ဖေဖော်ဝါရီလ ၁၄ရက်နေ့ ဗာလင်တိုင်းနေ့နဲ့ လိုက်ဖက်တဲ့ အသည်းပုံ “ချောကလက် ယောကန်”မုန့်ကို လုပ်ရအောင်။ ယောကန်ဆိုတာ ဂျပန်မုန့်တွေကို ကိုယ်စားပြုတဲ့ ကျောက်ကျောလို မုန့်တစ်မျိုးဖြစ်ပြီး သာမန်အားဖြင့် အချိုပြုတ်ထားတဲ့ ပဲကို ကျောက်ကျောနဲ့ ခဲအောင် လုပ်ကြပေမဲ့ ဒီတစ်ခါမှာတော့ ချောကလက် အရသာနဲ့ ယောကန်ဖြစ်ပြီး ဂျုံမှုန့်ကိုထည့် ရေနွေးငွေ့နဲ့ပေါင်းပြီး လုပ်ပါမယ်။
၄ယောက်စာအတွက်လိုအပ်သောပစ္စည်းများ

၄ယောက်စာအတွက်လိုအပ်သောပစ္စည်းများ
. ကိုကိုးအမှုန့် စားပွဲဇွန်း ၂ ဇွန်း
. သကြား စားပွဲဇွန်း ၃ ဇွန်း
(၂၆ ဂရမ်)
. ထောပတ် ၁၅ ဂရမ်
. အလွယ်ဖျော် ကော်ဖီမှုန့်
လက်ဖက်ရည်ဇွန်း ၁ ဇွန်း
. ရေနွေးပူ စားပွဲဇွန်း ၂ ဇွန်း
. နွားနို့ ၁၀၀ မီလီလီတာ
. ဂျုံမှုန့် စားပွဲဇွန်း ၅ ဇွန်း
(၃၃ ဂရမ်)
. တန်ဆာဆင်ရန် ကိုကိုးအမှုန့် အနည်းငယ်
ကြိုတင်ပြင်ဆင်ရန်
1.ကိုကိုးအမှုန့်နဲ့ သကြားကို ဇလုံထဲထည့်ပြီး ကောင်းကောင်းရောပါ။ အလွယ်သုံး ကော်ဖီမှုန့်ကို ရေနွေးပူနဲ့ ဖျော်ထားပါ။
2.အကြော်အိုးထဲမှာ ထောပတ်ကို ထည့်ပြီး မီးပျော့ပျော့နဲ့ အရည်ဖျော်ပါ။ ထောပတ် ပျော်ပြီဆိုရင် မီးကိုပိတ်လိုက်ပါ။ အဲဒီ ထောပတ်အရည်ထဲကို ကိုကိုးအမှုန့်နဲ့သကြား ရောထားတာကိုထည့်ပြီး မွှေပါ။ ကော်ဖီအရည်ကိုလည်း ထည့်ပြီး မီးနဲ့ အပူပေးပါ။ ချောမွေ့သွားပြီဆိုရင် မီးကို ပိတ်လိုက်ပါ။ ချောကလက် ရပါပြီ။

3.ချောကလက်အရည်ထဲကို နွားနို့အေးအေးကိုထည့်ပါ။ သမအောင်မွှေပြီးရင် ဇလုံထဲမှာထည့်ထားတဲ့ ဂျုံမှုန့်ထဲကို ၃ကြိမ်ခွဲပြီး ထည့်ရင်း မွှေပါ။ မွှေပြီးရင် ဆန်ခါနဲ့ ထပ်ပြီးစစ်ပါ။ ယောကန် အရည် ရပါပြီ။
4.၁၄စင်တီမီတာ ပတ်လည်ရှိတဲ့ အပူခံတဲ့ (ဖန်)ခွက် ဒါမှမဟုတ် သတ္တုပုံစံခွက်ထဲမှာ မီးဖိုချောင်သုံး ပလတ်စတစ် အပြားကိုခင်းပြီး မျက်နှာပြင်ကို ရေစွတ်ပါ။ အဲဒီအပေါ်ကနေ ယောကန်အရည်တွေကို လောင်းထည့်ပါ။
5.ပေါင်းအိုးကို ရေဆူအောင်တည်ပြီး ယောကန်ထည့်ထားတဲ့ ခွက်ကို ထည့်ပြီး အဝတ်စခံပြီး အဖုံးကိုအုပ်ပါ။ ရေနွေးငွေ့တွေလျှံထွက်လာရင် မီးပျော့ပျော့ဖြစ်အောင် လျော့လိုက်ပြီး ၁၅မိနစ်ကနေ ၂၀မိနစ် ပေါင်းပါ။ အရည်ကို တုတ်ချွန်နဲ့ ထိုးကြည့်ပြီး တုတ်မှာ မုန့်သားကပ်ပါမလာတော့ဘူးဆိုရင် မီးကို ပိတ်လိုက်ပါ။ ပေါင်းအိုးက ထုတ်ယူလိုက်တဲ့ ယောကန်ပေါ်မှာ ပလတ်စတစ်ပြားအုပ်ပြီး ရေခဲသေတ္တာထဲမှာ နာရီဝက်လောက် အအေးခံပါ။
6.အေးသွားရင် အသည်းပုံ မုန့်လှီးတဲ့ ပုံစံခွေမှာ ကိုကိုးအမှုန့်ကို ဖြူးလိုက်ပြီး ယောကန်ကို ဖြတ်ထုတ်ယူပါ။ ရလာတဲ့ ယောကန်တွေကို ဗန်းထဲထည့်ပြီး အပေါ်က ကိုကိုးအမှုန့်ဖြူးလိုက်ရင် ရပါပြီ။
