
ဟင်းသီးဟင်းရွက်တွေ အများကြီးနဲ့ ချက်ပြုတ်တဲ့ ဂျပန်စတိုင်ဟင်းချို ချက်နည်းကို မိတ်ဆက်ပါမယ်။
ခဲန်းချင်းဂျိရု (Kenchin-jiru) ဟင်းချိုဟာ မူလအစတုန်းက အဓိဌာန်တရားကျင့်တဲ့ ဘုန်းတော်ကြီးတွေအတွက် ချက်ပြုတ်ပေးတဲ့ အသားငါးမပါတဲ့ ဟင်းလျာကနေ အစပြုခဲ့တာဖြစ်ပါတယ်။
ဒီအစီအစဉ်မှာတော့ ဟင်းသီးဟင်းရွက်တွေကို ဆီသတ်ပြီးတော့ ဘိုနီတိုငါးခြောက် (သို့မဟုတ်) ပုစွန်ခြောက်နဲ့ ဒါ့ရှိငါးအချိုမှုန့်၊ ရှီအိသားကေး လို့ခေါ်တဲ့ မှိုကနေရတဲ့ အရသာရည်တွေနဲ့ ချက်ပြုတ်ထားတဲ့ ဟင်းချိုရည်ကို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။
၄ယောက်စာအတွက်လိုအပ်သောပစ္စည်းများ
- မုန်လာဥဖြူ (၁၅၀) ဂရမ် (၄ စင်တီမီတာခန့်)
- မုန်လာဥနီ (၇၀)ဂရမ် (တစ်ပိုင်း)
- ပိန်းဥ (၂) လုံး
- ရှီအိသားကေးမှိုခြောက် (၂) ခု
- ပဲပြား (၁၅၀) ဂရမ် တစ်တုံး
- နှမ်းဆီ စားပွဲတင်ဇွန်း (၂) ဇွန်း
- ဘိုနီတိုငါးခြောက်ပြုတ်ရည် (သို့မဟုတ်) ဒါ့ရှိငါးမှုန့်အချိုရည် (၈၀၀ မီလီလီတာ)

(ဒါ့ရှိအချိုရည်လုပ်ရန်)
- ရှီအိသားကေးမှိုအချိုရည် (သို့မဟုတ်) ဘိုနီတိုငါးအချိုရည် (သို့မဟုတ်) ပုစွန်ခြောက်ပြုတ်ရည် (၁၀၀ မီလီလီတာ)
- ပဲငံပြာရည် စားပွဲတင်ဇွန်း (၁) ဇွန်း
- ဆား လက်ဖက်ရည်ဇွန်းဝက်
- ကြက်သွန်နီမြိတ် (၂) ပင်
- သံပုရာခွံ အနည်းငယ်
- ငရုတ်သီးမှုန့် အနည်းငယ်
