fbpx

ဂျပန်နိုင်ငံသို့ ယူဆောင်လာရမည့်အရာများ

ဂျပန်နိုင်ငံသို့ ယူဆောင်လာရမည့်အရာများ

ဂျပန်နိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်သည့်အချိန်တွင် မည်သည့်အရာများကို ယူဆောင်လာသင့်သနည်း။

ငွေသား

နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရန် သို့မဟုတ် ကျောင်းတက်ရန် နေထိုင်မှုဘဝအသစ်တစ်ခု စတင်သည့်အချိန်တွင် ငွေကြေးကုန်ကျမည်ဖြစ်သောကြောင့် ဖြစ်နိုင်ပါက ယန်း 100,000 မှ ယန်း 200,000 လောက် ပြင်ဆင်ထားသင့်ပါသည်။ ဂျပန်နိုင်ငံတွင် “ယန်း” ကိုသာ အသုံးပြုနိုင်ပြီး ငွေလဲလှယ်နိုင်သောဆိုင်အရေအတွက်မှာလည်း ကန့်သတ်ထားသောကြောင့် ငွေသားအချို့ကို မိခင်နိုင်ငံတွင် “ယန်း” ငွေ လဲလှယ်လာပြီးမှ ယူဆောင်လာကြရန် အကြံပြုလိုပါသည်။

ခရက်ဒစ်ကတ်

နိုင်ငံခြားသားများ ဂျပန်နိုင်ငံသို့ရောက်လာပြီး ဂျပန်နိုင်ငံ၏ ခရက်ဒစ်ကတ်ကို ချက်ချင်းပြုလုပ်ရန်မှာ ခက်ခဲပါသည်။ ဖြစ်နိုင်ပါက အရေးပေါ်အသုံးစရိတ်အတွက် မိခင်နိုင်ငံ၏ ခရက်ဒစ်ကတ်ကို ယူဆောင်လာကြပါ။

မိုဘိုင်းလ်ဖုန်း

ဂျပန်နိုင်ငံတွင် မိုဘိုင်းလ်ဖုန်းဖြင့်ခေါ်ဆိုခြင်း၊ ဒေတာဖြင့်ဆက်သွယ်ခြင်းများ ပြုလုပ်ရန်အတွက် ဆက်သွယ်ရေးကုမ္ပဏီ (ကယ်ရီယာ) နှင့် စာချုပ်ချုပ်ဆိုပြီး လစဉ် အစီအစဉ်အလိုက် ကုန်ကျစရိတ်ကို ပေးဆောင်ရပါမည်။

ထိုအချိန်တွင်၊ မိုဘိုင်းလ်ဖုန်းများ (terminals) နှင့်ပတ်သက်၍ ကိုင်ဆောင်ထားသော SIM-free terminal ကို အသုံးပြုရန် သို့မဟုတ် ဆက်သွယ်ရေးအစီအစဉ်ဖြင့် စက်အသစ်ကို ဝယ်ယူရန် ရွေးချယ်နိုင်ပါသည်။ စက်ပစ္စည်းအသစ်ကို ဝယ်ယူလိုပါက ဂျပန်နိုင်ငံတွင် ကျင့်သားရလာပြီးမှ ဆိုင်နှင့် မော်ဒယ် (အမျိုးအစား) ကို ဝယ်ယူရန် အကြံပြုလိုပါသည်။

အဝတ်အစား

ဂျပန်နိုင်ငံ၏ ရာသီဥတုတွင် နွေဦး၊ နွေ၊ ဆောင်းဦးနှင့် ဆောင်းတို့ ရှိသည်။ ပူပြင်းသောနိုင်ငံမှ လူများအနေဖြင့် ဂျပန်နိုင်ငံ၏ဆောင်းရာသီကို အလွန်အေးသည်ဟု ခံစားရမည်ဖြစ်သည်။ ဆောင်းတွင်းဝတ် အဝတ်အစားကောင်းများကို ဂျပန်နိုင်ငံတွင် စျေးပေါပေါဖြင့် ရောင်းချသောကြောင့် အများကြီးယူဆောင်လာရန် မလိုအပ်သော်လည်း ကုတ်အင်္ကျီနဲ့ ဂျာကင်များမှာ အလွန်စျေးကြီးသောကြောင့် မိခင်နိုင်ငံရှိ အွန်လိုင်းရှော့ပင်စသည်တို့တွင် ဝယ်ယူပါက ပိုမိုစျေးသက်သာနိုင်ပါသည်။

မိခင်နိုင်ငံ၏စားသောက်ကုန်များ

ဂျပန်နိုင်ငံတွင်လည်း အာရှနိုင်ငံအသီးသီးမှ စားသောက်ဖွယ်ရာများကို ရောင်းချသည့် ဆိုင်များစွာရှိသည်။

ဂျပန်နိုင်ငံတွင် ဝယ်ယူနိုင်သော အာရှနိုင်ငံများ၏စားသောက်ဖွယ်ရာ ဥပမာများ

သို့သော် စျေးနှုန်းသည် မိခင်နိုင်ငံ၌ ဝယ်ယူသည့်စျေးနှင့် နှိုင်းယှဥ်ကြည့်ပါက နှစ်ဆနှင့်အထက် များသောကြောင့် မကြာခဏအသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်စသည်တို့ကို များများယူဆောင်လာသင့်ပါသည်။

ဆေးစသည်

အဖျားပျောက်ဆေး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာဆေးများစသည့် မိမိသုံးစွဲနေသောဆေးအား သင့်လျော်သောပမာဏကို ယူဆောင်လာပါ။