုပ်ငန်း၊ သင်္ဘောဆောက်လုပ်ခြင်းနှင့် သင်္ဘောစက်ရုံလုပ်ငန်း |
အထူးကျွမ်းကျင်လုပ်သားအမှတ်စဉ် 1 နိုင်ငံခြားသားများအတွက် ကူညီထောက်ပံ့မှု
အထူးကျွမ်းကျင်လုပ်သားနိုင်ငံခြားသားများသည် အောက်ပါကူညီထောက်ပံ့မှုကို ရယူနိုင်သည်။
- ဂျပန်နိုင်ငံတွင်း မဝင်ရောက်မှီ နေထိုင်မှုလမ်းညွှန်
- ဂျပန်နိုင်ငံအတွင်း ဝင်ရောက်သည့်အချိန်တွင် လေဆိပ်တွင် လာကြိုပေးခြင်းနှင့် နိုင်ငံပြန်သည့်အချိန် လေဆိပ်သို့ လိုက်ပို့ပေးခြင်း
- နေအိမ်နေထိုင်ရေးအတွက် ကူညီထောက်ပံ့ခြင်း (အာမခံပေးသူဖြစ်ပေးခြင်းအပါအဝင်)
- နေထိုင်စဥ်အတွင်း နေထိုင်မှုလမ်းညွှန် (ဘဏ်အကောင့်ဖွင့်ခြင်းနှင့် လက်ကိုင်ဖုန်းအသုံးပြုရန် စာချုပ်ချုပ်ဆိုခြင်းတွင် ကူညီထောက်ပံ့ခြင်းအပါအဝင်)
- နေထိုင်ရေးအတွက် ဂျပန်ဘာသာသင်ယူနိုင်ရန် ကူညီထောက်ပံ့ခြင်း
- ကာယကံရှင်ထံမှ ဆွေးနွေးတိုင်ပင်မှုများနှင့် တိုင်ကြားမှုများကို တုံ့ပြန်ဆောင်ရွက်ပေးခြင်း
- အမျိုးမျိုးသောအုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို မျှဝေပေးခြင်းနှင့် ကူညီထောက်ပံ့ခြင်း (အတူလိုက်ပါဆောင်ရွက်ခြင်း)
- ဂျပန်လူမျိုးနှင့် တွေ့ဆုံဆက်ဆံနိုင်မည့်အခွင့်အလမ်းများကို ပေးအပ်ခြင်း
- ကာယကံရှင်မှ အပြစ်မရှိဘဲ အလုပ်ထုတ်ပယ်ခံရပါက အလုပ်ပြောင်းရွေ့ရန် ကူညီထောက်ပံ့ခြင်း
- အလုပ်သမား/ကြီးကြပ်သူ နှင့် အနည်းဆုံး သုံးလလျှင် တစ်ကြိမ်အင်တာဗျူးပြီး ဥပဒေနှင့် စည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်ပါကအစီရင်ခံစာတင်ပို့ ခြင်း
ဤအချက်များသည် ဥပဒေဖြင့် သတ်မှတ်ထားပြီး လက်ခံသူကုမ္ပဏီ၏ တာဝန်များဖြစ်သည်။ ①④⑥⑦ နှင့်ပတ်သက်၍ အဆိုပါနိုင်ငံခြားသားမှ နားလည်နိုင်သောဘာသာစကားဖြင့် ဆောင်ရွက်ပေးရမည် ဖြစ်သည်။နိုင်ငံခြားသားများနှင့် လက်ခံသူကုမ္ပဏီအကြားတွင် မှတ်ပုံတင်မှုကူညီထောက်ပံ့ရေးအဖွဲ့အစည်းရှိပြီး လက်ခံသူကုမ္ပဏီကိုယ်စား နိုင်ငံခြားသားအား ကူညီထောက်ပံ့ပေးရသည့်အခါမျိုးလည်း ရှိပါသည်။
ရယူနည်း
အထူးကျွမ်းကျင်လုပ်သား အမှတ်စဉ် 1
- စာမေးပွဲလမ်းကြောင်း – အောက်ပါစာမေးပွဲ 2 ခုကို အောင်မြင်ရမည်
- JLPT ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ N4 နှင့်အထက် သို့မဟုတ် JFT-Basic
※သူနာပြုနှင့်ပတ်သက်၍ သူနာပြု ဂျပန်ဘာသာစကား အကဲဖြတ်စာမေးပွဲ အောင်မြင်ရန်လည်း လိုအပ်သည် - ကျွမ်းကျင်မှုစစ်ဆေးရေးစာမေးပွဲ သက်ဆိုင်ရာနယ်ပယ်၏ ရေးဖြေစာမေးပွဲ
- JLPT ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ N4 နှင့်အထက် သို့မဟုတ် JFT-Basic
- နည်းပညာအလုပ်သင်သင်တန်းလမ်းကြောင်း – နည်းပညာအလုပ်သင်သင်တန်းကို 2 နှစ်နှင့် 10 လအထက် ကောင်းစွာပြီးမြောက်ထားသူများ
- နည်းပညာအလုပ်သင်သင်တန်း၏ နယ်ပယ်တူသောအလုပ်
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲနှင့် ကျွမ်းကျင်မှုစစ်ဆေးရေးစာမေးပွဲကို မဖြေဆိုလည်း ရပါသည်။ - နည်းပညာအလုပ်သင်သင်တန်းနှင့် မတူသောနယ်ပယ်ရှိ အထူးကျွမ်းကျင်လုပ်သားအလုပ်
လုပ်ကိုင်လိုသောနယ်ပယ်၏ ကျွမ်းကျင်မှုစာမေးပွဲတွင် အောင်မြင်ပါက လုပ်ကိုင်နိုင်သည်။
ထိုအခြေအနေတွင်လည်း နည်းပညာအလုပ်သင်သင်တန်းကို 2 နှစ်နှင့် 10 လအထက် ကောင်းစွာပြီးမြောက်ထားပါက ဂျပန်ဘာသာစကားစာမေးပွဲ မလိုအပ်ပါ။
- နည်းပညာအလုပ်သင်သင်တန်း၏ နယ်ပယ်တူသောအလုပ်
အထူးကျွမ်းကျင်လုပ်သား အမှတ်စဉ် 2
နည်းပညာအလုပ်သင်သင်တန်းထက် ပိုခက်ခဲသောစာမေးပွဲတွင် အောင်မြန်ရန် လိုအပ်သည်။
[ကိုးကား] ပိုမိုသိရှိလိုပါက အောက်ပါလင့်တွင် ကြည့်ရှုပါ
အထူးကျွမ်းကျင်လုပ်သားအထွေထွေအထောက်အကူပြုဝက်ဘ်ဆိုက်| ဂျပန်လူဝင်မှုကြီးကြပ်ရေး
နေထိုင်ခွင့်ဗီဇာ “အထူးကျွမ်းကျင်လုပ်သား” ဆိုသည်မှာ |Hello Japan
အထူးကျွမ်းကျင်လုပ်သား နေထိုင်ခွင့်ဗီဇာကို မည်သို့ ရနိုင်မည်နည်း |Hello Japan