ဆောင်းရာသီမှာ အရာသာအရှိဆုံးဖြစ်လာတဲ့ Tara ငါးနဲ့ပြုလုပ်တဲ့ Chiri ဟော့ပေါ့ကို မိတ်ဆက်ပေးမှာပါ။
Chiri ဟော့ပေါ့ဆိုတာကတော့ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ ပဲပြား စတာတွေကို ရေနဲ့ပြုတ်ပြီး ရှောက်/သံပရာ အရည် သုံးထားတဲ့ ponzu လို့ခေါ်တဲ့ ချိုချိုချဥ်ချဥ် ရှာလကာရည်နဲ့ တို့စားတဲ့ ဟော့ပေါ့ဖြစ်ပါတယ်။
အစာအားလုံး စားပြီးတဲ့အခါ မှာ ဟော့ပေါ့အိုးထဲမှာ ကျန်တဲ့ အရည်ထဲကို ထမင်းထည့်ပြီး ပြုတ်စားတဲ့ shime လို့ခေါ်တဲ့ စားနည်းကိုလည်း ပြောပြပေးသွားမှာပါ။
၄ ယောက်စာအတွက်လိုအပ်သောပစ္စည်းများ
- Tara ငါး(ငါးကြီးဆီငါး) အသားလွှာ (၄) တုံး (၄၀၀ ဂရမ်)
- ပဲပြား (၁) တုံး (၃၀၀ ဂရမ်)
- မုန်ညင်းထုပ်ရွက် (၄) ရွက် (၄၀၀ ဂရမ်)
- ဂျပန်ကြက်သွန်မြိတ် (၁) ပင်
- (၈) စင်တီမီတာ ပတ်လည်ရှိ kombu ရေညှိခြောက်ပြားတစ်ပြား
- ဆားအနည်းငယ်
(Ponzu အချဥ်ရည်အတွက်)
- Yuzu လိုမျိုး ရှောက်/သံပရာ အသီးရဲ့ အချဥ်ရည် စားပွဲတင်ဇွန်း (၁) ဇွန်း
- ရှာလကာရည် စားပွဲတင်ဇွန်း (၁) ဇွန်း
- ပဲငံပြာရည် စားပွဲတင်ဇွန်း (၂) ဇွန်း
- ရေ စားပွဲတင်ဇွန်း (၂) ဇွန်း
(ဆန်ပြုတ်)
- ထမင်းအေး (၁၅၀) ဂရမ်
- ကြက်ဥ (၁) လုံး
- ကြက်သွန်မြိတ် (၄) ပင်
- ဆားအနည်းငယ်
- ပဲငံပြာရည် အနည်းငယ်
Time needed: 1 hour
ကြိုတင်ပြင်ဆင်ရန်
- အချဥ်ရည်လုပ်ပါမယ်။
အရင်ဆုံး ponzu အချဥ်ရည် လုပ်ပါမယ်။ yuzu လိုမျိုး ရှောက်/သံပရာသီးကို ထက်ခြမ်းခြမ်းပြီး အရည်ညှစ်ပါမယ်။ ရှောက်ရည် စားပွဲတင်ဇွန်း တစ်ဇွန်း လောက်ကို ရှာလကာရည်၊ ပဲငံပြာရည်၊ ရေတို့နဲ့ ရောပါ။
- ငါးကို လှီးမယ်။
Tara ငါးကို (၃) စင်တီမီတာ (သို့မဟုတ်) (၄) စင်တီမီတာအရွယ် အသားလွှာ လေးတွေဖြစ်အောင် လှီးပါ။ ဆားကို လက်ဖက်ရည်ဇွန်းရဲ့ သုံးပုံနှစ်ပုံလောက် ဖြူးပြီး မိနစ် (၃၀) လောက် နှပ်ထားလိုက်ပါ။ ပဲပြားကို အရှည်လိုက် ထက်ခြမ်း ခြမ်းပြီး အလျား (၂) စင်တီတာရှိတဲ့ အတုံးလေးရအောင် လှီးပါ။
- အသီးအရွက်တွေလှီးမယ်။
