ရှခိုတန် ကျွန်းဆွယ် (Shakotan Peninsula)

(၁၈၅၅) ခုနှစ်အထိ ရှခိုတန်ကျွန်းဆွယ်ပေါ်က အငူကို အမျိုးသမီးတွေ လာခွင့်မရှိခဲ့ပါဘူး။ ရှခိုတန်ကျွန်းဆွယ်မှာ ပင်လယ်စာလည်းပေါပါတယ်။

ဟိုကိုင်းဒိုးရဲ့ အနောက်ဘက်မှာတည်ရှိပြီး ဂျပန်ပင်လယ်ပြင်ဘက်ကို မျက်နှာမူနေတဲ့ ကျွန်းဆွယ်ပါ။ Shakotan ကျွန်းဆွယ်ဟာ (၄၂) ကီလိုမီတာလောက်ရှည်ပါတယ်။ 

Kamui အငူ

Kamui အငူကနေကြည့်လိုက်ရင် ရပ်သပ်ရှုမောဖွယ်ရာမြင်ကွင်းကို မြင်ရမှာပါ။

Shakotan Blue (ရှခိုတန် အပြာရောင်) ကိုမြင်ရတဲ့ Kamui အငူ

အဲဒီကနေမြင်ရတဲ့ ပင်လယ်ပြင်ရဲ့အရောင်ကိုတောင် Shakotan Blue (ရှခိုတန် အပြာရောင်) လို့ သီးသန့်တင်စားခေါ်ဝေါ်ကြပါတယ်။

ရှခိုတန်ကျွန်းဆွယ်မှ မြင်ကွင်း

Kamui ဆိုတာ အိုင်းနုလူမျိုးတွေရဲ့ ဘာသာစကားနဲ့ နတ်ဘုရားလို့ အဓိပ္ပာယ်ရပါတယ်။ 

Kamui အငူ အနီးတဝိုက်

(၁၈၅၅) ခုနှစ်အထိ ရှခိုတန်ကျွန်းဆွယ်ပေါ်က အငူကို အမျိုးသမီးတွေ လာခွင့်မရှိခဲ့ပါဘူး။ ရှခိုတန်ကျွန်းဆွယ်မှာ ပင်လယ်စာလည်းပေါပါတယ်။

Uni လို့ခေါ်တဲ့ သံပခြုပ်ကောင်

အပေါဆုံးကတော့ Uni လို့ခေါ်တဲ့ သံပခြုပ်ကောင်တွေပါပဲ။ အစိမ်းလည်းစားလို့ရသလို ဂျပန်ဟင်းလျာအနေနဲ့ အမျိုးမျိုးရနိုင်ပါတယ်။

神威岬

Kozakicho, 046-0321, Japan

https://www.kanko-shakotan.jp/

ဇွန်လမှာ သံပခြုပ်ကောင်တွေပေါပြီး ဆောင်းဦးပေါက်လာရင် ဆောလ်မွန်ငါးတွေပေါပါတယ်။

ဒေသထွက် ငါးအမျိုးမျိုးကိုလည်း လတ်လတ်ဆတ်ဆတ် မြည်းစမ်းကြည့်နိုင်ပါတယ်။

(နွေရာသီ) Sapporo Station Terminal က Hokkaido Chuo Bus လိုင်း၊ Shakotan ကိုပြေးဆွဲနေတဲ့ အဝေးပြေးကားကိုစီးပါ။ Mikuni မှာ ဆင်းပါ။ နှစ်နာရီလောက် စီးရပါမယ်။

(မေလမှ နိုဝင်ဘာအထိ) JR Yoichi ဘူတာကနေပြီးတော့ Kamui ကိုသွားတဲ့ ဘတ်စ်ကားကို စီးပါ။