မုန်ညင်းထုပ်ရွက်ကို (၆) စင်တီမီတာ အရှည်လှီးပါ။ အဖြူရောင် ရိုးတံကို အလျား (၁) စင်တီမီတာ အရှည်လှီးပြီး အရွက်တွေကို အလျား (၂) စင်တီမီတာ လောက် လှီးပါ။ ဂျပန် ကြက်သွန်မြိတ်ကို (၅) စင်တီမီတာအရွယ် အကွင်းလိုက် လေးတွေ ဖြစ်အောင်လို့ အစောင်းလိုက်လေး လှီးပါ။ ကြက်သွန်မြိတ်ကိုလည်း နုပ်နုပ်စဉ်းပါ။
- တည်မယ်။
အိုးထဲ ရေ (၁) လီတာထည့်ပါ။ Kombu ရေညှိဖတ်ကို အဝတ်စနဲ့ သုတ်လိုက်ပြီး အိုးရဲ့ အောက်ခြေကို ထည့်ပါ။ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ထည့်ပြီး မီး အနေတော်နဲ့ အပူပေးပါ။ ရေဆူလာရင် မုန်ညင်းရွက်အရိုး ထည့်ပါ။ နောက်ပြီး မုန်ညင်းရွက်တွေ ထည့်ပါ။ ပြီးရင် ပဲပြားထည့်ပါ။
- မီးချိန်မယ်။
အပေါ်ဆုံးမှာ ငါးအသားလွှာ ထည့်ပြီး (၄) မိနစ်၊ (၅) မိနစ်လောက် တည်ထားပါ။ ဟော့ပေါ့ ကျက်မသွားခင် (၁) မိနစ်အလိုလောက်မှာ ဂျပန် ကြက်သွန်မြိတ် ထည့်ပါ။ (၁) မိနစ်လောက်နေရင် မီးပိတ်လိုက်ပါ။
- ဟော့ပေါ့စားမယ်။
တစ်ယောက်စာ ပန်းကန်လုံးလေးတွေထဲ ကိုယ့်ဟာကိုယ် ဟော့ပေါ့ထည့်ပြီး ponzu ချဥ်ရည် ဆမ်းကာ စားသုံးနိုင်ပါပြီ။ Ponzu ချဥ်ရည်ကို ပန်းကန်းပြားအသေးလေးထဲ ထည့်ကာ တို့ပြီးလည်း စားသုံးနိုင်ပါတယ်။
- ဆန်ပြုတ်
ဟော့ပေါ့အိုးထဲမှာ ကျန်တဲ့ ဟင်းရည်နဲ့ ဆန်ပြုတ် လုပ်လို့ရပါတယ်။ အိုးထဲက ကျန်နေတဲ့ အဖတ်ကြီးတွေကို ထုတ်ပြီး ဟော့ပေါ့ရည် (၄၀၀) မီလီလီတာကို အပူပေးပါ။ ရေကို လိုအပ်သလောက် ထည့်ပါ။
- မြည်းကြည့်ပါ။
ဆားနဲ့ ပဲငံပြာရည် ထပ်ထည့်ပြီး အပေါ့အငန် ညှိပါ။ ပြီးရင် ထမင်းအေးကို အိုးထဲ ထည့်ပါ။
- နောက်ဆုံးသုံးဆောင်နိုင်ပါပြီ။
ပန်းကန်လုံးထဲမှာ ကြက်ဥတစ်လုံးထည့်ပြီး ခေါက်လိုက်ပါ။ တူကို ပန်းကန်လုံး နှုတ်ခမ်းနားမှာ တေ့ထားပြီး ကြက်ဥနှစ်ကို ကြိုးပုံစံနဲ့တူအောင် တူတစ်လျှောက်စီးစေကာ အိုးထဲကို ထည့်ပါ။ နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်မြိတ်ကို ဖြူးပြီး မီးပိတ်လိုက်ပါ။ ဆန်ပြုတ်ကို ပန်းကန်လုံးတွေထဲ ထည့်ပြီး စားသုံးနိုင်ပါပြီ။